EOS 6D Mark II နှင့် ကင်မရာအသစ်တမျိုးကို ကန်နွန်မိတ်ဆက်မည်

ကန်နွန်
Image credits: Dave Dugdale
Unicode Version | Zawgyi-One Version

ကန်နွန်မှာ 2017 အတွက်အံ့သြဖွယ်ကောင်းတဲ့အစီအစဉ်တွေရှိပါတယ်။ entry-level full-frame ဖြစ်တဲ့ EOS 6D ကိုအစားထိုးမယ့်ကင်မရာအပြင် နာမည်မပေးရသေးတဲ့ EOS DSLR တစ်လုံးကိုမိတ်ဆက်မယ်လို့မျှော်လင့်ရပါတယ်။

Canon Rumors လို့ခေါ်တဲ့ website ကရရှိတဲ့သတင်းပါ။ ပထမတစ်ပုဒ်က အနည်းငယ်စိတ်ပျက်ဖို့ကောင်းပါတယ်။ Canon 6D Mark II ကို 2016 မှာ မိတ်ဆက်မယ်လို့ထင်ကြေးပေးနေကြတာ လုံးဝမှားတယ်လို့ပြောပါတယ်။ အခုတော့ 6D အသစ်ကို 2017 မှာထွက်မယ်လို့လျှာထားပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့စိတ်လုပ်ရှားဖွယ်ကာင်းတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါကတော့ နာမည်အသစ်နဲ့ EOS DSLR တစ်လုံးထွက်ပါမယ်။ ယခင်ကကန်နွန်ထုတ်ပြဖူးတဲ့ နမူနာအမျိုးအစားတွေထဲကမဟုတ်ပါဘူး။ လုံးဝမမြင်ဖူးတဲ့အသစ်တမျိုးပါ။

ထွက်မယ့်အချိန်က 2017 မှဆိုတော့ အသေးစိတ်ဘာမှမသိရသေးပါဘူး။ နောက်သတင်းတွေထွက်ရင်ဆက်တင်ပေးပါမယ်။ အခုအချိန်မှာတော့ ပိုက်ဆံပဲစုထားလိုက်ပါ။

Via PetaPixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*