Erik Johansson ရဲ့Fine Art လက်ရာကောင်းများ သို့မဟုတ် Surreal Photography

Fishy Island by Erik Johansson
Unicode Version | Zawgyi-One Version

တစ်စုံတစ်ယောက်ကများ တည်ငြိမ်နေတဲ့ကန်ရေပြင်ကို အစိတ်စိတ်အမွှာအမွှာကွဲထွက်သွားအောင် လုပ်နိုင်ပါ့မလား? မေးခွန်းကောင်းတစ်ခုပါ။ တကယ်တော့ Surreal Photography နဲ့ဆိုရင် စွမ်းဆောင်နိုင်ပါတယ်။

ချက်ရီပတ်ဘလစ်နိုင်ငံ အခြေစိုက် အဲရစ် ယွန်ဟန်ဆန် (Erik Johansson) လို့အမည်ရတဲ့ ဆွီဒင်လူမျိုး ဓာတ်ပုံဆရာ (ခ) ပုံရိပ်ယောင် ပညာရှင်တစ်ဦးက သူ့ရဲ့ Hasselblad H5D-40 နဲ့ မှန် ၁၇ ချပ်ကိုအသုံးချပြီး အထက်ပါ မေးခွန်းကို ဖြေသွားခဲ့တာကို ကျွန်တော်တို့ရှာတွေ့ခဲ့ပါတယ်။

“ကျန်ခဲ့တဲ့လပေါင်းများစွာကတည်းက ကျွန်တော်ဖန်တီးခဲ့တဲ့ ပုံရိပ်တစ်ခုပါ။ ရေကန်တစ်ကန်က မှန်တစ်ချပ်လိုကွဲထွက်သွားတာမျိုးကို လိုချင်ခဲ့လို့ ဖန်တီးခဲ့တာပါ” လို့ အဲရစ်က 500px ဝဘ်ဆိုက်မှာတင်ထားတဲ့ ဓာတ်ပုံမှာ စာညွှန်းတပ်ခဲ့ပါတယ်။ “ဒီဖန်တီးမှုကိုစတင်ပြင်ဆင်ကတည်းက တကယ့်အပြင်က အမြင်အတိုင်းနဲ့ ထပ်တူညီသလိုဖြစ်စေဖို့အတွက် ကျွန်တော်စီစဉ်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် ၁၇ စတုရန်းမီတာလောက်ရှိတဲ့ မှန်ချပ်တွေရယ် လှေတစ်စီးရယ် နဲ့ မော်ဒယ်တစ်ယောက်ရယ် ကို ရိုက်ကွင်းကိုသယ်သွားခဲ့ပါတယ်။”

ထွက်လာတဲ့ ရလဒ်လား? အောက်ပါ ပုံကိုကြည့်ပါ ကျွန်တော်တို့အားလုံးကို မျက်စိလည်သွားစေပါတယ်။

Impact by Erik Johansson on 500px.com

သူ့ရဲ့ ဓာတ်ပုံဖန်တီးမှုဖြစ်စဉ် တစ်ခုလုံးကို အောက်ပါ ဗီဒီယိုဖိုင်မှာတွေ့နိုင်ပါတယ်။ သင်တစ်ခါမှမမြင်ဖူးတဲ့ ရေကန်ကြီးတစ်ကန် အစိတ်စိတ်အမွှာအမွှာ ကွဲသွားသယောင် ဓာတ်ပုံအနုပညာဖန်တီးချက်ကို ကြည့်ရှုဖို့ အဆင်သင့်သာ ပြင်ဆင်ထားလိုက်ပါ။

ဟိုးအရင်ကတည်းက ကျွန်တော်တို့တတွေကို အံ့အားသင့်သွားအောင် အဲရစ်က သူ့ရဲ့ မတူညီတဲ့ အမြင်နဲ့ ကွဲပြားတဲ့ ဓာတ်ပုံပညာတွေ အနုပညာတွေကို အသုံးပြုပြီး အမြဲတမ်းဖန်တီးပြခဲ့ပါတယ်။ သူ့ရဲ့ 500px အထ္ထုပတ္တိမှာတောင်မှ “ကွဲပြားမှုကိုထိန်းသိမ်းပါ” လို့ရေးပြီး ကျွန်တော်တို့ကို အကြံပေးထားပါတယ်။

ဖန်တီးမှုလက်ရာများ

အဲဒီအချက်ကို သတိရလို့ ကျွန်တော်တို့ သူ့ရဲ့ စိတ်ကြိုက်လက်ရာတွေ ကျန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက ကျွန်တော်တို့ကို မျှဝေခဲ့တာတွေ ကို စုဆောင်းခဲ့ပါတယ်။ အောက်ပါ ပုံတွေကတော့ သူ့ရဲ့ Fine Art အနုပညာဖန်တီးမှုတွေက နောက်အဆင့်တစ်ခုကို ရောက်သွားပြီဆိုတာ ဖော်ပြနေပြီး တကယ့်ကိုပဲ ကျွန်တော်တို့ကို လွှမ်းမိုးစေပါတယ်။

Endless Reflections by Erik Johansson on 500px.com

the Architect by Erik Johansson on 500px.com

Set them free by Erik Johansson on 500px.com

Expecting Winter by Erik Johansson on 500px.com

Snow cover by Erik Johansson on 500px.com

Don

Electric guitar by Erik Johansson on 500px.com

Dreamwalker by Erik Johansson on 500px.com

End of Line by Erik Johansson on 500px.com

Breaking up by Erik Johansson on 500px.com

Walk a way by Erik Johansson on 500px.com

 

Breaking up by Erik Johansson on 500px.com

နောက်ဆက်တွဲ

အဲရစ်ရဲ့ လက်ရာတွေက ခင်ဗျားနှလုံးခုန်သံကို ရပ်တန့်သွားစေနိုင်လောက်မှာဖြစ်ပြီး ကြည့်ရှုချင်တယ်ဆိုရင်တော့ 500px မှာ Erik Johansson ကို follow လုပ်ပါ သို့မဟုတ် သူ့ရဲ့ ဝဘ်ဆိုက် ကို သွားကြည့်လိုက်ပါ။

REF: iso.500px.com, http://www.erikjohanssonphoto.com/


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*