Gopro ရဲ့ Karma drone တွေ ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်လာပါပြီ

Unicode Version | Zawgyi-One Version

Gopro ရဲ့ Karma drone တွေ ဈေးကွက်ထဲ ပြန်ဝင်ရောက်လာပါပြီ။

Karma တံဆိပ် drone ကို action camera ကုမ္ပဏီဖြစ်တဲ့ Gopro ကနေ ယမန်နှစ် အောက်တိုဘာ လကုန်မှာ ဈေးကွက်တင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အချိန်တိုအတွင်းမှာ ပါဝါပြဿနာကြောင့် ကောင်းကင်မှပြုတ်ကျတဲ့အဖြစ်တွေရှိခဲ့လို့ ဈေးကွက်ကို တင်ပို့ပြီးသားဖြစ်တဲ့ drone ပေါင်း ၂၅၀၀ လောက်ကို Gopro က ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။

CES 2017 ပွဲမှာတော့ GoPro ကနေ drone တွေရဲ့ ဘထ္တရီပြဿနာကို ဖော်ထုတ်ပြသခဲ့ပြီါ် အလျင်အမြန်ဆိုသလိုပဲ ပြင်ဆင်သွားမယ်လို့ဆိုခဲ့ပါတယ်။ ထို့အတွက် ကျန်ခဲ့တဲ့ တနင်္လာနေ့မှာတော့ GoPro ကနေ ဘထ္ထရီကို ဒီဇိုင်းအသစ်ဆွဲထားတားတဲ့ Karma Drone တွေကို ဈေးကွက်ထဲ ပြန်ရောက်လာပါပြီလို့ ကြေငြာခဲ့ပါတယ်။

GoPro.com နဲ့ အမေရိကန်နိုင်ငံက ဆိုင်အချို့မှာ စတင်ရောင်းချပြီးဖြစ်ပေမယ့် နိုင်ငံရပ်ခြားက ဖောက်သည်တွေအတွက်ကတော့ အချိန်အနည်းငယ် ထပ်စောင့်ရပါဦးမယ်။ ဈေးနှုန်းကတော့ ယခင်အတိုင်း မပြောင်းလဲဘဲ အမေရိကန်ဒေါ်လာ ၇၉၉.၉၉ (GoPro Hero5 ကင်မရာမပါ) နဲ့ အမေရိကန်ဒေါ်လာ ၁၀၉၉.၉၉ (GoPro Hero 5 ကင်မရာတွဲလျက်) ဖြစ်ပါတယ်။

Karma ကို ယမန်နှစ် စက်တင်ဘာလတုန်းက ထုတ်ဖော်ပြသခဲ့ချိန်ကတည်းက သူ့ရဲ့ ခေါက်သိမ်းလို့ရတဲ့ ဒီဇိုင်း၊ ဖြုတ်တပ်လို့ရတဲ့ Karma Grip လက်ကိုင် ကင်မရာ stabilizer တို့အပြင် အသုံးပြုရလွယ်တဲ့ controller ကြောင့် ကျွန်တော်တို့ အလွန်လေးစားခဲ့ပါတယ်။

Drone ထုတ်လုပ်ရာမှာ ထိပ်တန်းဖြစ်တဲ့ DJI ရဲ့ Phantom4 နဲ့ Phantom4 Pro တို့လိုမျိုး auto-follow နဲ့ object avoidance လုပ်ဆောင်မှု နှစ်ခုကို GoPro ရဲ့ Karma မှာ ပါဝင်လာစေဖို့ ကျွန်တော်တို့တတွေ ဆန္ဒှရှိခဲ့ပါတယ်။

Karma က အလွယ်တကူခေါက်သိမ်းလို့ရတဲ့ drone အဖြစ် ပထမဆုံးထွက်လာပေမယ့် အချိန်တိုအတွင်းမှာ ဈေးကွက်အတွင်းက ပြန်သိမ်းခဲ့ရလို့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ DJI ရဲ့ Mavic Pro ကိုအခွင့်အရေးပေးလိုက်ရပြီး Mavic Pro က ပိုမိုသေးငယ်တဲ့ အလွယ်တကူခေါက်သိမ်းလို့ရတဲ့ drone အဖြစ် ထွက်လာပါတော့တယ်။ ထို့အတွက်ကြောင့် Karma အနေနဲ့ Mavic Pro ကို ထိရောက်စွာ ယှဉ်ပြိုင်နိုင်ဖို့အတွက် များစွာထပ်မံပြင်ဆင်ရပါဦးမယ်။

DJI ကို GoPro က Karma နဲ့အမီလိုက်ဖို့ဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။ ခုချိန်မှာတော့ Karma တွေ ဈေးကွက်အတွင်းပြန်လည်ဝင်ရောက်လာတာကိုပဲ ကျွန်တော်တို့ ဝမ်းမြောက်လှပါပြီ။

REF: Mashable

ကောင်းကင်မှပျက်ကျတဲ့ GoPro Karma ဗီဒီယိုဖိုင်ကို ဒီမှာကြည့်ပါ။

GoPro Karma Drone ကို ဈေးကွက်မှ ပြန်သိမ်းယူတဲ့သတင်းကို ဒီမှာဖတ်ပါ။


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*