GoPro ရဲ့ Karma Drone များကို ပါဝါပြဿနာကြောင့် ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူ

Unicode Version | Zawgyi-One Version

GoPro ရဲ့ထုတ်ကုန်အသစ်တွေအတွက်တော့ ယခုနှစ်က တာထွက်မကောင်းတဲ့နှစ်လို့ ပြောရမလိုဖြစ်နေပါတယ်။ ယခုနှစ် တတိယ နှစ်ပိုင်းထုတ်ပြန်ချက်တွေအရ GoPro ရဲ့ ဈေးကွက်အတွင်းဆုံးရှုံးမှုက ဒေါ်လာသန်း ၅၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကာလက GoPro ရဲ့ ပထမဆုံး Drone ဖြစ်တဲ့ Karma ကို DJI ရဲ့ Mavic Pro Drone နဲ့ ရက်သိပ်မကွာဘဲ ဈေးကွက်တင်သွင်းတဲ့ အချိန်ကာလဖြစ်သလို Mavic Pro ရဲ့ တာထွက်ကလည်းပိုကောင်းခဲ့ပါတယ်။ ယခုတစ်ခါလည်း GoPro ရဲ့ Karma မှာ ပါဝါ ပြဿနာရှိတယ်လို့ အသံထွက်လာတဲ့အတွက် Drone မှာယူမှုတွေရပ်တန့်ကုန်ပါတယ်။

GoPro Karma ရဲ့စွမ်းဆောင်နိုင်မှုနဲ့ပက်သက်ပြီး အတိကျညွန်းဆိုထားတဲ့ review တွေလည်းထွက်မလာနိုင်သေးပါဘူး။ အချို့ကတော့ ကျွန်တော်နောက်ဆုံးဆောင်းပါးမှာရေးခဲ့တဲ့ review ထက်တော့ သူတို့ရဲ့ Karma တွေက ပိုကောင်းတယ်လို့ဆိုပေမယ့်လည်း GoPro က သူတို့ရဲ့ Karma Drone တွေကို ဈေးကွက်အတွင်းက ပြန်လည်သိမ်းယူမယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်ခဲ့တဲ့အတွက် Karma အတွက်တော့ မျက်နှာပန်းမလှဖြစ်သွားပါတယ်။

Drone အသစ် ၂၅၀၀ လောက်ကို ဈေးကွက်အတွင်းက ပြန်လည်သိမ်းယူဖို့အတွက် GoPro က ကြေငြာခဲ့ပါတယ်။ Karma Dronန အချို့မှာ မောင်းနှင်နေစဉ်အတွင်း ပါဝါပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကံကောင်းစွာနဲ့ ယနေ့အချိန်အထိတော့ လူနဲ့ အခြားပစ္စည်းတွေကို ထိခိုက်ပျက်စီးစေတယ်ဆိုတဲ့ သတင်းကို မကြားမိသေးပါဘူး။ လက်ရှိအချိန်မှာတော့ လတ်တလောမှာယူထားတဲ့ အော်ဒါတွေကို ငွေအပြည့်ပြန်ပေးမှာဖြစ်ပြီး ပြဿနာကိုဖြေရှင်းပြီး ပြန်လည်ဈေးကွက်တင်ရောင်းချနိုင်ဖို့နေ့ရက်ကို အတည်မပြုနိုင်သေးပါဘူး။

ဒီထုတ်ပြန်ချက်ကြေငြာတဲ့အချိန်က အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲကို လူအများစိတ်ဝင်စားနေတဲ့ အချိန်ကာလဖြစ်နေတဲ့အတွက် လူအများသတိမထားမိအောင် တမင်များ ကြေငြာခဲ့သလားတောင် ထင်ရပါတယ်။ ကျွန်တော့် ကိုယ်ပိုင်စိတ်ရင်းအတိုင်းပြောရရင်တော့ ကျွန်တော့်အတွက် drone ရွေးပါဆိုရင် အဖြေက ရှင်းရှင်းလင်းလင်းထွက်သွားပါပြီ၊ ကျွန်တော့်အတွက် စိတ်ဒုက္ခရောက်မယ့် ရွေးချယ်မှုကို လုပ်မှာမဟုတ်ဘူးဆိုတာ အထင်အရှားပါပဲ။

REF: fstoppers


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*