GoPro ရဲ့ Karma Drone အချို့ကောင်းကင်မှပြုတ်ကျ (ဗီဒီယို)

Unicode Version | Zawgyi-One Version

GoPro က သူ့ရဲ့ Karma အမျိုးအစား Drone တွေကို ပါဝါပြဿနာကြောင့် ဈေးကွက်အတွင်းက တရားဝင်ပြန်သိမ်းတယ်ဆိုတဲ့သတင်းကို မကြားရသေးဘူးဆိုရင် ဒီမှာ ဖတ်ပါ။

GoPro ရဲ့ Karma Drone များကို ပါဝါပြဿနာကြောင့် ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူ

GoPro အတွက်ကတော့ သတင်းကောင်းတစ်ခုမဟုတ်ခဲ့ပါဘူး။

အချို့သောဗီဒီယိုတွေမှာ ပါဝါပြဿနာကြောင့် Karma Drone ကောင်းကင်ကနေ ပြုတ်ကျသွားတာကို အထင်အရှားတွေ့နိုင်ပါတယ်။ ဒီပြဿနာကိုကြည့်ရတာ တကယ့်ကို အစစ်အမှန်ပါဘဲ။ Drone တွေရဲ့ဈေးကွက်ထဲကို Karma Drone က နောက်ပိုင်းမှ ဝင်ရောက်လာခဲ့ပြီး အချို့သော အဓိက/မပါမဖြစ် လုပ်ဆောင်ချက်တွေဖြစ်တဲ့ အတားအဆီးတွေကို တိမ်းရှောင်နိုင်မှုနဲ့ follow me လို့ခေါ်တဲ့ အသုံးပြုသူရဲ့ နောက်ကနေ လိုက်လံရိုက်ကူးနိုင်တာ စတဲ့ အချက်တွေ မပါဝင်လာပါဘူး။ Karma Drone ကို review လုပ်နေတဲ့အချိန်တုန်းကလည်း ဘတ္ထရီအားကုန်သွားတာ လျင်မြန်တာကို သတိထားမိပါတယ်။ GoPro ကတော့ မိနစ် ၂၀ လောက် ပျံသန်းလို့ရတယ်လို့ ဆိုထားပါတယ်။

Drone ဈေးကွက်ထဲကို နောက်မှရောက်လာတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ အမျိုးအစားဖြစ်သင့်တယ်လို့မျှော်လင့်ထားကြပါတယ်။ သို့ပေမယ့်လည်း ခုချိန်အထိတော့ Karma က အဲလိုမျိုးကို မစွမ်းဆောင်နိုင်သေးပါဘူး။ အကယ်လို့များ သိပ်မကြာခင်မှ ဈေးကွက်ထဲ ဖြန့်ချိခဲ့ရင် ဈေးကွက်ထဲမှာ နေရာရဖို့ ရုန်းကန်ရနိုင်ပါတယ်။

Karma ရဲ့ တစ်ခုတည်းသောကောင်းကွက်ကတော့ ကင်မရာမော်ဒယ်အသစ်ထွက်လာရင် အလွယ်တကူနဲ့ ပြောင်းလဲ တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်တစ်ချက်တည်းနဲ့ပဲ Karma ကိုဈေးကွက်ထဲမှာ ရပ်တည်နိုင်အောင် ကူညီနိုင်ပါ့မလား? DJI Mavic Pro နဲ့ Karma ကို specs, လုပ်ဆောင်ချက်တွေ နှိုင်းယှဉ်ကြည့်တဲ့အခါ DJI Mavic Pro က အသာကြီးဆိုတာတွေ့နိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ခင်ဗျား Karma ရဲ့သတင်းကိုမကြားသေးရင် ခင်ဗျားရဲ့ Karma ကို GoPro ဆီပြန်ပေးပြီး ငွေပြန်ထုတ်လိုက်ပါလို့ အကြံပေးပါရစေ။ လက်တလောမှာလည်း Karma Drone တွေကို ဈေးကွက်ထဲ ဘယ်ချိန်ပြန်လည်ရောင်းချမယ်ဆိုတာ မသိရသေးပါဘူးခင်ဗျာ။

REF: fstoppers


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*