Hasselblad နဲ့ DJI တို့ရဲ့ A5D-50c ကောင်းကင်ရိုက်ကင်မရာ နဲ့ Matrice 600 ဒရုန်း

ဒရုန်း
Unicode Version | Zawgyi-One Version

Hasselblad နဲ့ DJI ဟာ အကျိုးတူပူးပေါင်းလုပ်ဆောင်မယ်လို့ 2015 မှာကြေညာပြီးနောက် ဒရုန်းနဲ့ကင်မရာတစ်တွဲကို မိတ်ဆက်လိုက်ပါတယ်။

ဒီအတွဲမှာ ကျစ်လစ်၊ ခေတ်ပေါ်ဒီဇိုင်းရှိပြီး ကမ္ဘာ့အကောင်းဆုံးမှန်နဲ့ ဆန်ဆာတွေပါတဲ့ Hasselblad ရဲ့ 50MP CMOS A5D-50c ကောင်းကင်ရိုက်ကင်မရာ နဲ့ Matrice 600 ခေါ် DJI ရဲ့ ဒရုန်းအသစ် တို့တွဲထားပါတယ်။

ဒီဒရုန်းကင်မရာရဲ့ ဆနဆာဟာ 35mm DSLR ကင်မရာရဲ့ဆန်ဆာတွေထက်နှစ်ဆနီးပါးပိုမိုကြီးမားပြီး သူ့ရဲ့ A5D lens ကတော့ 50mm lens ပါ။

ဟယ်ဆာဗလက်
The Hasselblad A5D (image credit: DigitalRev)

A5D စီးရီး ကောင်းကင်ရိုက်ကင်မရာကို Hasselblad က 2015 မှာမိတ်ဆက်ခဲ့ပါတယ်။ လွန်စွာတိကျတဲ့ ပုံတွေရရှိစေဖို့ A5D ရှစ်လုံးကို 20us ထိ synchronise လုပ်လို့ရပါတယ်။ lens ကတော့ HC 50mm f/3.5 lens ကို infinity မှာ focus လုပ်ထားတဲ့ lens ပါ။

dji ဒရုန်း
The A5D-M600 (image credit: DigitalRev)

DJI ရဲ့ ဒရုန်းကတော့ ကန်ဒေါ်လာ 5000 ကျသင့်ပါတယ်။ ဒီဒရုန်းမှာ intelligent battery 6 ခု၊ A3 flight controller၊ the Lightbridge 2 ဆက်သွယ်ရေးစနစ်၊ နဲ့ အဆင့်မြှင့် စွမ်းရည်နဲ့ အန္တရာယ်ကင်းရှင်းရေး စနစ်တို့ပါရှိပါတယ်။ 6kg မနိုင်အားရှိတဲ့ M600 ဟာ 4kg ထိလေးနိုင်တဲ့ A5D နဲ့အတူ lens နဲ့ Ronin-MX gimbal ကိုအလွယ်တကူမနိုင်ပါတယ်။

ဒီအတွဲဟာ ဓာတ်ပုံဆရာတွေ၊ စစ်ဆေးကြည့်ရှုသူတွေ၊ မြေပုံသမားတွေအတွက် ရည်ရွယ်ပါတယ်။ သဘဝပတ်ဝန်းကျင်နဲ့ ကောက်ပဲသီးနှံ စစ်ဆေးကြည့်ရှုမှုပြုလုပ်ဖို့လည်း အနီအောက်ရောင်ခြည် filter လဲရရှိနိုင်ပါတယ်။

ဒီကင်မရာဒရုန်းဟာ 2015 ၌ DJI က Sweden နိုင်ငံရဲ့ ဂုဏ်သိပ်ခါကြီးမားတဲ့ Hasselblad ကုမ္ပဏီရဲ့ ပမာဏအနည်းငယ်ကိုဝယ်ယူရရှိပြီးနောက် Hasselblad နဲ့ DJI တို့ရဲ့ ပထမဦးဆုံးသော ပူးပေါင်းလုပ်ဆောင်မှုပါ။

A5D-M600 ကို ကန်ဒေါ်လာ 25,999 (အခွန်မပါ) နဲ့ရရှိနိုင်ပါတယ်။

via DigitalRev


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*