ဓာတ်ပုံအခြေခံသဘောတရား – camera မြင်ပုံမြင်နည်း

လူဓာတ္ပံုရိုုက္နည္း slow shutter speed
Unicode Version | Zawgyi-One Version

camera နဲ့ ကျွန်တော်တိုရဲ့လူ့မျက်လုံးတွေဟာမြင်ပုံမြင်နည်း မတူကြပါဘူး။ တကယ်တော်တဲ့ဓာတ်ပုံသမားတွေကတော့ camera ဘယ်လိုမြင်တယ်ဆိုတာသိပြီး ပုံကောင်းကောင်းရဖို့ဒါကိုအသုံးချပါတယ်။ အလင်းကို camera က record လုပ်ပုံနဲ့ မျက်လုံးကပို့လိုက်တဲ့ အချက်အလက်ကို ဦးနှောက်ကအဓိပ္ပါယ် ဖော်ဆောင်ပုံနှစ်ခုရဲ့ခြားနားချက်ကို နားလည်သဘောပေါက်ရင် ဓာတ်ပုံကောင်းတွေဖန်တီးနိုင်ပါလိမ့်မယ်။ မြင်ကွင်း တစ်ခုကို camera ကဘယ်လို record လုပ်မလဲဆိုတာကိုမြင်နိုင်စွမ်းကို visualization လို့ခေါ်ပါတယ်။ ဓာတ်ပုံသမားတွေလေ့ကျင့်ရမယ့် skill တစ်ခုဖြစ်ပါတယ်။

How our eyes work

လူတွေမှာမျက်လုံးနှစ်လုံးပါတဲ့အတွက် အရာထ္ထုတွေကိုကြည့်တဲ့အခါ အဲဒီအရာတွေရဲ့အကွာအဝေးကို ခန့်မှန်းလို့ရပါတယ်။ stereoscopic camera လို့ခေါ်တဲ့ camera တွေကလွဲလို့ တခြား camera တွေမှာ lens တစ်ခုပဲပါပြီး record လုပ်တဲ့အခါမှာ အလျားအနံပဲပါတဲ့ မျက်နှာပြင်ပေါ်မှာပဲပုံဖော်ပါတယ်။

two dimensional ရုပ်ပုံကားချပ်တွေကိုမြင်ရဖန်များတဲ့အတွက် ဒီအကြောင်းကိုသတိထားမိမှာမဟုတ်ပါဘူး။ ဓာတ်ပုံသမားတွေအနေနဲ့ လည်း ဒီလိုအကွာအဝေး depth ကိုဖော်ပြဖို့ကြိုးစားရာမှာ သိပ်ပြီးတော့စိုးရိမ်စရာမလိုပါဘူး။ lens အရှေ့ကမြင်ကွင်းကို camera ကတိတိကျကျပုံဖော်နိုင်လို့ဖြစ်ပါတယ်။ ဒါပေမယ့် camera နဲ့ ပုံတစ်ပုံကို record လုပ်တာနဲ့ မျက်လုံးကမြင်တာဟာ ဘယ်လိုကွာခြားတယ်ဆိုတာကိုတော့ အမြဲတမ်းသဘောပေါက်ဖို့လိုပါတယ်။

ကင်မရာမြင်ပုံ

ခုခေတ်မှာတော့ digital camera တွေကြောင့် visualization လုပ်ရတာ လွယ်ကူလာပါတယ်။ camera ရဲ့ LCD ကိုသုံးပြီးပုံဘယ်လိုပေါ်လဲကြည့်လိုက်ရုံပါပဲ။ camera ရဲ့ view finder ကိုမသုံးပဲ Live View ကိုကြည့်ပြီး ပုံကို compose ပထမလုပ်နိုင်ပါတယ်။ ပြုပြင်ပြီးနောက်ပိုင်း ပုံတွေဘယ်လိုဖြစ်နေမလဲဆိုတာ ဒီနည်းတွေကိုသုံးပြီး မြင်ကြည့်နိုင်ပါတယ်။ လိုချင်တဲ့အတိုင်းဖြစ်မနေလို့ရှိရင်ပြန်ပြင်ရိုက်နိုင်ပါတယ်။

မျက်လုံးဟာအမြဲတမ်း လှုပ်ခြားနေကာ အလင်းအမှောင်ကို adjust လုပ်နေပြီး မြင်ကွင်းရဲ့အချက်အလက်တွေကိုရယူနေပါတယ်။ ဦးနှောက်ကဒီအချက်အလက်တွေကိုရယူပြီးလှုပ်ခြားနေတဲ့ပုံရိပ်ကိုကွက်ကြားရိုက်ရွေးချယ်ပြီးပုံဖော်ပါတယ်။

ကိုယ့်ရှေ့မှာရှိရဲ့သားနဲ့မမြင်မတွေ့ဖြစ်နေတာ အကြိမ်များစွာကြုံဖူးမှာပါ။ ဒါဟာဦးနောက်ရဲ့ကွက်ကြားရိုက်ပြီးရွေးချယ်ပုံဖော်လို့ဖြစ်ပါတယ်။

camera တွေကတော့မတူပါဘူး။ aperture သေးသေးနဲ့ရိုက်ရင်တော့ မြင်ကွင်းရဲ့အရှေ့ကနေဟိုးအနောက်ဆုံးထိအရာတွေအားလုံးဟာကြည်လင်ပြတ်သားလှပနေမှာဖြစ်ပါတယ်။

Composition and backgrounds

အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့ရဲ့မျက်လုံးနဲ့ ဦးနှောက်ဟာရွေးပြီးကွက်ကြားမြင်ပါတယ်။ ကျွန်တော်တု့ိဟာတစ်ခုခုကိုကြည့်ရင်ကိုယ်စိတ်ဝင်စားတာကိုပဲမြင်ပြီးကျန်တာတွေကိုမမြင်ပါဘူး။ camera ကတော့အားလုံးကို record လုပ်ပုံဖော်ပါတယ်။ ဒါကြောင့် ဓာတ်ပုံကြည့်ရှုသူတွေရဲ့မျက်လုံးကိုဓာတ်ပုံရိုက်သူအရေးကြီးတယ်လို့ထင်တဲ့နေရာကိုခေါ်ဆောင်သွားဖို့လိုပါတယ်။ နည်းတစ်နည်းကတော့ ဓာတ်ပုံရိုက်ခံတဲ့အရာကို တခြားအနှောင့်အယှက် ဖြစ်စေတဲ့အရာတွေကနေ ခွဲထုတ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ဥပမာအားဖြင့် သင်ဟာလူတယောက်ကိုဓာတ်ပုံရိုက်နေပါပြီး နောက်ခံမှာတစ်ခြားတယောက်ဝင်လာပါက ဒါပုံအတွက်အနှောင့်အယှက်ဖြစ်စေပါတယ်။ သင်ဓာတ်ပုံရိုက်နေစဉ်အရိုက်ခံလူကိုကြည့်နေတဲ့အတွက်သင့်ဦးနှောက်ကသတိပြုမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် camera ကတော့ record လုပ်ပါလိမ့်မယ်။ ဒီလိုအနှောင့်အယှက်တွေကိုဖယ်ခြားခြင်းဖြင့် composition လုပ်ရာမှာလွယ်ကူစေပြီး ဓာတ်ပုံကိုပိုမိုကောင်းမွန်စေပါလိမ့်မယ်။

ဘိုခေးပုံ

ဒီပုံကိုရိုက်ရာမှာ အနှောင့်အယှက်ဖြစ်စေမယ့် အရောင်နဲ့ စူးရှတဲ့အလင်းတွေအနာက်မှာရှိမနေအောင် သတိထားရိုက်ခဲ့ပါတယ်။

Selective focus

ကြည့်ရှုသူရဲ့ မျက်လုံးကို ပုံရဲ့အရေးပါတဲ့နေရာကိုဆွဲခေါ်သွားဖို့အတွက် ရွေးချယ်ပြီး focus လုပ်ခြင်း ဟာ အလွယ်ကူဆုံးနည်းတစ်နည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာတစ်ခုခုကိုကြည့်လိုက်တိုင်း မျက်လုံးက focus ကိုအလိုအလျောက်ပြောင်းလဲပါတယ်။ ဒါကြောင့်မြင်ကွင်းတစ်ခုလုံး ဟာကြည်လင်ပြတ်သားတယ်လို့ထင်ရပါတယ်။ lens ကတော့ဒီလိုမဟုတ်ပါဘူး။ မြင်ကွင်း frame ရဲ့တစ်နေရာထဲကိုသာ focus လုပ်လို့ရပါတယ်။ တစ်ခြားနေရာတွေမှာပါ focus ပြတ်မပြတ်ကတော့ တစ်ခြားအကြောင်းအရာတွေဖြစ်တဲ့ aperture, focal length နဲ့ အရိုက်ခံအရာဝထ္ထုရဲ့ အနီးအဝေးပေါ်မှာ မူတည်သွားပါတယ်။

aperture ကိုကျယ်ကျယ်ထားခြင်းဖြင့် အနောက်ကအရာတွေကိုမှုန်ဝါးစေပြီး ကြည့်ရှုသူရဲ့မျက်လုံးကို အရိုက်ခံအရာပေါ်ပို့ပေးနိုင်ပါတယ်။ အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကိုဖယ်ခြားဖို့ဒီနည်းသုံးနိုင်ပါတယ်။ prime lens တွေဟာ zoom lens တွေထက်ပိုကျယ်တဲ့ aperture ပါတဲ့အတွက် ဒီနည်းလမ်းအတွက်ပိုကောင်းပါတယ်။ zoom lens တွေနဲ့လုပ်လို့မရဘူးလို့တော့မဟုတ်ပါဘူး။

မျောက်

အပေါ်ကပုံမှာဆိုရင်အနီးဆုံးမျောက်ရုပ်ကို f5.6 aperture နဲ့ focus လုပ်ထားပြီး အနောက်ကိုဝါးထားပါတယ်။ မျောက်ရုပ်ရဲ့အနီးမှာရှိခဲ့ပြီး focus ပြတ်တဲ့ depth-of-field မသေးစေချင်တဲ့အတွက် aperture အဆုံး f1.8 ထိသွားစရာမလိုပါဘူး။ ဒီလိုမလှုပ်ရှားနေတဲ့အရာတွေကိုဓာတ်ပုံရိုက်ရာမှာ aperture setting တွေပြောင်းလဲပြီးပုံတွေများများရိုက်ခဲ့ပါ။ ပြီးမှဘယ်ပုံအကောင်းဆုံးလဲဆိုတာ ပြန်လည်ရွေးချယ်နိုင်ပါတယ်။

Recording motion

ကျွန်တော်တို့ရဲ့မျက်လုံးက လှုပ်ရှားနေတာတွေကိုမရပ်တန့်နိုင်စေပါဘူး။ လူတစ်ယောက်ကို ဓာတ်ပုံမရိုက်ပဲ mid-moment မှာ frozen လုပ်ပြီးကြည့်လို့မရပါဘူး။ camera ကဓာတ်ပုံရိုက်တဲ့အခါစက္ကန့်ပိုင်းအတွင်းရိုက်ကူးပုံဖော်တဲ့အတွက် camera ရဲ့အားသာချက်တစ်ခုကတော့ လူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်အောင်လုပ်ပေးနိုင်စွမ်းပဲဖြစ်ပါတယ်။

လုပ်ရှားမှုကိုရိုက်ဖို့နည်းသုံးနည်းရှိပါတယ်။ ပထမတစ်ခုကတော့ shutter speed ကို 1/125 second နားလောက်ထားပြီး မြင်ကွင်းကိုလူမြင်သလိုရိုက်ဖို့ဖြစ်ပါတယ်။ အရိုက်ခံအရာဝထ္ထုရဲ့အမြန်နှုန်းကို မူတည်ပြီးပုံထွက်ကွာပါလိမ့်မယ်။ ဒါပေမယ့်သဘာဝနဲ့နီးစစ်တဲ့ ပုံကိုရရှိပါလိမ့်မယ်။

ဒုတိယတနည်းကတော့လျှင်မြန်တဲ့ shutter speed ကိုသုံးပြီး အချိန်ကို freeze လုပ်ဖို့ဖြစ်ပါတယ်။ ဒီနည်းနဲ့ လှုပ်ရှားမှုကိုရိုက်တဲ့အခါသာမာန်မျက်လုံးနဲ့မမြင်နိုင်တဲ့ပုံမျိုးရိုက်ကူးနိုင်ပါတယ်။ sports and action ဓာတ်ပုံသမားတွေသုံးတဲ့နည်းဖြစ်ပါတယ်။

တတိယတနည်းကတော့ နှေးတဲ့ shutter speed ကိုသုံးပြီး လှုပ်ရှားမှုကိုဝါးတားတားပုံစံဖြစ်အောင် ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ ISO အနိမ့်နဲ့ aperture သေးသေးကို အလင်းရောင်နဲတဲ့အချိန်မှာသုံးပြီး landscape photography ရိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကြာမြင့်တဲ့ shutter speed ကိုသုံးဖို့လိုပါတယ်။

လူဓာတ်ပုံရိုက်နည်း

ဒီပုံကို shutter speed 1/125 second နဲ့ရိုက်ထားတာပါ။ ရေရဲ့လှုပ်ခြားမကတော့အနဲနဲ့အများ freeze ဖြစ်နေတယ်လို့ပြောလို့ရပါတယ်။

လူဓာတ်ပုံရိုက်နည်း slow shutter speed

ဒီပုံကတော့ shutter speed ကို 1/2 second သုံးထားပြီး camera ကို tripod မှာတင်ထားပါတယ်။ model ကိုတော့ငြိမ်နေအောင်ပြောထားရတာပေါ့။ ရေရဲ့လှုပ်ရှားမှုက ဝါးနေတာကြောင့်ပုံရဲ့အရသာကိုတမျိုးပြောင်းလဲစေပါတယ်။

Perspective

perspective ဆိုတာအရာဝထ္ထုတွေရဲ့အနီးအဝေးမြင်ကွင်းသဘောတရားတစ်ခုပါ။ ကျွန်တော်တို့ရဲ့မျက်လုံးတွေက perspective ကိုအမြင်တမျိုးရှိပါတယ်။ camera lens တွေနဲ့မတူပါဘူး။

မြင်ကွင်းကျယ် lens တွေက အရာဝထ္ထုတွေကြားကအကွာအဝေးကိုချဲ့လိုက်သလိုဖြစ်သွားတတ်ပါတယ်။ မြင်ကွင်းကျယ် lens ကတဆင့်မြင်ကွင်းတစ်ခုကိုချောင်းကြည့်လိုက်ရင်အရာရာဟာရှိတာထက်ဝေးကွာနေတာတွေ့ရပါလိမ့်မယ်။ အဝေးမှာရှိတဲ့အပင်တွေ၊ တောတောင်တွေဟာလည်း ပိုပြီးသေးငယ်နေတယ်လို့ထင်ရပါတယ်။

wide angle lens တွေကိုအသုံးပြုမယ်ဆိုရင်ရိုက်လိုတဲ့အရာဝထ္ထုနားကိုကပ်ရိုက်ပြီး frame ကိုအပြည့်ဖြည့်ရပါမယ်။ အားသာတဲ့အချက်ကတော့ နောက်ခံအကျယ်ပါတဲ့ဓာတ်ပုံရိုက်လို့ရတာပါ။ environmental portraits ရိုက်ရင်အသုံးဝင်ပါတယ်။

ultra-wide angle lens လို့ခေါ်တဲ့ lens တွေကိုသတိထားပါ။ မြင်ကွင်းကိုစောင်းရွဲ့စေလို့ ကိုင်တွယ်ရခက်ပါတယ်။ full frame digital သို့ 35mm film camera တွေမှာ focal length 24mm and 35mm အတွင်းရှိတဲ့ lens တွေကအသင့်တော်ဆုံးပါ။

wide angle ပုံ

ဒီပုံကို Sigma 10-20mm lens သုံးပြီး focal length 10mm နဲ့ရိုက်ထားပါတယ်။ လူရဲ့မျက်နှာပေါက်ကိုကြည့်ပါ။ ultra-wide angle lens ကြောင့် ပုံပျက်နေပါတယ်။ focal length ရှည်ရင်ဒီလိုမဖြစ်ပါဘူး။

telephoto lens ခေါ်အဝေးရိုက် lens တွေကတော့ perspective ကိုချုံ့လိုက်ပါတယ်။ အဝေးမှာရှိတဲ့အရာဝထ္ထုတွေဟာရှိတာထက် ပိုနီးနေတယ်လို့ထင်ရပါတယ်။ super-telephoto lens တွေသုံးပြီးရိုက်ထားတဲ့အားကစားဓာတ်ပုံတွေမှာတွေ့ရလေ့ရှိပါတယ်။ ဒီ effect ကို creative ဖြစ်ဖြစ်အသုံးချလို့ရပါတယ်။ short telephoto lens သုံးပြီး လူပုံရိုက်ရင် အဝေးကနောက်ခံကိုအနီးကိုဆွဲယူလာတဲ့ effect ရပြီးပုံကိုပိုမိုလှပစေပါတယ်။

telelens ဖြင့်လူဓာတ်ပုံရိုက်နည်း

ဒီပုံကို Sigma 50-150mm lens သုံးပြီး focal length ကို 150mm ထားရိုက်ပါတယ်။ telephoto lens ကြောင့် အဝေးမှာရှိတဲ့ ချောက်ကမ်းပါးတွေဟာ မိန်းကလေးနဲ့ ပိုနီးတယ်လို့မြင်ရပါတယ်။

Conclusion

Camera ကအလင်းကို record လုပ်ပုံနဲ့ ကျွန်တော်တု့ိရဲ့ မျက်လုံးနဲ့ ဦးနှောက်က မြင်ပုံမြင်နည်းဟာများစွာကွဲပြားပါတယ်။ camera တွေဘယ်လိုမြင်တယ်ဆိုတာ သိနားလည်ခြင်းဖြင့် ဓာတ်ပုံကောင်းတွေဖန်တီးနိုင်ပါလိမ့်မယ်။

via The Camera’s Eye: How Cameras See by Andrew Gibson


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

3 Comments on ဓာတ်ပုံအခြေခံသဘောတရား – camera မြင်ပုံမြင်နည်း

  1. sony & 290 ရဲ့ setting ချိန်နည်းလေးရှင်းပြပေးစေချင်ပါတယ်ခင်ဗျ

    • ဟုတ်ကဲ့ ဆိုနီတွေအကြောင်းတင်ဆက်နိုင်အောင်လည်းကျွန်တော်တို့ကြိုးစားပါ့မယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published.


*