Ring of Fire ခေါ် lens flare ဖန်တီးပြုလုပ်နည်း

Unicode Version | Zawgyi-One Version

ဒီခေတ်မှာ camera lens တွေကို design လုပ်တာ ကောင်းလွန်းတာကြောင့် lens flare တစ်ခုပေါ်ဖို့ဆိုတာမလွယ်တော့ပါဘူး။

lens coating တွေကကောင်းလှတာကြောင့် အလင်းဆုံး၊ အပြင်းဆုံးအလင်း တွေကိုထိုးရိုက်ရင်တောင်မှ lens flare မဖြစ်တော့ပါဘူး။ ဒါကောင်းပါတယ်။ flare တွေဟာကြိုတင်တွက်ဆလို့မရတဲ့အပြင် compose လုပ်ဖို့လည်းခက်ခဲပါတယ်။

ဒါပေမယ့် lens flare တွေကို သင်ကိုယ်တိုင် create လုပ်နိုင်ပြီး လိုချင်တဲ့ပုံစံကိုပြောင်းလို့ရနိုင်တယ်ဆိုရင်ဘယ်လိုနေမလဲ။

ကဲ… ဒါကတော့ Ring of Fire ပါ။

ဓာတ်ပုံအလှရိုက်နည်း ring of fire tube

ဓာတ်ပုံအလှရိုက်နည်း ring of fire tube

တစ်လက်မရှည်ပြီးတစ်လက်မကျယ်တဲ့ aluminum pipe အတိုတစ်ချောင်းပါ။ ဒါကို camera ရှေ့မှာထားပြီး နေရောင်တည့်တည့်ကို ထိုးရိုက်လိုက်ရင်တော့ လှပတဲ့ flare ကိုရနိုင်ပါတယ်။ ဓာတ်ပုံရိုက်ရင် viewfinder ကတဆင့်မကြည့်ပဲ live view မှတဆင့်ကြည့်ဖို့မမေ့ပါနဲ့။ lens အဟောင်းအသစ်အကုန်သုံးလို့ရပါတယ်။

ဒီလို flare လုပ်ဖို့ကျွန်တော်အကြိုက်ဆုံး lens ကတော့ Nikon 54mm f1.4 lens ပါ။ သိပ်မသိသာတဲ့ bokeh လို flare မျိုးကနေ စက်ဝိုင်းပုံရှိတဲ့ flare တွေကိုရနိုင်ပါတယ်။ တခါနဲ့တခါ ဘယ်တော့မှတူမှာမဟုတ်ပါဘူး။

ဓာတ်ပုံအလှရိုက်နည်း ring of fire

ဓာတ်ပုံအလှရိုက်နည်း ring of fire

ဓာတ်ပုံအလှရိုက်နည်း ring of fire 6

ဓာတ်ပုံဆရာ Daniel Araiza မှာလည်း ဒီအကြောင်းကိုရှင်းပြတဲ့ video တစခုရှိပါတယ်။ အောက်မှာလေ့လာလိုက်ပါ။

via Sam Hurd’s How to Get a ‘Ring of Fire’ Lens Flare in Your Photos


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*