Huawei P9 ရဲ့ ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် Leica ရဲ့ ခြေလှမ်းသစ်တစ်ခု ခလုတ်တိုက်မိခြင်း

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


တရုတ်နိုင်ငံသားပိုင် မိုဘိုင်းဖုန်းထုတ်တဲ့ ဧရာမကုမ္ပဏီဖြစ်တဲ့ ဟာဝေးက ဒီနှစ် ဧပြီလ ၄ရက်နေ့ တုန်းက လန်ဒန်မြို့ တောင်ပိုင်း Battersea အရပ်မှာ ဟာဝေး P9 စမတ်ဖုန်းအသစ်ကို မိတ်ဆက် ပြသခဲ့ပြီး P9 ရဲ့ ကင်မရာအသစ်ကြောင့် မိုဘိုင်းဖုန်း နဲ့ ကင်မရာ အသိုင်းအဝိုင်းကို ပွဲဆူစေခဲ့ပါတယ်။ ဘာကြောင့်များပါလဲ? နာမည်ကျော် Leica ကင်မရာ ကုမ္ပဏီနဲ့ နည်းပညာပိုင်းဆိုင်ရာမှာ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ကင်မရာနှစ်လုံးတွဲပြီးသုံးလို့ရနိုင်တဲ့ လုပ်ဆောင်ချက်ကြောင့်ပါပဲ။ တခြား စမတ်ဖုန်းတွေမှာလဲ နှစ်လုံးတွဲပြီးသုံးလို့ရတဲ့ ကင်မရာတွေ ပါလာပြီဖြစ်ပေမယ့် P9 လိုမျိုးတော့ အဖြူအမဲသီးသန့် အတွက် Monochrome sensor မပါရှိကြပါဘူး။

ဟောလီးဝုဒ် အကျော်မော် စကားလတ်ထ် ယွန်ဟင်ဆန် က စင်မြင့်ပေါ်မှာ စူပါမန်းသရုပ်ဆောင် ဟင်နရီ ကဗီလ်း တခြားအကြောင်းအရာတွေပြောနေတုန်း P9 ဖုန်းနဲ့ selfie ကို အမြန်ရိုက်ပြပြီး အရောင်းမြှင့်တင်ခဲ့တာဆိုပေမယ့် ဟာဝေးကတော့ နေ့စဉ်သုံးစွဲမယ့် ဖောက်သည်တွေကို အဓိက ပစ်မှတ်ထားဖို့ ရည်ရွယ်ထားပါတယ်။

ကဲ ဒီဖုန်းကင်မရာက ဘယ်လိုကောင်းလို့လဲ? တကယ်ပဲ ဘာလို့ ကင်မရာနှစ်လုံးပါတဲ့ ဖုန်းကို လိုချင်တာလား? အဖြူအမဲအတွက် သီးသန့် သုံးထားတဲ့ sensor က လက်တွေ့မှာ အသုံးကျရဲ့လား? ကျွန်တော်တို့ P9 ကင်မရာရဲ့ ကောင်းကွက်ဆိုးကွက်တွေသိရဖို့ ထပ်လေ့လာကြည့်ရအောင်။

ဟာဝေး P9 ရဲ့ ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် Leica က ဘယ်နားမှာ ပါဝင်နေတာလဲ?

Leica ဆိုတာ ဂျာမဏီနိုင်ငံအခြေစိုက် ကင်မရာအကောင်းစားတွေ ပြုလုပ်တဲ့ ကုမ္ပဏီပါ။ သူ့ရဲ့ ကင်မရာအများစုက Hand-made တွေဖြစ်ပြီး အကောင်းဆုံး မှန်ဘီလူးတွေထုတ်လုပ်နိုင်တယ်လို့ ကျော်ကြားပါတယ်( ဈေးကလဲ မသေးဘူးလေ)။ သူ့ရဲ့ ဂန္ထဝင်ဆန်တဲ့ မှန်ဘီလူးတွေကို အသုံးပြုပြီး ဓါတ်ပုံဆရာတော်တော်များများက ဓါတ်ပုံကောင်းတွေကိုရိုက်ကူးခဲ့တာဟာ Leica ရဲ့ ရိုးရာလိုဖြစ်နေပါပြီ။

ကမ္ဘာ့ဒီဂျစ်တယ် လောကကို ထပ်မံခြေဆန့်တဲ့အနေနဲ့ ဟာဝေးနဲ့ ပေါင်းစပ်လိုက်ခြင်းဟာ Leica အတွက် ခြေလှမ်းသစ်ဖြစ်လာပါတယ်။ ပရိတ်သတ်အသစ်တွေ ငယ်ရွယ်တဲ့ ဖောက်သည်တွေရရှိနိုင်လို့ ဟာဝေးလို ဖုန်းထုတ်လုပ်သူ အနေနဲ့ Leica နဲ့ ပေါင်းစပ်တယ်ဆိုတာ သိပ်အဓိပ္ပါယ်ရှိပါတယ်။

Leica_huawei1

ဟာဝေး P9 ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် ဘာလို့ကင်မရာနှစ်လုံး ပါတာလဲ?

ပထမဆုံး မေးခွန်းက ကင်မရာနှစ်လုံး ဘာကြောင့်ပါဝင်လာတာလဲ? အကြောင်းပြချက်တွေအများကြီးပါ။ ကြည့်ရအောင်။

ပထမအချက်၊ 27 mm f/2.2 နဲ့ ညီမျှတဲ့ မှန်ဘီလူးနှစ်လုံးက ထွက်လာတဲ့ ပုံနှစ်ပုံကို ထပ်ပြီး Depth of field ကို ပိုရှင်းလာအောင်လုပ်လို့ရတယ်၊ အဝေးက အရာတွေကို focus ဖြတ်ရင် အသုံးပြုဖို့သာမကပါဘူး နောက်ပိုင်းကျရင် software သုံးပြီးတော့ DOF ကို ပြန်ညှိလို့ရအောင်ဖြစ်ပါတယ်။

ဒုတိယအချက်၊ မှန်ဘီလူးတစ်လုံးချင်းစီအတွက် သီးသန့် sensor တွေရှိပြီး တစ်ခုက ရောင်စုံ အတွက်၊ နောက်တစ်ခုက ဖြူမဲ သီးသန့်ဖြစ်ပါတယ်။ ဒီနေရာမှာ Leica ရဲ့ အပိုင်း ပါဝင်လာပါပြီ။ သမားရိုးကျ ကင်မရာ ထုတ်လုပ်သူတွေက ဒီလိုမျိုး အဖြူအမဲသီးသန့် sensor ( Leica M Monochrome မှာဆိုရင် ပိုကြီးတဲ့ sensor တပ်ဆင်ထားပါတယ်) မထုတ်လုပ်ပါဘူး။အဲလိုမျိုး sensor မှာ RGB ရောင်စုံ array တွေမပါလာတော့ဘူးဆိုရင် ဘာဖြစ်မလဲ? RGB array sensor ဟာ 4×4 အနီ၊ အစိမ်း နဲ့ အပြာရောင် လိုင်းတွေကို ထည့်ပြီးစဉ်းစားရပါတယ်၊ ဖြူမဲ sensor ဆိုရင်တော့ အဲဒီသုံးခုကို ထည့်တွက်စရာမလိုတော့လို့ ရောင်စုံ sensor ထက် သုံးဆ (သီအိုရီအရ) ပိုကြီးသွားနိုင်ပြီး ပိုကောင်းတဲ့ ပုံအရည်အသွေးကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဟာဝေး P9 ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် အဖြူအမဲသီးသန့်က အဓိပ္ပါယ်ရှိနိုင်ပါ့မလား?

ကဲဒီကိစ္စကိုပြောရမယ်ဆိုရင်၊ ဘယ်သူကများ အဖြူအမဲ ဓါတ်ပုံတွေကို ထပ်ရိုက်ချင်ကြသေးလဲ? 1955 မဟုတ်တော့ဘူးမဟုတ်လား၊ အဖြူအမဲလိုချင်ရင် ပုံမှန်အတိုင်း အရောင်နဲ့ ရိုက်ပြီး နောက်မှ filter တစ်ခုခုသုံးပြီး ပြောင်းလိုက်ရင်မရဘူးလား?

အဲဒီကိစ္စကြောင့်ပဲ နောင်တတွေရခဲ့ရတာပါ။ ကျွန်တော်တို့ပြောခဲ့ပြီးသားပါ အဖြူအမဲ sensor တွေမှာ pixel တွေပိုများလို့ ထွက်လာတဲ့ပုံတွေမှာ noise တွေ ပိုနည်းသွားဖို့ အခွင့်အရေးများလို့ပါပဲ။

Leica_huawei2
Huawei P9 camera sample – monochrome sensor in action

အဖြူအမဲ sensor တစ်ခုမှာ dynamic range ပိုရနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ် ပြီးတော့ ကင်မရာက မြင်နေသလို တခြား အရောင်တွေများကြီးကို အခြေခံတွက်ချက်ရခြင်းမရှိတဲ့အတွက် ထွက်လာတဲ့ပုံကို ပိုပြီးကျစ်လျစ် လာစေပါတယ်။

အဓိက မေးခွန်းကို ပြန်သွားကြပါစို့၊ တကယ်ပဲ အမြဲတမ်း အသုံးပြုကြမှာလား? P9 ရဲ့ ဖန်သားပြင်ကို လက်ညှိုးနဲ့ ပွတ်၊ အဖြူအမဲပြောင်းပြီးတော့ ဓါတ်ပုံ ရိုက်ကြမှာလား? အဲဒါကတော့ ကိုယ်ပိုင်အမြင်နဲ့ ခံစားမှုပဲ ဖြစ်ပါလိမ့်မယ်။ အဖြူမဲ နဲ့ ဓါတ်ပုံရိုက်ပြီးသွားရင်တော့ အရောင်နဲ့ ပုံကို ချက်ချင်းပြန်မပြောင်းနိုင်တော့ပါဘူး။ ယနေ့ခေတ် စမတ်ဖုန်း အသုံးပြုတွေက အဖြူအမဲ ဓါတ်ပုံတွေကို မရှိရင်မဖြစ်ဘူးဆိုတဲ့အခြေအနေလို့ တကယ်ပဲ ယူဆကြမှာလား? ကျွန်တော်တို့ မထင်ပါဘူး သံသယရှိပါတယ်။

ဟာဝေး P9 ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် ပုံမှန်သုံးမှာလား manual စနစ်နဲ့ သုံးမှာလား?

ဘာတွေကများ P9 ကင်မရာရဲ့ အသုံးဝင်မှုကို သယ်ဆောင်လာတာလဲ? ပထမတစ်ချက်၊ ကင်မရာရဲ့ နေရာချထားပုံက ဖုန်းရဲ့ အပေါ်ဘက် ထောင့်ဖက်မှာဖြစ်ပါတယ်၊ ဆိုလိုတာက အလျားလိုက်အနေအထားဖုန်းကို နေရာချပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် လက်ချောင်းတွေက ကင်မရာကို ဖုံးသွားနိုင်ပါတယ်။ ဖုန်းဘေးက အသံအတိုးအကျယ်ခလုပ်တွေသုံးပြီး ရိုက်ရင်တော့ ဒီကိစ္စကို ရှင်းပြီးသားဖြစ်ပေမယ့် ညာသန်တွေအတွက် ပြောင်းပြန်ကြီးဖြစ်နေပါလိမ့်မယ်။ ဒီနေရာမှာ ဘယ်သန်တွေ နိုင်ပါတယ်။

huawei-leica4

ဆော့ဖ်ဝဲ ပိုင်းကြည့်ရအောင်၊ ဟာဝေက Leica နဲ့ နည်းပညာ ပူးပေါင်းထားတယ်လို့ လို့ ကြော်ငြာထားပြီးသားပါ (ဆိုလိုတာက သူ့ရဲ့ ဆော့ဖ်ဝဲက တောင်တော်ကောင်းတဲ့ အရာတွေပါတယ်)။ ဒီတစ်ချက်က တော်တော်လေး ရယ်ဖို့ကောင်းပါတယ်၊ Leica မှာ အသုံးပြုရလွယ်တဲ့ menu ပါဝင်တဲ့ စနစ်တွေရှိတယ်လို့ နာမည်မကြီးပါဘူး။ တကယ်လို့နာမည်ကျော်ခဲ့ရင်လဲတကယ့်ကို လုပ်ရကိုင်ရ လက်ပေါက်ကပ်တဲ့ စနစ် (menu) တွေပဲရှိတယ် ဆိုတာဖြစ်ပါလိမ့်မယ်။

ပြီးတော့ ဒီနေရာမှာ P9 ကိုအသုံးပြုပုံကို ပြမှာပါ။ Shooting display ဖွင့်ထားတဲ့အချိန်မှာ Photo နဲ့ Monochrome စနစ်ပြောင်းဖို့အတွက် screen ကို အပေါ်ကို ပွတ်ပြီး ဆွဲတင်ဖို့လိုပါလိမ့်မယ်။ LG G5 လိုမျိုး စနစ်သုံးရင် တော့ ဒီနေရာမှာ ပိုပြီး အဆင်ပြေပါလိမ့်မယ်။ LG G5 မှာ ပုံမှန် ကင်မရာနဲ့ super-wide ကင်မရာနှစ်လုံးပါပြီး ဆော့ဖ်ဝဲ ခလုတ် နဲ့ ပြောင်းလိုက်ရုံပါပဲ။

ဟာဝေး P9 ဖုန်းရဲ့ screen ပေါ်ကနေ mode တွေအားလုံးသုံးလို့မရပါဘူးလို့ ထပ်ပြောပါရစေ။ အဲဒီစနစ်တွေအားလုံးကို အသုံးပြုချင်ရင်တော့ shooting မျက်နှာပြင်ကနေ အောက်ဖက်ကို လက်နဲ့ ဆွဲချပြီး Pro ဆိုတဲ့ mode ကိုပြောင်းမှ ရပါလိမ့်မယ်။ ဥပမာ Manual control တွေသုံးပြုလို့ရနိုင်ပါပြီ။ Pseudo Aperture control စနစ် သို့မဟုတ် mechanical aperture စနစ် ကို ဆော့ဖ်ဝဲသုံးထားတဲ့ စနစ် (တကယ်တမ်းတော့ အစစ်မဟုတ်ပါဘူး) ကိုအသုံးပြုချင်ရင်တော့ color ကင်မရာ mode မှာ ပဲ သုံးလို့ရမှာဖြစ်ပြီး ခုနကပြောထားတဲ့ Pro mode မှာ သုံးလို့မရနိုင်ပါဘူး။

huawei-leica5

ဟာဝေး P9 ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် Software သုံး Aperture စနစ်များ အမြဲတမ်းအလုပ်မဖြစ်ခြင်း

Aperture အခြေအနေတစ်ခုလုံးခြုံငုံပြီးပြောရရင် သိပ်ပြီးအလုပ်မဖြစ်ပါဘူး။ ယနေ့မှာတော့ Samsung S7 ရဲ့ f/1.7၊ LG G5 ရဲ့ f/1.8 နဲ့ iPhone 6S ရဲ့ f/2.2 ကင်မရာအသီးသီးတို့ဟာ ဈေးကွက်ထဲမှာ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်နေကြပါတယ်။ Aperture နံပါတ်သေးလေ ပိုပြီးတော့ ကျယ်လေဖြစ်ပြီး sensor ဆီကို အလင်းပိုကျနိုင်လို့ low light အခြေအနေတွေ၊ တစ်ခုခုကို focus ဖြတ်ပြီး နောက်ခံကို ဝါးပစ်နိုင်တာတွေလုပ်နိုင်ပါတယ်၊ ကိုယ့်ဖန်တီးနိုင်စွမ်းအတွက် အထောက်အကူပြုနိုင်တာပေါ့။

ဟာဝေးရဲ့ f/2.2 က ထိပ်ဆုံးက ဦးဆောင်မနေပေမယ့် တော်တော်လေးကောင်းပါတယ်၊ Apple လောက်မကောင်းဘူးလို့တော့ ပြောလို့မရဘူးပေါ့။ မရိုက်ခင်နဲ့ ရိုက်ပြီးအချိန်တွေမှသာလျှင် standard mode မှာ Pseudo Aperture လုပ်ဆောင်မှုကို သုံးလို့ရပေမယ့် ဒါက အားနည်းချက်လိုဖြစ်နေပါတယ်။ HTC ရဲ့ M8 နဲ့ M9 ဖုန်းတွေမှာ ဒါမျိုးစနစ်နဲ့ တူတဲ့စနစ်ကို ထည့်ပေးဖူးပါတယ်၊ သေချာတာကတော့ အလုပ်သိပ်မဖြစ်ခဲ့ပါဘူး။

ဟာဝေးနဲ့ Leica ဘယ်တံဆိပ်ပဲကပ်ထားပါစေ တကယ့် aperture သုံးပြီးရတဲ့ ပုံထွက်အစစ်နဲ့ မတူတဲ့ ဒီကိစ္စက P9 မှာလဲ ဖြစ်နေတုန်းပါပဲ။ အားနည်းချက်တွေလဲ အများကြီးပါ။ ကင်မရာနှစ်လုံးသုံးထားတဲ့အတွက် DOF က ကင်မရာနှစ်လုံး သုံးထားတာထက်တော့ ပိုကောင်းနေပါသေးတယ် ဒါပေမယ့် တစ်ခါတစ်လေမှာ ဆော့ဖ်ဝဲပြဿနာကြောင့် ဓါတ်ပုံကြည့်ရတာ အဆင်မပြေပါဘူး။

ပြီးတော့ f/0.95 ရှိတဲ့ Leica ရဲ့ နာမည်ကျော် Noctilux 50mm မှန်ဘီလူးကို  အခြေခံပြီး f/0.95 post-shooting လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အထူးသဖြင့် တကယ်လို့များ subject တွေအများကြီး  frame ထဲမှာ ရောက်နေရင်တော့ ခွေးတစ်ကောင်ရဲ့ ညစာလိုပါပဲ အရာအားလုံးဟာ အချိန်ခဏလေးအတွင်းမှာ ရောထွေးကုန်ပါလိမ့်မယ်။ ဥပမာဗျာ ဓါတ်ပုံရိုက်ပြီးရင် ခင်ဗျားတွေ့ပါလိမ့်မယ် တချို့သော မဝါးသင့်တဲ့အရာတွေက ဝါးနေပြီး ဝါးသင့်တဲ့ဟာတွေ မဝါးဘူးဖြစ်နေတာ ဟာသလိုပါပဲ။

huawei-leica6
Huawei P9 camera sample – pseudo f/0.95 aperture example breaking the subject edges in image

အကောင်းဆုံးအကြံပေးချက်ကတော့ f/0.95 fake bokeh ကိုရှောင်ကြဉ်ဖို့ပါပဲ။ subject ရဲ့အစွန်းဖက်တွေဟာ f/0.95 effect ကိုသုံးလိုက်တာနဲ့ သိသိသာသာကြီး ပုံပျက်နေတာဟာ fake bokeh effect က အဖြူရောင် သို့မဟုတ် အလင်းများတဲ့အရောင်တွေကို ဖယ်ထုတ်လိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ ကောင်းကွက်သိပ်မရှိတဲ့ ဒီလို Aperture ကိုထိန်းချုပ်နိုင်တဲ့စနစ်ကို Pro mode မှာ သင်ရှာမတွေ့နိုင်ပါဘူး။

တခါတလေ တကယ့် တခါတလေမှာပါ အဲဒီစနစ်က အလုပ်ဖြစ်ပါတယ်။ တခုခုကို မှန်ဘီလူးနားမှာထားပြီး ရိုက်တဲ့အခါကျရင် subject ကလွဲလို့ တခြားအရာမျိုးမရှိတဲ့အတွက် DOF မှန်ကန်စွာရပြီး ပုံကောင်းတစ်ပုံဖြစ်လာပါတယ်။ ကျွန်တော်တို့ စက်ဘီးတစ်စီးကို ဒီပုံစံနဲ့ ရိုက်ခဲ့ပြီး အလုပ်ဖြစ်ခဲ့ပါတယ်။

f/2.2 မှာပဲ ထားရင်တော့ ပြဿနာသိပ်မရှိပဲ သင်ဘာပဲရိုက်ရိုက် ပျော်ရွှင်နိုင်မှာပါ။

ဟာဝေး P9 ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် focus အမြန်နှုန်းကို လေ့လာခြင်း

မှန်ဘီလူးနှစ်လုံးတွဲထားတဲ့ ရည်ရွယ်ချက်က focus ပိုကောင်းအောင် ဆိုတာ ကျွန်တော်တို့ ပြောခဲ့ပေမယ့် ဟာဝေးကတော့ ဒါက P9 ကင်မရာရဲ့ လုပ်ဆောင်ချက်တွေထဲက အစိတ်အပိုင်း တစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ LG G5 လိုပါပဲ ဟာဝေး P9 မှာ လဲ အနီးကပ် ရိုက်ကူးခြင်းအတွက်  လေဆာရောင်ခြည် အထောက်အကူပြု focus စနစ် တပ်ဆင်ထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ လေဆာအထောက်အကူပြုစနစ်ဆိုတာ အမြန်ဆုံး focus ဖြတ်နိုင်တဲ့ စနစ်မဖြစ်လာသေးပါဘူး။ LG G5၊ Samsung Galaxy S7 နဲ့ iPhone 6S တို့နဲ့ ဟာဝေး P9 ကို နှိုင်းယှဉ်တဲ့အခါ Samsung က focusing speedမှာ အမြန်ဆုံးနဲ့ ဗိုလ်စွဲသွားပါတယ်။

ဒါပေမယ့်လည်း တခြားတစ်ဖက်မှာတော့ ဟာဝေး P9 ရဲ့ တိကျတဲ့ focus စနစ်ကြောင့် သူက တဖန် ပြန်ပြီး အနိုင်ယူသွားပါတယ်။ ဖုန်းစကရင်ရဲ့ ဘယ်နားဖြစ်ဖြစ်ကို ထောက်ပြီး focus လုပ်လိုက်ရင် မြန်မြန်ဆန်ဆန် တိတိကျကျနဲ့ ဖြတ်ပေးနိုင်ပါတယ်။ focus အေရိယာက LG ရဲ့ G5 ထက်ကျယ်ပါတယ်။

တခြားသော အန်းဒရိုက်ဖုန်းတွေလိုပဲ click-and-drag လုပ်ဆောင်မှုနဲ့ focus point တွေနဲ့ ဝေးတဲ့နေရာတွေကို exposure အလိုအလျောက် ချိန်ညှိပေးနိုင်တာကို ကျွန်တော်တို့ သဘောကျပါတယ်။ တကယ်လဲ အလုပ်ဖြစ်ပါတယ်။

ဟာဝေး P9 ကင်မရာက ဘယ်လိုမျိုး focus စနစ်ကို ရွေးချယ် ခဲ့ပါစေ၊ လတ်တလောမှာ သူရဲ့ အဓိကပြိုင်ဖက်တွေနဲ့ယှဉ်ကြည့်ရင်တော့ တော်တော်လေးကို စိတ်ကျေနပ်စရာကောင်းတယ်လို့ ပြောနိုင်ပါတယ်။

huawei-leica7
Huawei P9 camera sample – pseudo f/16 aperture

ဟာဝေး P9 ကင်မရာကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း သို့မဟုတ် နိဂုံးချုပ်

များသောအားဖြင့် ဟာဝေးရဲ့ ကင်မရာတွေဟာ တခြား တရုတ်နိုင်ငံက တံဆိပ်တွေလိုပါပဲ Beauty modes ဆိုတာတွေပါရှိပါတယ်။ ဟာဝေး P9 ဖုန်းကို မိတ်ဆက်တုန်းက ထည့်မပြောပေမယ့် ကင်မရာရဲ့ modes တွေထဲမှာ မျက်နှာအလှပြင်နိုင်တာ မျက်လုံးအလှပြင်နိုင်တာ စသဖြင့် လုပ်ဆောင်ချက်တွေ ပါရှိပါတယ်။ ဗီဒီယိုရိုက်ကူးခြင်အတွက်လဲ အနှေးရိုက် slow-mo, အမြန်ရိုက် time-lapse, HDR, panorama, night shot နဲ့ တခြား စနစ်တွေပါ ထည့်သွင်းပေးထားပါတယ်။

အဲဒီစနစ်တွေကို ထည့်သွင်းထားခဲ့ပေမယ့် focus စနစ်ကောင်းမွန်အောင်လုပ်ဖို့ကျတော့ P9မှာ ကျန်ခဲ့ပါတယ်။ဟာဝေး P9 ရဲ့ manual နဲ့ point-and shoot အလွယ်တကူပြောင်းနိုင်တာ၊ တခြား နောက်ဆုံးပေါ်ဖုန်းတွေလိုမျိုးအမြန်နှုံးနဲ့ စွမ်းဆောင်ရည် မြင့်မားတာ၊ ကင်မရာမှာ ရေပြင်ညီမျဉ်း အပါအဝင် grid လိုင်းတွေထည့်ပေးထားလို့ ဓါတ်ပုံရိုက်ရင် အသုံးဝင်တာ၊ JPEG ဖိုင်တွေအပြင် RAW နဲ့လဲရိုက်လို့ရတာ စတာတွေကို ကျွန်တော်တို့ ကြိုက်ပါတယ်။

သို့ပေမယ့်လည်း ကင်မရာ နှစ်လုံးတွဲပေးထားတာ တကယ်ပဲ တစ်လုံးထက် ပိုကောင်းရဲ့လား? ခင်ဗျားဟာ အဲဒီနှစ်လုံးထဲက အဖြူအမဲပဲရိုက်လို့ရတဲ့ တစ်လုံးစာအတွက် ငွေပိုပေးထားပေမယ့် ခင်ဗျားအနေနဲ့ သုံးဖြစ်ချင်မှ သုံးဖြစ်မှာပါ။ ထို့အတူပဲ HTC ရဲ့ ကင်မရာတွေမှာ ခဏခဏဖြစ်တတ်သလိုပဲ pseudo wide aperture လုပ်ဆောင်ချက်က အဆင်မပြေဖြစ်တတ်ပါတယ်။

အလွယ်ဆုံး အရိုးသားဆုံးပြောရရင်တော့ လူတွေလိုချင်တဲ့ ကင်မရာအမျိုးအစားက မြန်ဆန်ပြီး ပုံကောင်းတွေကိုရိုက်နိုင်တဲ့ မှန်ဘီလူးတစ်လုံးသာပါတဲ့ ကင်မရာစနစ်ပါ။ ဒီလိုစနစ်မျိုးဟာ ဟာဝေးမှာ အရင်တုန်းက ရှိခဲ့ပေမယ့် P9 မှာ ကင်မရာနဲ့ sensor အပိုထည့်သွင်းလိုက်ပေးထားခြင်းအတွက် သူ့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေကို တစိတ်တပိုင်းလောက် မှေးမှိန်သွားစေတယ်ဆိုတာ အထင်အရှားပါပဲလို့ နိဂုံးချုပ်ပါရစေ။

ခင်ဗျားတို့ရဲ့ ဟာဝေး P9 အပေါ်အမြင်တွေရောဘယ်လိုများလဲ၊ ဈေးကွက်မှာရောင်းချရင် ဝယ်သုံးမှာလား စသဖြင့်ကို အောက်မှာ မှတ်ချက်ပေးခဲ့ပါ။

ကိုးကား။ ။ Mike Lowe ရဲ့ Huawei P9 Leica camera explored: Double the camera, double the fun? ကိုဘာသာပြန်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*