နာမည်ကြီး Instagram အကောင့်ပိုင်ရှင်တွေရဲ့ ငွေရှာနည်းများ အပိုင်း (၁)

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


ဆစ်ဒနီရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ နာမည်ကျော် မန်လေကမ်းခြေဘေးရဲ့ ဆောင်းတွင်းနေ့တစ်နေ့မှာ တိုရီ လေဗတ်ထ် နဲ့ အဲလက်စ် ဟေးရက်စ် တို့ဟာာ ခေါင်းစဉ် တစ်ခုကို ဆွေးနွေးနေကြပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက iPhone အသုံးပြုပြီး ငယ်ရွယ်နုပျိုမှုတွေနဲ့အတူ အောင်မြင်ကျော်ကြားမှုကို ရယူထားနိုင်ကြတဲ့ အသက် ၁၉ နှစ်အရွယ် လေဗတ်ထ် ရဲ့ Instagram မှာ Follower ပေါင်း ၄၀၀၀၀ ကျော်ရှိပြီး အသက် ၁၇ နှစ်အရွယ် ဟေးရက်စ် မှာ Follower ပေါင်း ၆၈၀၀၀ ကျော်တောင် ရှိလို့ပိုတောင်များပါသေးတယ်။ သူတို့နှစ်ယောက် ရဲ့ ကျော်ကြားလာမှုကြောင့်  ထောင်ပေါင်းများစွာသော Like တွေ ချစ်စရာကောင်းလှတဲ့ comment နေရာတွေမှာ လူငယ်လူရွယ်တွေရဲ့ဈေးကွက်ထဲကို ရောက်ရှိနိုင်ဖို့ နာမည်ကျော် ကုန်အမှတ်တံဆိပ်တွေရေးထားတဲ့ ငွေသားတွေ အခမဲ့လက်ဆောင်တွေပေးနိုင်တဲ့ comment တွေ က  မက်ဒေါ်နယ်ဆိုင်ရဲ့ အာလူးချောင်းကြော် တွေအကြောင်းကိုမေ့ထားလိုက်စေပါတယ်။

ဆစ်ဒနီရဲ့ မြောက်ပိုင်းကမ်းခြေက ဓါတ်ပုံစားတဲ့သာမန် လူငယ်တွေဟာ သူတို့ရဲ့ Instagram သုံးစွဲမှုကနေ ငွေကြေးအကျိုးအမြတ်ရနေကြလို့ သူတို့ဟာ အင်တာနက် ဒေတာ plan လေးနည်းနည်းပိုသုံးပြီး အောင်မြင်တဲ့ အပြုံးတွေရရှိနေတာပါ။ သြစတျေးလျရဲ့ လှပတဲ့ ကမ်းခြေတွေမှာ ရေလှိုင်းစီးခြင်း၊ ရေကူးခြင်း၊ ဂီတပွဲတော်တွေမှာ လည်ပတ်ခြင်းစတာတွေကို သေချာ မှတ်တမ်းတင်ပြီး ဓါတ်ပုံအသားပေးတဲ့ လူမှုမီဒီယာကွန်ယက်တွေတွေမှာ တင်ကြလေ့ရှိပါတယ်။ ခင်ဗျားတို့တစ်ခါမှမကြားဖူးတဲ့ စနေ တနင်္ဂနွေအလုပ်တွေပေါ့။

instagram4_dpmm

ဇူလိုင်လရဲ့ နေသာတဲ့ တနင်္လာနေ့တစ်နေ့မှာပေါ့ လေဗတ်ထ် နဲ့ ဟေးရက်စ် တို့ကို ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ နာမည်ကျော် မန်လေ ကမ်းခြေရဲ့ အဖြူရောင် ကမ်းခြေကို ကျောပေးပြီး ကျွန်တော်တို့ စားပွဲတစ်လုံးမှာ ထိုင်နေပါတယ်။ သူတို့ အတွဲက မြောက်ပိုင်းကမ်းခြေတွေမှာပဲ ကြီးပြင်းလာပြီး Instagram ကိုသုံးတာ ၄ နှစ်ကျော်လာပါပြီ။

ဟာသဉာဏ်ရွှင်တဲ့ ဟေးရက်စ်က ဒီနှစ်မှာ အထက်တန်းကျောင်းပြီးတော့မှာပါ။ သူရဲ့ အသက် ၁၄ နှစ်အရွယ်တုန်းကပေါ့ တကယ့် ရေလှိုင်းစီးပြိုင်ပွဲကြီးတစ်ခုမှာ ဆံပင်ရွှေရောင်နဲ့ မိန်းကလေးတွေနဲ့ အတူ Camera ရှေ့မှာ အူကြောင်ကြောင်ဖြစ်ခဲ့တဲ့အကြောင်းကို ဗီဒီယိုတွေရိုက်ပြီး You Tube မှာတင်ထားခဲ့ပါသေးတယ်။

ဟေးရက်စ်ရဲ့ ရေလှိုင်းစီးသမားဘဝနဲ့ လူမှုကွန်ယက်တွေမှာ နာမည်ကျော်မှုကြောင့် သြဇီက ကုန်အမှတ်တံဆိပ် ကုမ္ပဏီတွေက သူ့ကို သိနေခဲ့တာကြာပါပြီ။ ဒါပေမယ့် သူနဲ့ သူ့သူငယ်ချင်းတို့ ငါးမန်းတစ်ကောင်ရဲ့ အပေါ်ကနေ ရေလှိုင်းစီးနေတဲ့ ဓါတ်ပုံ (ဖိုတိုရှော့နဲ့ သုံးထားတာလဲဖြစ်နိုင်ပါတယ်) ဇွန်လမှာ ထွက်ပေါ်လာပြီးမှသာ သြဇီလူထုကတော့ ဟေးရက်စ်ကို သိလာတာပါ။

tori-double_dpmm

alex-double_dpmm

ဆယ်ကျော်သက်တွေဖြစ်တဲ့ လေဗတ်ထ် နဲ့ ဟေးရက်စ်တို့ဟာ တဖြည်းဖြည်းနဲ့ လူသိများလာပါတယ်။ ဒီအတွဲဟာ ရိုးရှင်းလွယ်ကူတဲ့ စကားလုံးတွေကို အသုံးပြုပြီး စီးပွားရေးဈေးကွက်နဲ့ပက်သက်တဲ့အကြောင်းအရာတွေကို ပြောပါတယ်။ “ဓါတ်ပုံတွေက အကြောင်းအရာတွေပါ၊ တခြား Instragrammer တွေဟာ လွှမ်းမိုးနိုင်သူတွေဖြစ်ပါတယ်။ မျက်နှာသုတ်စောင်တွေ နေရောင်ကာခရင်မ်တွေနဲ့ ငါတို့တွေ ကမ်းခြေကိုသွားနေတဲ့အချိန်မှာ Instagram မှာတော့ အရာအားလုံးက စွန့်စားခန်းတွေလေ၊ နုပျိုလတ်ဆတ်မှု နဲ့ ဓါတ်ပုံစားမှုတွေဟာ အောင်မြင်ဖို့အတွက် အဆင်သင့်ပါပဲ။” လို့သူတို့ကပြောပါတယ်။

အခုအချိန်မှာတေ့ာ  သူ့ရဲ့ Instagram က ဓါတ်ပုံတစ်ပုံကို အနည်းဆုံး Like ၃၀၀၀ လောက်ရမှာသာ ဟေးရက်စ်က အောင်မြင်တဲ့ဓါတ်ပုံတစ်ပုံ လို့ခံယူပါတယ်။ ကောင်မလေးတွေ သူ သူ့ဓါတ်ပုံအောက်မှာ မှတ်ချက်တွေပေးတာကိုလည်း စိတ်မလှုပ်ရှားတော့ပါဘူး။

ကျွန်တော့ကို အဲဒီအတွဲက အောင်မြင်တဲ့ Instargramming အကြောင်းကို Follower နဲ့ Likes တွေသုံးပြီး သေချာ ဥပမာပေး ရှင်းပြခဲ့ပါတယ်။ ကုန်အမှတ်တံဆိပ်ပစ္စည်းတွေက သူတို့အတွဲလို တက်ကြွတဲ့ ဆယ်ကျော်သက် Instagrammer တွေရဲ့ ပရိတ်သတ်ပမာဏကို အမြဲစောင့်ကြည့်လေ့ရှိတယ်ဆိုတာ လေဗတ်ထ် နဲ့ ဟေးရက်စ်က သဘောပေါက်ထားပါတယ်။ လေဗတ်ထ်က “လူတစ်ချို့မှာ Follower ထောင်ပေါင်းများစွာရှိနိုင်ပေမယ့် Like ကျတော့ အဲလောက်မရကြဘူးလေ၊” လို့ရှင်းပြပါတယ်။

ဟေးရက်စ်က ထပ်ပြီးပြောပါတယ် “သတင်းစာမှာ ကြော်ငြာဖြတ်ပိုင်းထိုးသလိုပါပဲ၊ သူတို့က ခင်ဗျားရဲ့ အသိုင်းအဝိုင်းပေါက်ရောက်နိုင်တဲ့ ပမာဏကို သိနေတယ်လေ၊ ဆိုကြပါစို့ သူတို့ လူ ၆သောင်း ၇ သောင်းလောက်ဆီကို ကြော်ငြာချင်ရင် ကျွန်တော့ဆီ ရောက်လာတယ်လေ။”

Konichigram ရဲ့ အရောင်းကိုယ်စားလှယ်ဒါရိုက်တာ အန်ဒရူး ဂရင်း က လူ တစ်သောင်းလောက် အနည်းဆုံး follow လုပ်ပြီး အဲဒီအထဲက 2-3% ပမာဏ လောက် Like လုပ်တာ မှတ်ချက်ပေးတာရှိတဲ့ အကောင့်တွေကို ကုန်အမှတ်တံဆိပ်တွေက ရှာဖွေနေပါတယ်။ ၂% ထက်နည်းတဲ့ အကောင့်တွေကတော့ ဆွဲဆောင်မှုအားနည်းပြီး သူတို့ရဲ့ follower အကောင့် အများစုက တခြား မတူညီတဲ့ အချိန်ရှိတဲ့ဒေသတွေက ဒါမှမဟုတ် bot တွေဖြစ်နေတယ်လေ လို့ပြောပါတယ်။

လေဗတ်ထ်နဲ့ ဟေးရက်စ်တို့လို လူငယ်တွေဟာ ကျော်ကြားပေမယ့်လည်း သြဇီမှာတော့ လူတွေအများစုက Big Brother လို TV show တွေ၊ ရေကူးဝတ်စုံနဲ့ ဖက်ရှင် မော်ဒယ် အလုပ်တွေကို ပိုပြီး ပက်သက်ကြပါတယ်။ Instagram မှာ အမျိုးသမီး အကောင့်တွေက အားသာပါတယ်၊ အမျိုးသားတွေအတွက်က အောင်မြင်မှုရရှိဖို့ဆိုတာ စိတ်ခေါ်မှုပါလို့ ဂရင်းက ဆိုပါတယ်၊ ဟေးရက်စ်ရဲ့ ကြိုးပမ်းထားမှုတွေလိုမျိုးပေါ့လို့ ထပ်ပြောပါတယ်။

ပါရမီရှင်လူသစ်တွေကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီဖြစ်တဲ့ Ministry of Talent နဲ့ လတ်တလော စာချုပ် ချုပ်ဆိုထားတဲ့ ဟေးရက်စ်က ကုန်အမှတ်တံဆိပ်တွေကို post တစ်ခုစီမှာ ကြော်ငြာပေးတဲ့အတွက် ငွေကြေးဘယ်လောက်တောင်းတယ်ဆိုတာ အတိအကျမပြောပါဘူး ဒါပေမယ့် မက်မောလောက်စရာကောင်းတဲ့ ပမာဏဆိုတာတော့ ဝန်ခံသွားပါတယ်။

၂၀၁၄ တုန်းက သြဇီဒေါ်လာ 5000 ကို Nutri-Grain ဆိုတဲ့ ကွေကာအုပ် တံဆိပ်တစ်ခုကနေရခဲ့ပါတယ်။ #fuelon ဆိုတဲ့ အဲဒီကုမ္ပဏီရဲ့ ကြော်ငြာ hashtag အတွက် Instagram မှာ post ပေါင်း ၄၀ ကိုတင်ပေးခဲ့ပါတယ်။ ကုမ္ပဏီက အထာကျတဲ့ စတိုင်မျိုးတွေကို သူတို့ရဲ့ ကြော်ငြာ hashtag တွေမှာ လိုချင်ခဲ့ရုံပဲလေ။ သူက ဓါတ်ပုံအများစုမှာ ရေလှိုင်းစီးတာတွေ၊ စကိတ်စီးတာတွေ နဲ့ နှင်းလျောစီးတာတွေ လုပ်ပြီး Instagram မှာတင်ခဲ့ပါတယ်။

ထင်ရှားတဲ့ Instagrammer တွေက follower ၁၀၀၀၀ လောက် ကို ကုန်အမှတ်တံဆိပ်တစ်ခုအတွက်ရဲ့ post တွေမှာ ရောက်သွားအောင်လုပ်ပေးနိုင်ရင် သြဇီ ဒေါ်လာ ၁၀၀ လောက်ရတယ်လို့ ဂရင်းက ရှင်းပြပါတယ်။ တကယ်လို့ Instagrammer က ပိုပြီး နာမည်ကြီးရင် ပိုရနိုင်တာပေါ့လို့ ထပ်ပေါင်းပြီးပြောပါတယ်။ အငယ်တန်းနဲ့ အလယ်တန်း ကုန်အမှတ်တံဆိပ်တွေက ဒီလိုလူငယ်တွေ သူတို့ရဲ့ Instagram post တွေမှာ သူတို့တံဆိပ်ပါတဲ့ တီရှပ်တွေကို တစ်ပုံ နှစ်ပုံလောက် ဝတ်ပြပေးစေဖို့ သူတို့ရဲ့ အဝတ်အစားတွေ အခမဲ့ပေးပြီး ကမ်းလှမ်းနေရပါတယ်။

alex_instagram_dpmm

ဘားတစ်ခုမှာ အလုပ်လုပ်နေတဲ့ လေဗတ်ထ်ကတော့ ဒီဂျေတစ်ယောက်ဖြစ်လာဖို့ စိတ်ကူးရှိပါတယ်၊ follower ၁၀၀၀၀ ပြည့်ပြီးတဲ့ နောက်မှာတော့ သူမရဲ့ အီးမေးလ် ကို သူမရဲ့ Instagram profile မှာ တင်ပေးခဲ့တဲ့ အချိန်ကစပြီး ကမ်းလှမ်းချက်အသစ်တွေဆက်တိုက်ရရှိခဲ့ပါတယ်။ သူမရဲ့ ဖောက်သည်အမျိုးအစားပေါ်မူတည်ပြီး သူမရဲ့ ဈေးက သြဇီ ဒေါ်လာ တစ်ရာကနေ နှစ်ရာအတွင်းရှိပါတယ်။

“နေ့တိုင်းလိုလိုပဲ လူတွေက အဲလက်စ်နဲ့ ကျွန်မဆီကို အီးမေးတွေပို့ကြပါတယ်၊ ကုန်အမှတ်တံဆိပ်တွေဆီက၊ သူတို့ရဲ့ ပွဲတော်တွေလာစေဖို့ ဆန္ဒရှိတဲ့ လူတွေဆီက၊ သူတို့ အခန်းအနားတွေကို လူသိများစေဖို့၊ အဝတ်အစား အသုံးအဆောင်နဲ့ ရေလှိုင်းစီး ဘုတ်ပြားတွေကို ကြော်ငြာချင်လို့လေ” လို့ လေဗတ်ထ်က ပြောပါတယ်။ သူမရဲ့ profile ကို ခဏလောက်အချိန်ပေးပြီးကြည့်လိုက်ရင် Zen ရေချိုးတဲ့ဆား၊ Fruiteatox ဆိုတဲ့ လဘက်ရည် နဲ့ O’Neil တံဆိပ် အမျိုးသမီး ရေကူးဝတ်စုံ စတာတွေဟာ သူမရဲ့ follower အကောင့်တွေဆီကို အကောင်းဆုံးနဲ့ ရောက်သွားအောင်လုပ်ထားနိုင်တာ တွေ့ရမှာပါ။

အတွင်းခံအဝတ်အစား အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Bonds ကတော့ ခုချိန်အထိ သူမရဲ့ အကြီးဆုံးဖောက်သည်ပါပဲ။ Bonds က သူမကို ငွေမပေးပေမယ့် Instagram မှာ Bonds တံဆိပ်ကို ဖော်ပြပေးတဲ့ အတွက် Bonds ရဲ့ ကုန်ပစ္စည်းတွေကို အခမဲ့ရတယ်လို့ လေဗတ်ထ်က ပြောပါတယ်။

bonds_instagram_dpmm
Lavett with bonds

“ဟိုးအရင်တုန်းက Sydney’s Future Music Festival လိုမျိုး ပွဲတော်တွေအတွက် အလုပ်လုပ်ပေးရတာတွေဟာ အကောင်းဆုံးကမ်းလှမ်းမှုတွေပါပဲ။ အထူးတန်း ဝင်ခွင့်လက်မှတ်တွေအလကား ပေးတော့ တော်တော်မိုက်တယ်လေ” လို့ လေဗတ်ထ်က ပြောပါတယ်။ ” သူတို့ရဲ့ tag တွေက keen for future တို့ လိုမျိုးတွေ၊ အဲဒီလိုမျိုး ကမ်းလှမ်းမှုကိုရရင်တော့ ရှယ်ပဲပေါ့”

ဒီလိုမျိုး ကောင်းကွက်တွေရှိပေမယ့်လဲ အရာအားလုံးက တော့ ကစားနည်းတွေ အခမဲ့ရတဲ ့ပစ္စည်းတွေနဲ့ ပျော်ဖို့မကောင်းပါဘူး။ Instagrammers တွေက ရည်ရှည်ရပ်တည်နိုင်ဖို့ သေချာရွေးချယ်မှုတွေ လုပ်ရပါတယ်။ အမှတ်တံဆိပ်တွေကို ကြော်ငြာပေးခြင်းအားဖြင့် သူတို့ရဲ့ follower အကောင့်တွေရဲ့ စိတ်ဝင်စားမှုကို လျော့ကျစေတာမျိုး တခါတေလကျရင် follower တွေလျော့သွားမျိုးဖြစ်သွားနိုင်လို့ပါ။ ဂရင်းကပြောပါတယ် ” သူတို့တတွေ ပုံမှန်ရနေတဲ့ follower တွေနဲ့ ထိတွေ့မှု စိတ်ဝင်စားမှုပမာဏ ရဲ့ တစ်ဝက်လောက်သာ အမှတ်တံဆိပ်တွေကြော်ငြာပေးတဲ့ post တွေမှာ ရကြမှာပါ”။

“Instagram ရဲ့ ကျဉ်းမြောင်းတဲ့ လူမှုအသိုင်းအဝိုင်းဟာ အခုချိန်မှာတော့ အရည်အချင်းရှိတဲ့ လူသစ်စုဆောင်မှုမျိုးဖြစ်လာပြီ” လို့ ဂရင်းက ပြောပါသေးတယ်။ အမှတ်တံဆိပ်အများအပြားကို လူတွေလက်လှမ်းမီလာကြပြီး ငွေသုံးဖို့ဝန်မလေးကြတော့ပါဘူး၊ မိမိတို့ရဲ့ တံဆိပ်အစစ်အမှန်တွေကို သေချာကာကွယ်ထားမှ ရတော့မှာပါ။

alex-500

beach-500

tori-500

လေဗတ်ထ် နဲ့ ဟေးရက်စ်တို့ရဲ့ လူမှုမီဒီယာနက်ဝက်မှာ အောင်မြင်မှုအတွက် မကောင်းတဲ့ကိစ္စကတော့ အတိုက်အခံတွေများလာပြီး တခါတလေမှာ ပိုပြီး ဆိုးတဲ့ ပြုမူမှုတွေကိုပါတွေ့ရလေ့ရှိပါတယ်။ သူတို့ နှစ်ယောက်ရဲ့ မနာလိုဖြစ်နေတဲ့ သူငယ်ချင်းတွေက စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တိုက်ခိုက်ကြတာပါ။

လေဗတ်ထ်က မိန်းကလေးဖြစ်တဲ့ အတွက် သူမရဲ့ ခန္ဒာကိုယ်အားနည်းချက်တွေကို တိုက်ခိုက်တဲ့ မှတ်ချက်တွေမျိုးနဲ့ လာကြပါတယ်။ “ကျွန်မမှာ နင်က ပိန်လိုက်တာ၊ အရမ်းဝတာပဲ စဖြင့် ပြောကြတဲ့သူငယ်ချင်းတွေအများအပြားရှိခဲ့ပါတယ်၊  ကျွန်မကို တကယ်ထိထိရောက်ရောက် တိုက်ခိုက်နိုင်တာမျိုးမဟုတ်ပေမယ့် တခြားသူတွေကို သွားပြောရင် ဘယ်လိုဖြစ်သွားနိုင်လဲဆိုတာ ကျွန်မပြောနိုင်ပါတယ်” လို့လေဗတ်ထ်က ပြောပါတယ်။

စိတ်ကောင်းမရှိတဲ့ ယောက်ျားတွေရဲ့ စော်ကားတဲ့ မှတ်ချက်တွေကိုလဲ မှတ်ချက်တွေကြားမှာ တွေ့ရပါတယ်။ လေဗတ်ထ်ကတော့ ဒါမျိုးမှတ်ချက်တွေ အထူးသဖြင့် အသက်ကြီးတဲ့ လူကြီးတွေဆီက သူမရဲ့ ကိုယ်ခန္ဒာကို စော်ကားတဲ့ မှတ်ချက်တွေကို စိတ်အနှောက်အယှက်ဖြစ်လို့ လူတော်တော်များများကို block ထားပြီးပါပြီ။

သူတို့ရဲ့  Instagramမှာ စီးပွားဖြစ်လုပ်ခဲ့တာကြောင့် သူငယ်ချင်းတော်တော်များများကို ဆုံးရှုံးခဲ့ဖူးတယ်လို့ နှစ်ယောက်လုံးက ဝန်ခံပါတယ်။ “ရှင့်ရဲ့ Instagram မှာ follower တွေရှိရုံနဲ့ ပဲ လူတွေက ရှင့်ကို ဘာမှသုံးစားလို့မရဘူးလု့ိ ခပ်လွယ်လွယ်ပဲ ဆုံးဖြတ်တတ်ကြတယ်လေ၊ ကျွန်မသတိထားမိသလောက် အဆိုးဆုံး အပိုင်းတွေက Instagram မှာ ပစ္စည်း အရောင်းမြှင့်တင်ရေး လုပ်ခဲ့တဲ့အချိန်တွေပေါ့” လို့ ဟေးရက်စ်က ထပ်လောင်းရှင်းပြပါတယ်။

“ကောင်းပြီလေ၊ ကျွန်မတို့ ဒီက ပိုက်ဆံရှာလို့ရတယ်၊ အလုပ်တစ်ခုလိုပဲ ဒါပေမယ့် ပျော်ဖို့လဲတကယ်ကောင်းပါတယ်၊ အဲဒါကို မနာလိုဖြစ်နေကြတာ”

သူတို့နှစ်ယောက်လုံးက Instagram မှာ အမြဲတမ်း အောင်မြင်နိုင်တယ်ဆိုတာ မယုံကြည့်ပါဘူး။ အဲဒါတွက် သူတို့ နှစ်ယောက်စလုံးက Snapchat ကိုအားထည့်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့ဘာလုပ်မယ်ဆိုတာ မေးဖို့မလိုလောက်ပါဘူး။

“ကျွန်မရဲ့ အပေါင်းအသင်းတစ်ယောက်ပြောသလိုပေါ့၊ နင့်အသက် ၄၀ရောက်ရင် ဆယ်ကျော်သက်တစ်ယောက်လို ဓါတ်ပုံတွေမှာ ကိုယ်ဟန်ပြနိုင်မှာမဟုတ်ဘူးလေ၊ ဒါပေမယ့် တခြားနည်းလမ်းတစ်ခုကို ကျွန်မစဉ်းစားမိမှာပါ”။ ပြီးတော့ ဘယ်ကို ဘယ်လိုသွားမလဲဆိုတာကြည့်ဦးမယ်လေ၊ ပြီးမှ ပြဿနာရှိလာရင်လဲ ရှင်းကြတာပေါ့” လို့ လေဗတ်ထ်က ပေါ့ပေါ့ပါးပါ့းပဲ ဖြေသွားပါတယ်။

– ဒုတိယပိုင်း ဆက်ပါဦးမည်

ကိုးကား။ ။ Aerial Bogel ရဲ့ Life styles of the Insta-famous ဆောင်းပါးကို ဘာသာပြန်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*