Instagram မှာ Follow လုပ်သင့်တဲ့ နာမည်ကျော် ဓာတ်ပုံပညာရှင် ၈ ဦး

Photo: Instagram
Unicode Version | Zawgyi-One Version

Instagram ဆိုတဲ့ App မှာပါတဲ့ filter တွေကြောင့် ကျွန်တော်တို့တွေဟာ ဓါတ်ပုံဆရာကြီးတွေအသွင်နဲ့ နှစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို့မိတ်ဆွေတွေကို လှည့်စားနေခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီ Instagram အသိုင်းအဝန်းထဲမှာ အနုပညာဆန်လွန်းတဲ့ ဓာတ်ပုံတွေနဲ့ ကမ္ဘာကသိရှိပြီးသား ဓာတ်ပုံပညာရှင် အစစ်အမှန်တွေလည်း ရှိနေကြပါတယ်။

ယိုနသန် မန်နီယန် လိုမျိုး ဂီတဦးစားပေးဓာတ်ပုံပညာရှင်တွေကနေ ဖက်ရှင်ဓာတ်ပုံဆရာ နစ်ခ်နိုက်ထ် လိုမျိုး Follow လုပ်သင့်တဲ့ နာမည်ကြီး ဓါတ်ပုံဆရာ ရှစ်ဦးရဲ့ အမည်များကို ဖော်ပြပေးလိုက်ပါတယ်။

1. Ellen Von Unwerth
ဖက်ရှင်ဓာတ်ပုံပညာရှင် အယ်လန် ဗွန် အန်ဝါသ့် ရဲ့ အင်စတာ အကောင့်က ဘယ်အချိန်ကြည့်ကြည့် ပေါ့ပ်ဂီတယဉ်ကျေးမှုတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ မင်းသမီး ဒရူးဘယ်ရီမိုး နဲ့ ကင်မ်ကဒက်ရှန် လို စတားတွေတောင် သူ့ရဲ့ ပုံမှန်ဓါတ်ပုံတွေနဲ့ လျှပ်တပြက်ရိုက်ချက်တွေထဲမှာတောင် ပါဝင်နေတာကိုတွေ့နိုင်ပါတယ်။

Happy belated Birthday🌹🌹🌹🎂🎈@kylieminogue ❤️❤️❤️

A photo posted by Ellen von Unwerth (@ellenvonunwerth) on

IMAGE: @ELLENVONUNWERTH ON INSTAGRAM

2. Ira Block
အိုင်ရာ ဘလော့ခ် က National Geographic အတွက် ကမ္ဘာပတ်ပြီး ဓာတ်ပုံရိုက်ကူးနေခဲ့တာ ၇၀ ခုနှစ်များစီကတည်းက ဖြစ်ပါတယ်။ အရောင်အသွေးစုံလှတဲ့ မက်ဆီကို၊ နယူးရောခ့်ရဲ့ လမ်းတွေ နဲ့ ထိုင်းနိုင်ငံရဲ့ ရေပြင်တွေအထိ သူရဲ့ ဓာတ်ပုံဘဝကိုထင်ဟပ်နေတဲ့ Instagram feed မှာ ကြည့်ရှုနိုင်ပါတယ်။

IMAGE: @IRABLOCKPHOTO ON INSTAGRAM

3. Nick Knight

ဆာဘွဲ့ရထားတဲ့ ဓာတ်ပုံဆရာ နစ်ခ်နိုက်ထ် ဖြစ်ပါတယ်။ Vogue နဲ့ W ကဲ့သို့သော ဖက်ရှင်မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့တဲ့ အင်္ဂလိပ်ဓါတ်ပုံဆရာဆီမှာ အလက်ဇန္ဒားမက်ခ်ကွင်း၊ ကယ်လ်ဗင်ကလိန်း နဲ့ ဒိုင်အော် တို့လို တံဆိပ်တွေအတွက် အလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေအများကြီးရှိပါတယ်။ ပေါ့ပ်ဂီတ ကမ္ဘာမှာ နာမည်ကျော်ခဲ့ပြီး Bjork နဲ့ လေဒီ ဂါဂါတို့အတွက်လည်း ဂီတဗီဒီယိုတွေကို ဒါရိုက်တာလုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

IMAGE: @SHOWSTUDIO_NICK_KNIGHT ON INSTAGRAM

4. Pete Souza
ပိထ် ဆိုဇာ ဆိုတာ သမ္မတတွေ အတွက် ဓာတ်ပုံရိုက်ပေးသူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားအတွက် အိမ်ဖြူတော်ဓာတ်ပုံဆရာအကြီးအမှုးအဖြစ် အလုပ်လုပ်ပေးနေသူပါ။ ၁၉၈၃-၁၉၈၉ ခုနှစ်များမှာလည်း သမ္မတ ရော်နယ်ရေဂင်အတွက် ဒီရာထူးနဲ့ အလုပ်လုပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ သူရဲ့ Instagram မှာတော့ အိမ်ဖြူတော်၊ အိမ်ဖြူတော်နောက်ကွယ်က နိုင်ငံရေးနဲ့ပက်သက်တဲ့ ဓါတ်ပုံတွေ ပြည့်နေတာကိုတွေ့နိုင်ပါတယ်။

President Obama greets His Holiness the XIV Dalai Lama at the entrance of the Map Room of the White House today.

A photo posted by Pete Souza (@petesouza) on

IMAGE: @PETESOUZA ON INSTAGRAM

5. Jonathan Mannion
ဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုစက်ဝန်းတွေနဲ့ အတူ ဓါတ်ပုံပညာရှင် ယိုနသန် မန်နီယွန် ရဲ့ မှန်ဘီလူးတွေတော်တောေ်လး အသားကျနေခဲ့တာကြာပါပြီ။ ဟစ်ပ်ဟော့ပ်မျိုးဆက်တွေရဲ့ ထိပ်သီးတွေဖြစ်တဲ့ Biggie၊ Busta Rhymes နဲ့ Lil Wayne တို့လိုဂီတပညာရှင်တွေကို ဒီဓာတ်ပုံဆရာက ရိုက်ကူးပေးခဲ့ပါတယ်။ နာမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် Jay Z ရဲ့ အကောင်းဆုံး ဂီတအယ်လ်ဘမ်လို့ပြောလို့ရတဲ့ Reasonable Doubt ရဲ့ အဖုံးဓါတ်ပုံကို ယိုနသန်က ရိုက်ကူးပေးခဲ့ပါတယ်။

IMAGE: @JONATHANMANNION ON INSTAGRAM

6. Brad Elterman
ဂန္ထဝင် ဂီတလောကရဲ့ ဓါတ်ပုံဆရာတွေအကြောင်းပြောကြစတမ်းဆိုရင် ဘရဒ် အယ်လ်တာမန် ဆိုတာ Rock ‘n’ Roll ခေတ်ကို ပိုင်စိုးခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်။ ဟောလီးဝုဒ်ရဲ့ ဂီတလောက ပုံရိပ်တွေကို ၇၀ ခုနှစ်တွေဆီကတည်းက ရိုက်ကူးခဲ့ရာမှာ နာမည်ကျော်တွေဖြစ်ကြတဲ့ Runaways၊ The Sex Pistols၊ David Bowie၊ the Who နဲ့ The Ramones စတဲ့ဂီတအဖွဲ့တွေအပြင် အခြားဂီတအဖွဲ့ တွေရဲ့ ဓါတ်ပုံတွေ ပါဝင်ခဲ့ပါတယ်။

IMAGE: @BRADELTERMAN ON INSTAGRAM
7. Ami Vitale
အေမီ ဗိုက်တေးလ် ရဲ့ ခရီးသွားတမ်းချင်းတွေဆိုတာ နိုင်ငံပေါင်း ၈၅ နိုင်ငံကျော်ကိုလှည့်လည်သွားလာပြီးမှ ဖြစ်လာတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ကမ္ဘာတလွှားက မတူညီတဲ့ ယဉ်ကျေးမှုတွေကို ဦးစားပေးထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို Time နဲ့ National Geographic လိုမျိုး မဂ္ဂဇင်းတွေမှာ ဖော်ပြခံခဲ့ရပြီးသွားပါပြီ။ သူမဟာ နီကွန်ရဲ့ ကိုယ်စားလှယ်တစ်ယောက်လည်းဖြစ်ပါတယ်။

IMAGE: @AMIVITALE ON INSTAGRAM

8. Hank Willis Thomas

Guggenheim ပြတိုက် ကနေ Whitney လိုမျိုးမော်ဒန် အနုပညာပြတိုက်တွေတောင် Installation အနုပညာရှင် သို့မဟုတ် Conceptual အနုပညာရှင် ဟန့်ခ် ဝီလစ်စ် သောမတ်စ် ရဲ့ ဓါတ်ပုံတွေကို ပြသခဲ့ပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေက တခါတရံမှာ လူမျိုးစုနဲ့ ယဉ်ကျေးမှုဆန်ဆန် ပုံစံတွေကို အသားပေးထားတာ တွေ့မြင်ရနိုင်ပါတယ်။

IMAGE: @HANKWILLISTHOMAS ON INSTAGRAM

ကိုးကား။ ။ YOHANA DESTA ရဲ့ 8 Famous Photographers Worth Following on Instagram


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*