iPhone 7 အတွက် Olloclip ရဲ့ မှန်ဘီလူးစနစ်အသစ်

Unicode Version | Zawgyi-One Version

ကျွန်တော့ iPhone6 အတွက်အသုံးပြုတဲ့ Olloclip တံဆိပ်မှန်ဘီလူးအသေးစားလေးတွေ နဲ့ ကျွန်တော့် ကျောပိုးအိတ်က ပြည့်နေတတ်ပြီး ကမ္ဘာအနှံ့ခရီးသွားတဲ့အခါ ကျွန်တော် သယ်သွားလေ့ရှိပါတယ်။ ခုတော့ iPhone 7 ထွက်လာတဲ့အချိန်မှာတော့ ကျွန်တော်ဒီမှန်ဘီလူးတွေကို အသုံးပြုလို့မရတော့ပါဘူး။

ကျွန်တော့်အတွက် အသုံးဝင်မယ့် မှန်ဘီလူးအသစ်တွေလိုအပ်လာချိန်မှာတော့ Olloclip က ကျွန်တော့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်ပုံပါပဲ။

ဒီကုမ္မဏီက iPhone တွေအတွက် macro,fish-eye,wide-angle နဲ့ telephoto မှန်ဘီလူးတွေ၊ မှန်ဘီလူးတွဲဖက်အသုံးအဆောင်ပစ္စည်းတွေကို iPhone 5 ခေတ်ကတည်းက ထုတ်လုပ်လာခဲ့ပြီး Apple က သူတို့ရဲ့ ဖုန်းဒီဇိုင်းတွေပြောင်းတိုင်း သူတို့ရဲ့မှန်ဘီလူးတွေကို ဒီဇိုင်းလိုက်ပြောင်းလေ့ရှိပါတယ်။

iPhone 7 ကို ရုတ်တရက်ကြည့်လိုက်ရင် iPhone 6s နဲ့ ပုံစံတူတယ်လို့ထင်ရပေမယ့် Olloclip အတွက်ကတော့ မတူညီပါဘူး။ မတူညီတဲ့အဓိက အချက်တစ်ချက်က iPhone 7 ရဲ့ ကင်မရာနဲ့ မှန်ဘီလူးက ပိုကြီးပြီး iPhone 7 plus အတွက်ဆိုရင် ကင်မရာက နှစ်လုံးတောင် ပါလာလို့ဘဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် Olloclip မှန်ဘီလူးအဟောင်းက ဖုန်းမော်ဒယ်အသစ်အတွက် အသုံးပြုဖို့မဖြစ်နိုင်တော့ပါဘူး။

ကျန်ခဲ့တဲ့ တနင်္လာနေ့က iPhone 7 နဲ့ iPhone 7s အတွက် အသုံးပြုလို့ရမယ့် မှန်ဘီလူးစနစ်အသစ်ကို ကြေငြာခဲ့ပါတယ်။ မှန်ဘီလူးအရည်အသွေးအသစ် ( မှန်သားအလွှာအစုံနဲ့ ဆေးတစ်လွှာသုတ်ထားတဲ့မှန်ဘီလူးအမျိုးအစား) ကြောင့် ဖုန်းနဲ့တပ်ဆင်ပေးတဲ့အပိုင်းက အမြင်သစ်ဖြစ်နေပြီး လုပ်ဆောင်ပုံကလဲ ကွဲပြားသွားပါတယ်။

Lens holder : Photo Amazon
Connect Lens System: Photo Amazon

Olloclip က သူ့ရဲ့ ဖြုတ်တပ်နိုင်တဲ့ မှန်ဘီလူးစနစ်ကို “Connect” လို့အမည်ပေးထားပါတယ်။ ပထမဆုံးအကြိမ်အဖြစ် မှန်ဘီလူးအိမ်နဲ့ မှန်ဘီလူး ပေါင် ကို ဆွဲထုတ်လိုက်တာနဲ့ ၂ ပိုင်းဖြစ်သွားအောင် ဖန်တီးထားပါတယ်။ မှန်ဘီလူးထုတ်လုပ်သူရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီစနစ်အသစ်က သူ့ရဲ့ မှန်ဘီလူးတိုင်းကို iPhone ရဲ့ ကင်မရာမှန်ဘီလူးတွေမှာ တပ်ဆင်ခွင့်ပေးထားပါတယ်။ iPhone 7 ရဲ့ အကာအကွယ်ပေးတဲ့ ကာဗာအလွှာတပ်ထားရင်တောင် အသုံးပြုလို့ရစေမယ်လို့ ဆိုထားပါတယ်။

“Connect™ က ကာလရှည်ကြာကြိုးပမ်းခဲ့ရတဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး Olloclip ထုတ်လုပ်ခဲ့သမျှမှန်ဘီလူးစနစ်တွေထဲမှာတော့ အကောင်းဆုံး လို့ပြောလို့ရပါတယ် လို့ Olloclip ကိုတည်ထောင်သူ ပက်ထရစ် အိုနေးလ် က ပြောပြခဲ့ပါတယ်ဒ

ဒီမှန်ဘီလူးစနစ်မတိုင်ခင်တုန်းက Olloclip မှန်ဘီလူးတွေအများကြီးရှိခဲ့ပြီး ဈေးသက်သာတဲ့ မှန်ဘီလူးတော့မရှိခဲ့ပါဘူး။

ဈေးနှုံး

ဈေးအသက်သာဆုံး အတွဲဖြစ်တဲ့ “Macro Pro Lens” အတွဲတောင် အမေရိကန်ဒေါ်လာ ၇၉.၉၉ ရှိပါတယ်။ ၇ဆ၊ ၁၄ဆ နဲ့ ၂၁ဆ အထိ အနီးကပ်ဆွဲလို့ရတဲ့ မက်ကရိုမှန်ဘီလူးတွေပါတဲ့ အတွဲပါ။ ၂၁ဆ မှန်ဘီလူးကို ကျွန်တော်တစ်ခါအသုံးပြုဖူးပြီး မက်ကရိုစကုပ်က ရုပ်ထွက်နီးပါးရတဲ့အတွက် ကင်မရာထဲက ရုပ်ပုံတွေမှာ ကမ္ဘာသစ်တစ်ခုကို ရောက်သွားသလိုဖြစ်နေပါတယ်။ နောက်ထပ် အမျိုးအစားတစ်ခုက “Core Lens Set” လို့ခေါ်တဲ့ အတွဲဖြစ်ပြီး fish-eye, super-wide (၁၂၀ ဒီကရီမြင်ကွင်းကျယ်) နဲ့ 15x macro မှန်ဘီလူးတို့ ပါဝင်ပါတယ်။ ဈေးကတော့ ၉၉.၉၉ အမေရိကန်ဒေါ်လာပါ။

“Active Lens Set” လို့ခေါ်တဲ့ အမျိုးအစားကတော့ ဈေးအကြီးဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၁၉.၉၉ ကျသင့်ပါလိမ့်မယ်။ ultra-wide angle (၁၅၅ ဒီကရီ မြင်ကွင်းကျယ်) နဲ့ ၂ ဆ ချဲ့ကြည့်လို့ရမယ့် zoom မှန်ဘီလူးတို့ ပါဝင်ပါတယ်။ သို့ပေမယ့် ကံမကောင်းစွာနဲ့ပဲ iPhone 7 plus ရဲ့မူရင်းပါဝင်တဲ့ telephoto မှန်ဘီလူးအတွက် Olloclip ရဲ့ zoom မှန်ဘီလူးက အလုပ်မလုပ်ပါဘူး။

iPhone မော်ဒယ်အသစ်တစ်ခုပေါ်တိုင်း မိုဘိုင်းဓာတ်ပုံပညာရပ်က ဆက်တိုက်ဆိုသလို တိုးတက်လာနေတာဖြစ်ပြီး နောက်ထပ်ဖြစ်လာနိုင်တဲ့ ခေတ်ရှေ့ပြေး အမျိုးအစားတွေကို လက်ခံရပ်လိမ့်မယ်” လွန်ခဲ့တဲ့ ၅ နှစ် ကျွန်တော်တို့ စတင်ခဲ့ချိန်ကို ပြန်စဉ်းစားလိုက်တိုင်း အခုအချိန်ကာလက စိတ်လှုပ်ရှားဖို့အကောင်းဆုံးပါပဲလို့” အိုနေလ် ကဆိုပါတယ်။

မှန်ဘီလူးစနစ်တွေအားလုံးကို နောက်လအစောပိုင်းထဲမှာ ဈေးကွက်ထဲ ဖြန့်ချိပါ့မယ်။

Ref: Mashable.


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*