True Zoom အစစ်လို့ပြောလို့ရတဲ့ iPhone 7 Plus ရဲ့ ကင်မရာ နှစ်လုံးတွဲ

IMAGE: JOSH EDELSON/GETTY IMAGES
Unicode Version | Zawgyi-One Version

ကင်မရာနှစ်လုံးကို ဖုန်းမှာတပ်ပေးလိုက်ခြင်းဟာ သင့်ရဲ့ဖုန်းနဲ့ရိုက်တဲ့ဓာတ်ပုံတွေ နှစ်ဆပိုကောင်းစေနိုင်ရဲ့လား? Apple က ဒီအချက်ကို သေသေချာချာကြီး မျှော်လင့်ထားပါတယ်။

အသစ်ထွက်တဲ့ iPhone 7 Plus စမတ်ဖုန်းမှာ “Dual Camera” လို့ခေါ်တဲ့ ကင်မရာ နှစ်လုံးတပ်ဆင်ထားပါတယ်။ ကျန်ခဲ့တဲ့ နှစ်ရက်က ဆန်ဖရန်စစ်စကိုမှာပြုလုပ်ခဲ့တဲ့ အခမ်းအနား တစ်ခုမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဈေးအနည်းငယ်သက်သာတဲ့ iPhone 7 မှာတော့ ဒီလိုမျိုး ကင်မရာ နှစ်လုံး ပါဝင်မှာမဟုတ်ဘဲ မိုဘိုင်းဓာတ်ပုံပညာကို ခြေလှမ်းတစ်ခုတိုးတဲ့အနေနဲ့ Plus မော်ဒယ်ဖုန်းတွေမှာ Optical Zoom လုပ်ဆောင်မှုနဲ့ Special Portrait စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါဟာ သင့်ကင်မရာရဲ့ ချောမွေ့နေတဲ့ နောက်ကျောဘက်ကို ကြီးမားတဲ့ ကင်မရာတပ်ခုတပ်ဆင်ပြီး အဆင့်မြှင့်တင်ပေးလိုက်သလိုမျိုးဖြစ်ပါတယ်။

အသေးစိတ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

တိုးတက်လာတဲ့ zoom စွမ်းဆောင်ရည်

စမတ်ဖုန်းအများစုက digital zoom လို့ခေါ်တဲ့ ဆော့ဖ်ဝဲနဲ့ zoom လုပ်တဲ့စနစ်သာပါဝင်ပြီး တကယ်တော့ စားသုံးသူကို လိမ်ထားတာပါ၊ တကယ်တမ်းက သာမန်ရိုက်ကူးထားတဲ့ဓာတ်ပုံရဲ့ အစိတ်အပိုင်းတစ်ခုကို ဖြတ်ထုတ်လိုက်ခြင်းအားဖြင့် နီးသွားသယောင် ထင်နေရတာပါ။ ဒါကို သေချာအနီးကပ်ကြည့်ရင် သို့မဟုတ် ပုံနှိပ်ကြည့်ခြင်းအားဖြင့် ရုပ်ထွက်တွေက တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ကုန်တာကို စမ်းသပ်တွေ့ရှိနိုင်ပါတယ်။ အဲဒီအစား Zoom မလုပ်ဘဲ အရှေ့ကို တိုးပြီးရိုက်လိုက်တဲ့ပုံတွေက ပိုပြီး အသေးစိတ်နဲ့ ကြည့်ကောင်းတာကို သတိထားမိမှာပါ။

iPhone 7 Plus ရဲ့ ကင်မရာနှစ်လုံးမှာ တစ်လုံးကို တကယ့်ကို zoom လုပ်လို့ရပါတယ်။ အဲဒီအတွက် တကယ့်အစစ်အမှန် 2x Zoom ဓာတ်ပုံတွေကို 12 MP ကင်မရာနဲ့ iPhone 7 Plus မှာ ရိုက်ကူးနိုင်မှာပါ။ ကင်မရာနှစ်လုံးမှာ တစ်လုံးက မြင်ကွင်းကျယ် 28mm ဖြစ်ပြီး အခြားတစ်လုံးက telephoto 55mm မှန်ဘီလူးဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ ခပ်လှမ်းလှမ်းအကွာအဝေးက ရိုက်ချက်တွေအတွက် ပိုကောင်းတဲံ အရည်အသွေးနဲ့ ဓာတ်ပုံတွေရနိုင်မှာဖြစ်ပါတယ်။

IMAGE: APPLE
IMAGE: APPLE

10X zoom အထိရနိုင်တယ်လို့ Apple ကဆိုထားပေမယ့် တကယ်တမ်းတော့ 2X ထက်ပိုတဲ့ Zoom တွေအားလုံးအတွက် ဆော့ဖ်ဝဲလုပ်ဆောင်မှုတွေလိုလာပါလိမ့်မယ်။ အဲဒါက ဘာကိုဆိုလိုလဲဆိုတော့ ခြုံငုံပြီးပြောရရင် ပိုပြီး ပြတ်သားတဲ့ ပုံတွေရနိုင်အောင် ကင်မရာနှစ်လုံးက ထောက်ပံ့ပေးနိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

Portrait ပုံတွေပိုကောင်းလာနိုင်ခြင်း

iPhone 7 Plus မှာ Portrait ဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုထည့်သွင်းထားပြီး ယခုနှစ်ကုန်ခါနီးမှာထုတ်ပေးမယ့် ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှုမှာ ပါဝင်လာပါလိမ့်မယ်။ Apple ရဲ့အဆိုအရ သင့်ဓာတ်ပုံတွေထဲက မျက်နှာတွေကို မှတ်မိနိုင်စေတဲ့နည်းစနစ်ကို Portrait Mode ကအသုံးပြုပါလိမ့်မယ်။ ကင်မရာနှစ်လုံးကလည်း iPhone ကိုအသုံးပြုပီး ဓာတ်ပုံထဲကနောက်ခံကို အလိုအလျောက် ဝါးသွားအောင်လုပ်ဆောင်ပေးခြင်းအားဖြင့် DOF လုပ်ဆောင်မှုနဲ့ သင့်ရဲ့ မျက်နှာ အနီးကပ်ရိုက်ချက်တွေကို ပိုပီပြင်လာပါစေလိမ့်မယ်လို့ ဆိုပါတယ်။

IMAGE: APPLE
IMAGE: APPLE

REF: http://mashable.com


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*