Karma Drone ကို Hero5 Black ကင်မရာအသစ်နှင့်အတူ GoPro မှ ပြသ

Unicode Version | Zawgyi-One Version

Karma အမှတ်တံဆိပ် Drone ရဲ့ ဗီဒီယိုကို ထုတ်ပြလိုက်ခြင်းအားဖြင့် GoPro က သူတို့သေချာပြင်ဆင်ထားတဲ့ နောက်ဆုံးပေါ် Drone ကို ကျွန်တော်တို့ကို ပြသလိုက်ပါတယ်။ Karma drone ချည်းသီးသန့်မဟုတ်ပါဘူး GoPro ရဲ့ နာမည်ကျော် Hero ကင်မရာတွေထဲက နောက်ဆုံးမျိုးဆက်သစ်ဖြစ်တဲ့ Hero5 ကင်မရာပါ ပူးတွဲထုတ်ပြလိုက်တာပါ။ ရုပ်ရှင်ဗီဒီယိုမြင်ကွင်းပုံရိပ်အရည်အသွေးကို ပိုမိုကောင်းမွန်လာအောင် အဆင့်မြှင့်တင်လိုက်တဲ့ stabilization စနစ်က အံမခန်းပါပဲ။ (ပူးတွဲပါ ဗီဒီယိုဖိုင်ထဲက ၁မိနစ် ၁၅ စက္ကန့်အခန်းကိုကြည့်ပါ)။ GoPro နဲ့ရိုက်ထားတာလား အရည်အသွေးမြင့် ရုပ်ရှင်ကင်မရာကြီးတွေနဲ့ရိုက်ထားတာလားဆိုတာကိုတောင် လွယ်လွယ်နဲ့ ခွဲခြားမရနိုင်တော့ပါဘူး။

ကဲဈေးနှုန်းကရော? Karma drone နဲ့အတူ remote ရယ် ကျောပိုးအိတ်ရယ် Gimbal Handrip (stabilizer လက်ကိုင်) ရယ် သုံးခုပေါင်းကို အမေရိကန် ၇၉၉ နဲ့ရောင်းချမှာဖြစ်ပါတယ်။

Karma Drone

Karma Drone အကြောင်းစပြောရအောင်။ Gimbal စနစ်ကို drone တွေမှာတပ်ဆင်ဖို့ GoPro က ဆုံးဖြတ်ထားခဲ့ပါတယ်။ Karma Drone kit မှာ GoPro အတွက် grip တစ်ခု (လက်နဲ့လည်းကိုင်လို့ရတဲ့) အပိုထည့်သွင်းပေးထားပြီး stabilization ရအောင် ရွေ့လျားပေးခြင်းအားဖြင့် ဗီဒီယိုပုံရိပ်တွေကို တည်ငြိမ်စေပါတယ်။ ဒီစနစ်ကြောင့် ခင်ဗျားမြေပြင်ပေါ်မှာ GoPro ကို Grip နဲ့ရိုက်ပြီးသွားရင် ကောင်းကင်မှာ ရိုက်လို့ရအောင် Drone မှာ အလွယ်တကူတပ်ဆင်ပေးလိုက်ရုံပါပဲ။ ဒီလက်ကိုင်စနစ်ကြောင့် ဒေါ်လာရာဂဏန်းအနည်းငယ် ပိုသုံးလိုက်ရုံနဲ့ သင့်ရဲ့ GoPro ကင်မရာအပြင် မိုဘိုင်းဖုန်းဗီဒီယိုတွေအတွက်ပါ အသုံးပြုလို့ရနိုင်တော့မှာဖြစ်တဲ့အတွက် အပိုဆုလို့ပြောလို့ရလာပါလိမ့်မယ်။

karma_315_hero5_black2_master-1024x1024

GoPro က နာမည်ကျော် DJI ရဲ့ Osmo မိုဘိုင်း ဈေးကွက်ကို ရယူဖို့ မျှော်လင့်ထားတယ်ဆိုတာ သံသယကင်းကင်းနဲ့ ပြောလို့ရပါတယ်။

Karma မှာ အလွယ်တကူဖြုတ်တပ်လို့ရတဲ့ လက်တံတွေ၊ ပန်ကာတွေနဲ့ မြေပြင်ဆင်းဂီယာတွေတပ်ဆင်ထားလို့ အနာဂတ်မှာ အဲဒီအစိတ်အပိုင်းတွေပျက်သွားရင်တောင်မှ အသုံးပြုသူက လွယ်လွယ်ကူကူနဲ့ ပြန်လည်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာတစ်ခုက လုံခြုံရေးဆိုင်ရာ အတားအဆီးတွေရှိနေခဲ့ရင် ကြိုသိနိုင်တဲ့စနစ်ဖြစ်ပါတယ်။ မပျံသန်းရနယ်မြေတွေကို Karma Dronမှာ တပါတည်း ထည့်သွင်းပေးထားလို့ တားဆီးထားတဲ့ လေပိုင်နက်တွေကို ရှောင်လွှဲနိုင်မှာပါ။ အရွယ်အစားအားဖြင့်လည်း ဈေးကွက်အတွင်းကသူ့ရဲ့ ပြိုက်ဘက်တွေထက် အနည်းငယ်သေးငယ်ပြီး လက်တံတွေကို အတွင်းဘက်ကို ခေါက်သိမ်းနိုင်ပါတယ်။ Drone၊ remote နဲ့ လက်ကိုင် grip တွေကို အတူထည့်လို့ရတဲ့ Karma ကျောပိုးအိတ်နဲ့အတူ ဈေးကွက်အတွင်းကို အောက်တိုဘာ ၂၃ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၇၉၉ ဖြစ်ပါတယ်။

Hero5 Black

Hero5 Black
Hero5 Black

Hero5 Black က GoPro ရဲ့အကောင်းဆုံးကင်မရာဖြစ်လာပါတယ်။ အသံနဲ့ထိမ်းချုပ်လို့ရတဲ့ စနစ်သစ်ပါဝင်လာတဲ့အပြင် ပါဝါခလုတ်စနစ်အသစ်မှာ ပုံမှန်၊ ဆက်တိုက်ရိုက်ကူးခြင်းနဲ့ မှတ်တမ်းယူခြင်း အားလုံးကို စုပေါင်းပြီးထည့်သွင်းပေးထားလို့ အလွယ်တကူနဲ့ အဆင်သင့်ရိုက်ကူးနိုင်ပါလိမ့်မယ်။ Hero5 ရဲ့ ဗီဒီယိုအရည်အသွေးက ရုပ်ရှင်ကင်မရာအရည်အသွေးနဲ့ ပိုတူလာလို့ ဒီအချက်က Hero5 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်လို့တောင် ပြောလို့ရပါတယ်။ Stabilization စနစ်ကို ကင်မရာမှာ တပါတည်းထည့်သွင်းပေးထားလို့ ပြေပြစ်တည်ငြိမ် တဲ့ ဗီဒီယိုတွေရမှာဖြစ်ပြီး သာမန် GoPro တွေရဲ့ ပြုပြင်ထားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ လုံးဝတူညီတော့မှာမဟုတ်ပါဘူး။ နမူနာ ပြထားတဲ့ 4K ဗီဒီယိုဖိုင်ကိုကြည့်ရတာ အံမခန်းပါပဲ။ ဓာတ်ပုံတွေအတွက်ဆိုရင်လည်း RAW နဲ့ HDR အဆင်သင့် ပုံတွေရနိုင်ပြီး ဒါတွေအားလုံးက Hero5 Black မှာ ပါဝင်လာတာဖြစ်ပါတယ်။

Hero5 Black ကို ရေလုံကိုယ်ထည်နဲ့ ထွက်လာပြီး touch screen တစ်ခုနဲ့ နေရာအမှတ်အသားပြနိုင်ဖို့ GPS လည်း ပါဝင်လာပါသေးတယ်။Hero5 Black ကို အမေရိကန်ဒေါ်လာ ၃၉၉.၉၉ နဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ ဈေးကွက်ထဲ ဖြန့်ချိပါမယ်။

Hero5 Session

Hero5 Session
Hero5 Session

Hero5 session ကတော့ GoPro ရဲ့ အံစာတုံးပုံစံ မျိုးဆက်သစ် action ကင်မရာဖြစ်ပြီး Black အမျိုးအစားရဲ့ လုပ်ဆောင်မှုတွေနဲ့ တူညီတာ အများစုပါဝင်ပါတယ်။ ပိုမိုသေးငယ်ပြီး ဈေးနှုံးက အမေရိကန်ဒေါ်လာ ၂၉၉.၉၉ ဖြစ်လို့ ဈေးလဲပိုသက်သာပါတယ်။ Touch screen မပါဝင်တော့ပေမယ့် 4K အရည်အသွေး ဗီဒီယိုနဲ့ image stabilization ပါဝင်ပါတယ်။ ဓာတ်ပုံတွေအတွက်ဆိုရင်လည်း RAW နဲ့ HDR အဆင်သင့် ပုံတွေရနိုင်ပေမယ့် ရုပ်ပုံအရည်အသွေးက 10MP ဖြစ်သွားပြီး Hero5 Black မှာ 12MP ဖြစ်ပါတယ်။

Hero5 session ကို အောက်တိုဘာ ၂ရက်နေ့မှာပဲ Hero5 Black နဲ့အတူ ဈေးကွက်အတွင်းရောင်းချမှာဖြစ်ပါတယ်။

REF: fstoppers.com


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*