Live video stream တွေကို စမတ်ဖုန်းမသုံးဘဲ YouTube ပေါ်ကို တိုက်ရိုက် တင်ပေးနိုင်တဲ့ LG Action Cam

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


LG G5 စမတ်ဖုန်းအတွက် YouTube ကဲ့သို့သော Streaming media တွေမှာ တိုက်ရိုက်ထုတ်လွှင့်လို့ရအောင် လုပ်ဆောင်ပေးနိုင်တဲ့ ကင်မရာအသေးလေး သို့မဟုတ် မိတ်ဆွေအသစ်ရလာပါပြီ၊ ထူးခြားချက်က ကြားခံ စမတ်ဖုန်း သုံးစရာမလိုဘဲ Youtube စတာတွေ ပေါ်ကို တိုက်ရိုက်တင်ပေးနိုင်ခြင်းဖြစ်ပါတယ်။

HD/full HD/UHD အတွက် အဆင်သင့်ဖြစ်နေတဲ့ LG Action Cam ဟာ 12.3 မီဂါပစ်ဇယ် ရှိပြီး 120/60/30 frames per second နဲ့ အသီးအသီး ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့်လည်း live streaming အတွက် 720p နဲ့ 30fps ကိုသာ အသုံးပြုနိုင်မှာပါ။

LGcam-dpmm

ကင်မရာက LTE, WiFi/bluetooth စတဲ့ ကြိုးမဲ့ဆက်သွယ်မှုကွန်ယက်မှာ အမြဲတမ်း ချိတ်ဆက်နေပြီးအလုပ်လုပ်ပါတယ်။ ကင်မရာရဲ့ OS အတွက် ကလွဲလို့ 4GB သိုလှောင်နိုင်ပြီး Memory ကတော့ 2GB  ပါရှိပါတယ်။ 1400 mAh ဘထ္ထရီဟာ HD ရိုက်ကူးမှုအတွက် ၄ နာရီအထိ ထောက်ပံ့ပေးနိုင်သလို အခြားသော လုပ်ဆောင်မှုများဖြစ်တဲ့ microSD card, Accelerometer နဲ့ gyroscope တို့လဲ ပါဝင်ပါတယ်။

IP67 အဆင့်ရှိ ဖုန်နဲ့ ရေစိုဒဏ် မှ ကာကွယ်ပေးတဲ့ စနစ်ပါဝင်တဲ့အတွက် ရေ ၁ မီတာ အနက်မှာ မိနစ် ၃၀ လောက် နှစ်ထားပြီး အသုံးပြုနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်က သင့်အတွက် မလုံလောက်ဘူးဆိုရင်တော့ LG က ရေလုံ ဘူးခွံကို ဒီနှစ်ကုန်ခါနီးမှာ ဈေးကွက်ထဲကို ပို့ဆောင်ပေးပါလိမ့်မယ်။

ဗီဒီယို အရည်အသွေးကိုကြည့်မယ်ဆိုရင် နောက်ဆုံးပေါ် အရည်သွေးအသင့်အတင့်ရှိတဲ့ အမျိုးအစားလို့သတ်မှတ်နိုင်ပါတယ်။ Sensor အရွယ်အစား 1/2.3 ရှိပြီး 1.55µm အရွယ်အစားရှိတဲ့ pixelsတွေ၊ မြင်ကွင်းကျယ် ၁၅၀ ဒီဂရီ မြင်ရတဲ့ LG Action Cam ဟာ သူနဲ့ မတိမ်းမယိမ်းရှိတဲ့ GoPro Hero Session နဲ့ ရင်ဘောင်တန်းပါတယ်။

LG Phone ကိုဖွင့်စရာတောင်မလိုတဲ့အချိန်မှာ Online Video streaming လုပ်ဆောင်ချက်ကို ပြုလုပ်နိုင်တာဟာ LG Action Cam ရဲ့ အရေးအပါဆုံး စွမ်းဆောင်ရည်ဖြစ်ပြီး နာမည်ကျော် GoPro ကလောလောဆယ် မစွမ်းဆောင်နိုင်သေးပါဘူး။ ဒါတင်မကသေးပါဘူး LG ရဲ့ အစီအစဉ်ထဲမှာ LG 360 Cam ဆိုတာအဆင်သင့်ရှိနေပြီး စမတ်ဖုန်းကနေ မဟုတ်ဘဲ 360 ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံ ဗီဒီယိုတွေကို ဖန်တီးနိုင်တော့မှာပါ။

ဈေးနှုံးအနေနဲ့ကတော့ မသတ်မှတ်ရသေးပါဘူး။ ဇွန်လကုန်မှာ ကိုရီးယားမှာ စတင်ဈေးကွက်တင်ရောင်းချမှာဖြစ်ပြီး နှစ်ကုန်မှာတော့ တစ်ကမ္ဘာလုံးကို ရောင်းချပေးမှာဖြစ်ပါတယ်။

ကိုးကား။ ။ LG Action Cam lets you live stream to YouTube without a phone ကိုဘာသာပြန်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*