Long exposure ဓါတ်ပုံတွေကို ဘယ်လိုရိုက်ကြမလဲ

Photo: Digital REV
Unicode Version | Zawgyi-One Version

Long exposure ဓါတ်ပုံပညာဆိုတာ လူသစ်တန်းတွေအတွက် သင်ယူဖို့ ခက်ခဲတယ်လို့ ထင်ရပါတယ်၊ တကယ့်ကို ဓါတ်ပုံပညာကိုသင်ယူလိုက်စားချင်တဲ့သူတွေအတွက်ကတော့ အချိန်ပေးပြီး လေ့လာသင်ယူသင့်သလို အချိန်ပေးရတာနဲ့ တန်တဲ့ ဖန်တီးမှုမျိုးတွေ ပြန်ရနိုင်ပါတယ်။ အောက်ပါအချက်တွေက Long exposureကို အလွယ်တကူနဲ့ ဓါတ်ပုံရိုက်ကူးဖို့ အကူအညီပေးပါလိမ့်မယ်။

၁။ တည်ငြိမ်မှု

အရမ်းအရေးကြီးတဲ့အချက်ဖြစ်တဲ့အတွက် ထိပ်ဆုံးမှာတင်ပြီး ပြောထားတာပါ။ Long Exposure ရိုက်တော့မယ်ဆိုရင် ခင်ဗျားကင်မရာကို နည်းနည်းလေးတောင်လှုပ်မသွားဖို့ တတ်နိုင်သလောက်ကြိုးစားပါလို့ပြောလိုက်ခြင်းဟာ တည်တည်ငြိမ်ငြိမ်ရှိတဲ့ tripod (သုံးချောင်းထောက်) တစ်ချောင်းရှိဖို့လို့အပ်တယ်လို့ပြောလိုက်တာပဲဖြစ်ပါတယ်။ Tripod တွေရဲ့ ဈေးနှုန်းကတော့ စတာလင်ပေါင် ၂၀ တန်လောက်ကနေ စတာလင်ပေါင် ၁၀၀၀ ကျော်လောက်အထိရှိနိုင်ပါတယ်။ ခင်ဗျားက ဘီလ်ဂိတ်မဟုတ်ခဲ့ရင်တော့ စတာလင်ပေါင် ၁၀၀ နဲ့ ၁၅၀ အကြားရှိတဲ့ ball head ပါတဲ့ tripod မျိုး ဥပမာ Manfrotto 294 လိုမျိုး ဝယ်ယူသင့်ပါတယ်။ အဲဒီအမျိုးအစားတွေက ပေါ့ပေါ့ပါးပါးနဲ့ တည်တည်ငြိမ်ငြိမ်ရှိပါတယ်။ အလူမီနီယမ်နဲ့ပြုလုပ်ထားတဲ့ ခြေထောက်သုံးချောင်းကို အလွယ်တကူခေါက်သိမ်းလို့ရပြီး အကြမ်းလဲခံတယ်၊ တည်တည်ငြိမ်ငြိမ်ရှိတယ်ဆိုတဲ့ ခံစားမှုမျိုးရှိနိုင်လို့ ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ DSLR ကင်မရာကို မြဲမြဲ မြံမြံ နဲ့ တပ်ဆင်ဖို့ ယုံကြည်ချက်တစ်ခုရရှိစေပါတယ်။

ဘာလို့များ တည်ငြိမ်မှုဆိုတာ အရေးကြီးတယ်လို့ပြောရရင်တော့ ခေါင်းစဉ်မှာ အဖြေပြန်ရှာကြည့်လိုက်ပါ။ Long Exposure ဆိုတာ Shutter Speed ကို ပုံမှန်အနေအထားမှာရှိသင့်တာထက် ပိုကြာအောင်ချိန်ထားတာမျိုးဖြစ်ပါတယ်။ အချိန်အတိအကျဘယ်လောက်ဆိုတာမျိုးကို Long Exposure မှာမရှိပေမယ့် ပုံမှန် short exposure ဓါတ်ပုံတွေထက်ကြာတဲ့အချိန်မျိုး ဥပမာ ဆယ်စက္ကန့်လောက်ထက်ပိုပြီး ရိုက်ထားတဲ့ ဓါတ်ပုံမျိုးကို Long Exposure ဓါတ်ပုံလို့ သတ်မှတ်လို့ရပါတယ်။ ညီညာပြန့်ပြုးတဲ့ ရေပြင်ပုံစံပေါ်နေတဲ့ ကန်ရေပြင်၊ ရေတခွန် စတဲ့ ဓါတ်ပုံမှာ ရေတွေက ပိုးသားလို တိမ်တွေလိုဖြစ်နေတာမျိုးဟာ Exposure time ကို တမိနစ်နဲ့ အထက် ထားပြီး ရိုက်ကူးထားတာဖြစ်ပြီး၊ Star trail လိုမျိုးကျတော့ ငါးမိနစ်နဲ့အထက် Exposure time ကိုထားပြီး ရိုက်ကြတာများပါတယ်။

Shutter speed ကို အချိန်ကြာကြာဖွင့်ထားတဲ့အတွက်ကြောင့် အဲဒီအချိန်အတိုင်းအတာအတွင်းက ဖြစ်သွားတဲ့အရာအားလုံးရဲ့ လှုပ်ရှားမှုတွေကို ကင်မရာက ဖမ်းယူထားလိုက်ပြီး နောက်ဆုံးအပြီးသတ်အဖြစ် ပြန်ပေါင်းလိုက်တဲ့အခါမှာတော့ အဲဒီလှုပ်ရှားမှုအားလုံးက ဝါးနေတဲ့ ပုံရိပ်ကို ဖန်တီးလိုက်တာပါ။ ဒါဟာ Long Exposure ရဲ့ အခြေခံပါပဲ။ ပုံမှန်အားဖြင့် Shutter ခလုတ်ကိုနှိပ်မိလို့ဖြစ်သွားတဲ့ အနည်းအကျဉ်းမျှသာသော လှုပ်ရှားမှုလေးကြောင့် ပုံရိပ်ရဲ့အရည်အသွေးကျသွားနိုင်တဲ့အတွက် Professional တွေဟာ remote trigger သို့မဟုတ် cable release တွေသုံးကြပါတယ်။

၂။ ကင်မရာကိုပြင်ဆင်ပုံ

ဒီနေရာမှာတော့ စကားပုံထဲကလိုပါပဲ၊ “များများလေ့ကျင့်လေ အမှားကင်းလေ” ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ပထမဆုံး ကြိုးပမ်းမှု သို့မဟုတ် ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ကြိုးပမ်းမှုတွေတောင်မှာတောင် အကောင်းဆုံးဓါတ်ပုံမရနိုင်လောက်ပါဘူး၊ ဒီအဆင့်က အစမ်းကျင့်ဆဲ အဆင့်လောက်သာဖြစ်ပါတယ်။ နောက်တစ်ချက်က ISO ကို နည်းနိုင်သအမျှနည်းအောင် ရိုက်ကြည့်ပါ။ ပုံမှန်အားဖြင့်တော့ ISO နည်းလေ Noise နည်းလေ၊ Noise နည်းလေ ပိုကြည်လင်ပြတ်သားတဲ့ ပုံရလေ၊ ပုံထွက်ကောင်းတဲ့ ဓါတ်ပုံတွေအတွက်ဆိုရင် ဒီအချက်က အရေးကြီးပါတယ်။ Manual Focusing ကို တတ်နိုင်သမျှသုံးပြီး မှန်ဘီလူးရဲ့ Focus ကို infinity ထားပေးပါ။ အကြောင်းက အထူးသဖြင့် မှောင်နေတဲ့အချိန်မှာ ရိုက်မယ်ဆိုရင် auto focus က အလုပ်လုပ်ဖို့ ရုံးကန်နေရနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ မှောင်နေတဲ့အတွက် subject ကို မှန်ဘီလူးက ရှာမတွေ့ဘဲ Focusing ring လည်နေတတ်နိုင်လို့ပါ။ Aperture နံပါတ် ကြီးကြီးကို အသုံးပြုပါ၊ ဒါမှသာ ကိုယ်ရိုက်ကူးချင်တဲ့ အေရိယာထဲက အရာအားလုံးကို ခြုံြုပီး focus ဖမ်းနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ခင်ဗျား Manual Focus ကိုသုံးနေချိန်မှာ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံအရည်အသွေးမျိုးရချင်ရင်တော့ ဒီလမ်းညွှန်ချက်ကို တတ်နိုင်သလောက် လိုက်နာပြီးစမ်းသပ်ကြည့်သင့်ပါတယ်။

RAW နဲ့ရိုက်ကြည့်ပါ။ ဓါတ်ပုံရိုက်ပြီးတဲ့အချိန် Post Processing လုပ်တဲ့အခါ ဥပမာ White Balance ညှိတာမျိုး သေးသေးမွှားမွှား အမှားလေးတွေပြင်တဲ့အခါမျိုးကြရင် RAW က တကယ်အသုံးဝင်ပါလိမ့်မယ်။ Lens ရဲ့ Image Stabilizer ရှိခဲ့ရင် ပိတ်ပြီးရိုက်ပါ။ ယုံချင်ယုံ မယုံချင်နေပါ IS က နေရာတိုင်းမှာ အလုပ်မဖြစ်ပါဘူး၊ အထူးသဖြင့် tripod သုံးထားတဲ့ Long Exposure ရိုက်တဲ့အချိန်မှာ IS သုံးပြီးရိုက်တာ အဓိပ္ပါယ်တော့ သိပ်မရှိပါဘူး။ အချိန်ကုန်စေတာပဲမို့လို့ ခင်ဗျား လုပ်ချင်မှာမဟုတ်ပါဘူး။ ငြင်းနေကြတဲ့အချက်တစ်ခုရှိပါတယ်၊ အကယ်လို့များ ခင်ဗျားက အရမ်း Sharp ဖြစ်တဲ့ဓါတ်ပုံကိုလိုချင်တဲ့အချိန်မှာ IS သုံးရင် ခင်ဗျားရိုက်ကူးလိုက်တဲ့ Long Exposure ဓါတ်ပုံရဲ့တချို့တစိတ်တဒေသကို ဝါးသွားစေနိုင်တယ်ဆိုတဲ့အချက်ပါ။ Bulb mode နဲ့ရိုက်ပါ။ ဒီလိုမျိုးရိုက်ကူးခြင်းဟာ ခင်ဗျား Shutter ကို ဘယ်လောက်ကြာကြာဖွင့်ထားချင်သလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့်ရယူလိုက်တာပဲဖြစ်ပါတယ်။ အချိန်ဘယ်လောက်ကြာကြာလောက် shutter ဖွင့်ရမလဲဆိုတာ မသိဘဲ ရိုက်ရတာမျိုး ဥပမာ မီးပန်းဖောက်တာမျိုး ဆိုရင် သိပ်အသုံးဝင်ပါတယ်။ ဒါပေမယ့် ဒီနည်းက မီးပန်းဖောက်တာကို ရိုက်ကူးတာတင်မကဘဲ အခြားသော ဓါတ်ပုံတွေကို Long exposure နဲ့ရိုက်မယ်ဆိုရင်လည်း အသုံးဝင်ပါတယ်။

၃။ တတ်နိုင်သမျှ လှုပ်ရှားမှုကိုလျော့ချပါ

အထက်မှာ ဖော်ပြပြီးခဲ့သလိုပါပဲ၊ ကင်မရာရဲ့ shutter ခလုတ်ကို နှိပ်လိုက်တဲ့အချိန်မှာ နည်းနည်းလေးတောင်မှ လှုပ်မသွားမှ အကောင်းဆုံး ဓါတ်ပုံကို ရရှိနိုင်မှာဖြစ်ပါတယ်။ နည်းလမ်းအမျိုးအမျိုးရှိတဲ့အနက် ဥပမာ ကင်နွန်ကထုတ်တဲ့ စတာလင်ပေါင် ၃၀ထက်မပိုတဲ့ RC-6 wireless remote လိုမျိုး သို့မဟုတ် အလားတူ ပစ္စည်းတွေနဲ့ ဒီကိစ္စကို ဈေးသက်သက်သာသာနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒုတိယနည်းလမ်းကတော့ ပိုရိုးရှင်းပါတယ်၊ timer ပေးလိုက်ပါတာပဲဖြစ်ပါတယ်။ သာမန်အားဖြင့် ၂ စက္ကန့်အနေအထား self timer က Shutter ခလုတ်ကိုနှိပ်၊ပြန်လွှတ်ပြီး ငြိမ်သွားတဲ့အနေအထားကိုရောက်ဖို့ လုံလောက်ပါတယ်၊ ဒါပေမယ်မယ့် အခုခေတ်ပေါ်ကင်မရာတွေမှာ self timer ၁၀ စက္ကန့်အထိရနိုင်ပြီဖြစ်လို့ ပိုတောင်မှ အဆင်ပြေပါတယ်။

၄။ လေ့ကျင့်ပါ၊ လေ့ကျင့်ပါ၊ ဆက်တင်ပြောင်းပြီး ထပ်လေ့ကျင့်ပါ။

အခြားသော ဓါတ်ပုံပညာရပ်တွေလိုပါပဲ၊ Long Exposure ဓါတ်ပုံပညာရပ်က ခင်ဗျားရဲ့ အမှားတွေဆီကနေ ထပ်ကာတလဲလဲ သင်ယူခြင်းမျိုးက အကောင်းဆုံး သင်ယူခြင်းဖြစ်ပါလိမ့်မယ်။ တကယ်လို့ ခင်ဗျားရဲ့ ဓါတ်ပုံက အရမ်းမှောင်ပြီး Underexposed ဖြစ်ခဲ့ရင်၊ Exposure ကို တဖြည်းဖြည်းတိုးပြီး ဘယ်လိုမျိုး သက်ရောက်လာသလဲဆိုတာလေ့လာပါ၊ ထို့အတူ အရမ်းလင်းသွားရင်လဲ ဒီနည်းနဲ့ပြောင်းပြန်ကို လုပ်ဆောင်ပြီးလေ့လာကြည့်ပါ။

ကင်မရာကို ကစားပြီး အတွေ့အကြုံရယူခြင်းဟာ သင့်အတွက် အကောင်းဆုံးသော သင်ယူဖို့နည်းလမ်း ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့နေ့ကုန်ဆုံးသွားရင် ပြန်ဖျက်လို့ရတဲ့အတွက် ဒါဟာ ကိစ္စမရှိပါဘူး ( delete ခလုတ်ဆိုတာလဲ အလကားထည့်ပေးထားတာမဟုတ်ဘူး) တကယ်လို့ ခင်ဗျားရုပ်ရှင်တွေရိုက်ခဲ့တာမဟုတ်ရင်တော့ မကြိုက်တာတွေပြန်ဖျက်လိုက်တာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

-Long Exposure ဓါတ်ပုံရဲ့ Effect များ

မီးတန်းများ

Photo: Digital REV
Photo: Digital REV

မီးတန်းတွေဓါတ်ပုံထဲမှာထည့်သွင်းချင်တာ Long Exposure နည်းစနစ်ကို အသုံးပြုချင်တဲ့ လူသိများသော အကြောင်းပြချက်တစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ညနက် ပိန်းပိတ်အောင်မှောင်နေတဲ့အချိန်မှာ သင်နဲ့ သင့်မိတ်ဆွေတို့ အတူတကွ ပူးပေါင်းပြီး မီးတန်းတွေနဲ့ အသည်းပုံ စဖြင့် ပုံတွေဆွဲလို့ရပါတယ်။ ဒါမှမဟုတ် သင်တစ်ယောက်တည်းရိုက်ကူးမယ်ဆိုရင်တော့ wireless remote က ဒီနေရာမှာ အသုံးဝင်ပါပြီ၊ ခင်ဗျားက အူစိန်ဘော့ထ်လို အပြေးမသန်ဘူး၊ ၂ စက္ကန့် selftimer ကိုလည်း အသုံးမပြုချင်ဘူးဆိုရင် Wireless remote က အသုံးဝင်ပါလိမ့်မယ်။ နောက်ထပ်နာမည်ကြီးတဲ့ အသုံးပြုနည်းတစ်ခုကတော့ အထူးသဖြင့် မြို့တွင်းမှာ မော်တော်ယာဉ်တွေ ရွေ့ရှားနေတဲ့ပုံတွေကို ညဖက်ရိုက်ကူးတဲ့အချိန်ဖြစ်ပါတယ်။ မော်တော်ယာဉ်တွေနောက်က မီးတန်းရှည်တွေက အလုပ်များလှတဲ့ မြို့ပြဘဝကို ဖော်ပြဖို့ အကောင်းဆုံးဖြစ်ပါတယ်။

Star Trails ရိုက်ကူးခြင်း

Photo: Digital REV
Photo: Digital REV

မီးတန်းတွေရိုက်ကူးနည်းနဲ့ သီအိုရီချင်းတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် exposure ကို အနည်းဆုံး ၅ မိနစ်ထက်မနည်း ထားပြီး ကမ္ဘာ့လည်ပတ်မှုကြောင့် ရွေ့လျားနေတဲ့ ကြယ်တွေရဲ့ အလင်းရောင်ကထွက်တဲ့ အလင်းတန်းတွေကို ရိုက်ယူတာပဲဖြစ်ပါတယ်။ ပြီးတော့ ပိုပြီး မျက်စိလည်သွားအောင်လုပ်နိုင်တဲ့အချက်က ကြယ်တွေက တကယ်တန်းတော့ ကျွန်တော်တို့နဲ့ အလင်းနှစ်သန်းပေါင်းများစွာအကွာအဝေး မှာ ရှိပါတယ်။ အချို့ကြယ်တွေကို ဓါတ်ပုံထဲမှာ ကျွန်တော်တို့မျက်စိထဲမှာ မြင်ရပေမယ့် တကယ်တော့ ကြယ်တွေဆီကလာတဲ့ အလင်းရောင်က လမ်းမှာတင်ပျောက်ကွယ်သွားခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်တို့က Long Exposure နည်းစနစ်ကို အသုံးပြုခဲ့ရင်တော့ ဓါတ်ပုံရိုက်နိုင်ပါသေးတယ်။ Big Bang သီအိုရီက ခင်ဗျားရဲ့ အသည်းနှလုံးကို ဆုပ်ကိုင်ပစ်လိုက်ပြီမဟုတ်လား?

ဒီလိုမျိုး Star Trail တွေရိုက်မယ်ဆိုရင်တော့ ခင်ဗျားအနေနဲ့ အလင်းရောင်နည်းပါးတဲ့ နေရာမျိုး ဥပမာ၊ တောထဲတောင်ထဲ မြို့ပြနဲ့ ဝေးရာမှာ ရိုက်ကူးတာအကောင်းဆုံးဖြစ်ပါတယ်။ Aperture ကျယ်ကျယ်ရှိတဲ့ မှန်ဘီလူးမျိုးသုံးရင် အကောင်းဆုံးဖြစ်ပြီး ကြယ်တွေ နဲ့ ပိုတောက်ပတဲ့ ကြယ်အလင်းတန်းတွေ မှန်ဘီလူးထဲကို ဝင်ပြီး ပုံကောင်းကောင်းရနိုင်မှာဖြစ်ပါတယ်။

မြစ်ထဲရေတွေ က ခရင်မ် အနှစ်တွေလို တိမ်တွေလိုဖြစ်နေတဲ့ ဓါတ်ပုံတွေ၊ ကျောက်တုံးတွေကြားမှာ တိမ်တွေလိုဖြစ်နေတဲ့ ရေစီကြောင်းဓါတ်ပုံတွေမပါဘဲနဲ့ ကွန်ပျူတာရဲ့ desktop နောက်ခံတွေက ဘယ်အခါမှ မပြည့်စုံပါဘူး။ ဒီလိုပုံတွေက မြင်ရသူအဖို့ ဥပမာ ရေတခွန်ကရေတွေ တန်းနေတာ စတဲ့ ပုံတွေက သက်ငြိမ်အရသာမြင်ကွင်း ကို ပေးစွမ်းပါတယ်။ ရေတွေကို ဓါတ်ပုံရိုက်ဖို့အတွက်ပဲ Long Exposure ဓါတ်ပုံပညာရပ်က မဟုတ်ခဲ့ပါဘူး၊ အခြားသော Landscape ဓါတ်ပုံတွေကို မြင်ရတာ ပိုပြီး နူးညံ့လာအောင်၊ ကြည့်ရတာအဆင်ပြေလာအောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။ ဒီ နည်းစနစ်ကိုအသုံးပြုပြီး ဓါတ်ပုံတွေကို ပိုပြီး ကြွလာအောင်၊ အနက်ရောင် အားကောင်းလာအောင်၊ အရောင်တွေပိုတောက်လာအောင်လုပ်ဆောင်ပေးလို့ မြင်နေကြ မြင်ကွင်းတွေနဲ့ မတူပဲ ဓါတ်ပုံတွေထဲမှာ ပိုကောင်းလာပါလမ့်မယ်။

နေ့ဖက် အလင်းရောင်အောက်မှာ အဲဒီလိုမျိုးရိုက်ကူးဖို့အတွက် Natural Density filter ဆိုတာလိုလာပါတယ်။ ခင်ဗျားရိုက်ကူးချင်တဲ့ shutter speed သို့မဟုတ် Exposure time ပေါ်မူတည်ပြီး 3,4,6,9 နဲ့ 10 stops ဆိုပြီး အမျိုးအစားတွေကွဲသွားပါတယ်။ အထူးသဖြင့် ညနေစောင်းချိန်သို့မဟုတ် နံနက်စောစောမှာ Landscape ရိုက်ကူးရင် အလွန်အသုံးဝင်ပါတယ်။ တိမ်တွေပြေးနေတဲ့ဓါတ်ပုံတွေ စတာတွေရိုက်ကူးရင်တော့ မှန်ဘီလူးထဲ ဝင်တဲ့ အလင်းရောင် ပမာဏကို လျော့ချဖို့ Natural Density Filter တွေ သုံးကိုသုံးရပါလိမ့်မယ်။ ဒီ filter တွေအကြောင်းကို ဆောင်းပါးတစ်ပုဒ်အနေနဲ့ တင်ဆက်သွားပါ့မယ်။

နိဂုံးချုပ်အနေနဲ့ကတော့ ဒီနည်းစနစ် ရိုက်ကူးခြင်း က အရမ်းမခက်ခဲသလို ကျွမ်းကျင်ဖို့ အချိန်လည်းယူရပါလိမ့်မယ်။ အကောင်းဆုံးအလေ့အကျင့်တစ်ခုကတော့ ဓါတ်ပုံရိုက်ရိုက်ပြီးချင်း ချက်ချင်းပြန်ကြည့်တာပဲဖြစ်ပါတယ်။ ပြီးတော့ အကောင်းဆုံး အကြံပေးချင်တာကတော့ အပြင်ထွက်ပြီး ဓါတ်ပုံရိုက်ပါ၊ အတွေ့အကြုံလည်းရသလို ပျော်ရွှင်မှုလည်းရပါလိမ့်မယ်။

ကိုးကား၊ Digital Rev


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

2 Comments on Long exposure ဓါတ်ပုံတွေကို ဘယ်လိုရိုက်ကြမလဲ

  1. beginerပါအခုလိုအဖိုးတန်ပညာရပ်တွေကိုလေ့လာခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

    • ကြားရတာဝမ်းသာပါတယ်ခင်ဗျာ၊ လေ့လာရသမျှကို အသုံးချပါလို့ တိုက်တွန်းပါတယ်။

Leave a Reply

Your email address will not be published.


*