low angle ပုံတွေရိုက်ချင်ရင် အကြော်အိုးဟောင်းသုံး

အကြော်အိုးဟောင်း
Unicode Version | Zawgyi-One Version

အကြော်အိုးဟောင်းကိုသုံးပြီး low angle ပုံမိုက်မိုက်တွေ ဘယ်လိုရနိုင်လဲဆိုတာ ပြောပြပါမယ်။

ပုံမှန်အားဖြင့် low angle ရိုက်လိုရင် ကြမ်းပြင်ပေါ်တွင်ဝမ်းလျှားထိုးဒါမှမဟုတ် LCD screen ကိုစောင်း၍ရသောကင်မရာကိုသုံးရန်ဒါမှမဟုတ် မြေပြင်ထိချ၍ရိုက်နိုင်သော tripod သုံးရန် အစရှိသောနည်းလမ်းများသာ ရှိပါတယ်။ ပထမနှင့် ဒုတိယတစ်ခုမှာ မိတ်ဆွေကို ညစ်ပတ်ပေရေသွားနိုင်သောနည်းလမ်းများဖြစ်ပြီး လက်ဖြင့်ကိုင်ရိုက်ရသော နည်းလမ်းများဖြစ်သဖြင့် long exposure ရိုက်ရာတွင်လည်းသုံးမရပါ။ တတိယတစ်ခုမှာလည်း လွယ်ကူသောအရာမဟုတ်ပါ။

အကြော်အိုးအဟောင်း ကိုအသုံးပြုထားတဲ့ အောက်ဖော်ပြုပါ နည်းကိုသုံးလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။

လိုအပ်တဲ့အရာတွေကတော့ – အကြော်အိုးအဟောင်းတစ်လုံး၊ tripod ballhead တစ်လုံး၊ မူလီနှင့် မူလီခေါင်းတစ်စုံ၊ drill အပါအဝင်ပစ္စည်းကိရိယာများ တို့ဖြစ်ကြပါတယ်။

အကြော်အိုးဟောင်း1

ပထမဆုံး tripod head ရဲ့ screw thread နဲ့သုံးမယ့် မူလီကို အရွယ်တူမတူစမ်းကြည့်ပါ။

အကြော်အိုးဟောင်း2

ဒုတိယအနေဖြင့် အိုးအဟောင်းကို drill အသုံးပြုပြီး အပေါက်ဖောက်ပါ။

အကြော်အိုးဟောင်3း

မူလီကိုအသုံးပြုပြီး tripod head ကို အကြော်အိုးတွင်တပ်ဆင်ပါ။ မူလီရှည်နေလျှင်ဖြတ်ပါ။ အသုံးပြုလို့ အကောင်းဆုံးနေရာတွေကတော့ သဲပေါ်မှာသို့မဟုတ် မြက်ခင်းပေါ်မှာပါ။

အကြော်အိုးဟောင်း4

အောက်မှာတော့ဒီနည်းနဲ့ရိုက်ထားတဲ့ ပုံတစ်ပုံပါ။

အကြော်အိုးဟောင်6း

ကင်မရာထဲသဲတွေ ရေတွေမဝင်အောင်တော့ ဂရုစိုက်ပေါ့ဗျာ။ ပြီးတော့ မိတ်ဆွေကင်မရာကို အကြော်အိုးထဲထည့်ကြော်ဖို့လုပ်နေတယ်ထင်တဲ့ လူတွေရဲ့ပြုံးစစအကြည့်တွေကိုလည်း သည်းခံပေါ့။

via Petapixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*