Macro ရိုက်ကူးနည်းအခြေခံများ

In the Dunes :  NIKON D7000 + 24mm f/1.4 @ 24mm, ISO 250, 1/200, f/7.1
Unicode Version | Zawgyi-One Version

မက်ခရိုဓာတ်ပုံပညာ တနည်းအားဖြင့် အနီးကပ်ရိုက်ကူးတဲ့ ဓာတ်ပုံပညာဆိုတာ ထင်ရှားတဲ့ ဓာတ်ပုံပညာရပ်တစ်ခုဖြစ်ပါတယ်။ လွယ်ကူစွာနဲ့ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံပညာရပ်ဖြစ်သလို အလွန်လည်း ကျယ်ပြန့်ပါတယ်။ သစ်ရွက်တွေ ပန်းပွင့်တွေ တွားသွားပိုးကောင်တွေရဲ့ အနီးကပ် ပုံရိပ်တွေကို စတူဒီယိုတွေမှာ အလင်းရောင်ကောင်းကောင်းနဲ့ ရိုက်ကူးကြပါတယ်။ ထို့အတူပဲ သဘာဝကိုမြတ်နိုးတဲ့ ဓာတ်ပုံဆရာတွေကတော့ ပန်းပွင့်တွေနဲ့ သစ်ရွက်တွေရဲ့ ဖုံးကွယ်နေတဲ့အလှကို ဖော်ပြနိုင်ဖို့အတွက် နာရီပေါင်းများစွာ အသုံးပြုပြီး ပြင်ပလောကကြီးမှာ မြှုတ်နှံထားကြပါတယ်။ နောက်တစ်ချက်က မက်ခရိုဓာတ်ပုံပညာရပ်က ခရီးထွက်စရာမလိုဘဲ ဓာတ်ပုံရိုက်ကူးလေ့မရှိတဲ့ နေရာတွေ ဥပမာ ခင်ဗျားရဲ့ ခြံဝန်းထဲ မှာတင် ရိုက်ကူးလို့ရတယ်ဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ မက်ခရိုဓာတ်ပုံပညာကိုအသုံးပြုပြီး သင့်ရဲ့ဓာတ်ပုံပညာကို နောက်တစ်ဆင့်မြှင့်တင်လို့ရစေမယ့် အချက်အလက်တွေ စိတ်ကူးတွေကို ကျွန်တော်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Step NIKON D7000 + 105mm f/2.8 @ 105mm, ISO 800, 1/250, f/8.0
Step : NIKON D7000 + 105mm f/2.8 @ 105mm, ISO 800, 1/250, f/8.0

မက်ခရိုဓာတ်ပုံပညာရဲ့ အားသာချက်တွေနဲ့အတူ သင့်အနေနဲ့ ကြုံတွေ့ရမယ့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်အချို့ရှိပါတယ်။ မက်ခရိုဓာတ်ပုံပညာမှာ ရူပဗေဒပညာရပ်က အများကြီးမသက်ဆိုင်ပေမယ့် တစ်စိတ်တစ်ဒေသပါဝင်နေလို့ ကျွန်တော်ဒီဆောင်းပါးကို ရေးသားဖြစ်တဲ့ အဓိကအကြောင်းရင်း ဖြစ်လာပါတယ်။ အချို့သော အချက်အလက်တွေက လူသစ်တွေအတွက် အခက်အခဲရှိမယ်လို့ထင်ရပေမယ့် နားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်၊ ထို့အတူပဲအချို့အချက်တွေကတော့ အတွေ့အကြုံရှိပြီးသား မက်ခရိုဓာတ်ပုံဆရာအချို့အတွက် လမ်းညွှန်ကောင်းတွေဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

The Blue Dragon : NIKON D7000 + 105mm f/2.8 @ 105mm, ISO 450, 1/400, f/4.0
The Blue Dragon : NIKON D7000 + 105mm f/2.8 @ 105mm, ISO 450, 1/400, f/4.0

၁။ အကျယ်ချဲ့ခြင်း

သင့်ကင်မရာရဲ့ ဆင်ဆာပေါ်ကို ရိုက်ကူးမယ့် အရာဝထ္တုအရွယ်အစားရဲ့ ပုံရိပ်ကို ထင်ဟပ်စေဖို့ဆိုတာ မက်ခရိုဓာတ်ပုံပညာရဲ့အသက်ဖြစ်ပါတယ်။ ဆိုကြပါစို့ ၁ လက်မ အရွယ်အရာဝထ္တုကို ကင်မရာရဲ့ဆင်ဆာပေါ်မှာ တစ်လက်မအရွယ်အစားတိုင်း ဖော်ပြနိုင်ခြင်းကို မူလအရွယ်အစားအတိုင်း ဖော်ပြခြင်းလို့ ဖွင့်ဆိုလို့ရပါတယ်။ ဆင်ဆာပေါ်မှာ တစ်လက်မအရွယ်အစား ပုံရိပ်ထင်တဲ့ အရာဝထ္တုက ကင်မရာရဲ့ ဆင်ဆာအပြည့်နီးပါးနေရာယူသွားပါတယ်၊ ပုံမှန် DSLR တွေရဲ့ ဆင်ဆာအရွယ်အစားက ၁.၅ လက်မထက် မပိုပါဘူး။

ရိုက်ကူးလိုက်တဲ့ အရာဝထ္တုရဲ့ ပကတိ အရွယ်အစားအတိုင်း ဆင်ဆာပေါ်မှာ ပုံရိပ်ထင်စေခြင်းကို ၁:၁ အကျယ်ချဲ့ခြင်းလို့ အနက်ဖွင့်ပါတယ်။ ရိုက်ကူးလိုက်တဲ့ အရာဝထ္တုရဲ့ ထက်ဝက် အရွယ်အစားအတိုင်း ဆင်ဆာပေါ်မှာ ပုံရိပ်ထင်စေခြင်းကို ၁:၂ အကျယ်ချဲ့ခြင်းလို့ အနက်ဖွင့်ပါတယ်။ ၁:၁၀ သို့မဟုတ် ဒီထက် ပိုသေးတဲ့ အကျယ်ချဲ့ခြင်းကိုတော့ မက်ခရိုဓာတ်ပုံလို့ မသတ်မှတ်နိုင်ပါဘူး။

Nine Berries : NIKON D7000 + 105mm f/2.8 @ 105mm, ISO 100, 13/10, f/5.6
Nine Berries : NIKON D7000 + 105mm f/2.8 @ 105mm, ISO 100, 13/10, f/5.6

၂။ အကွာဝေး

ခင်ဗျားကင်မရာရဲ့ ဆင်ဆာရယ် ရိုက်ကူးမယ့် အရာဝထ္တုရယ် ခင်ဗျားမှန်ဘီလူးရဲ့ ဖိုးကပ်စ် ဖြတ်နိုင်တဲ့ အကွာအဝေးစုစုပေါင်းကို  စုစုပေါင်းအကွာဝေး လို့ လွယ်ကူစွာ သတ်မှတ်လို့ရပါတယ်။ အကွာဝေးများလေ ခင်ဗျားနဲ့ ရိုက်ကူးမယ့် အရာဝထ္တုက ဝေးလေဖြစ်ပြီး အကယ်လို့ ရိုက်ကူးမယ့်အရာဝထ္တုက လူကြောက်တာ သို့မဟုတ် အန္တရာယ်ရှိတာမျိုးဆိုရင် ပိုများတဲ့ စုစုပေါင်းအကွာဝေးက ပိုကောင်းပါတယ်။

ကင်မရာနဲ့ မှန်ဘီလူးအရွယ်အစားက ၈လက်မရှိရင် ၁၀ လက်မ အရွယ် ပကတိအကွာအဝေးမှာ ၂လက်မကို အနီးဆုံးဖိုးကပ်စ်လုပ်နိုင်တဲ့ အကွာအဝေးလို့ သတ်မှတ်နိုင်ပါတယ်။

အကောင်းဆုံးသောမက်ခရိုမှန်ဘီလူးတွေမှာ ၁ ပေ သို့မဟုတ် ဒီထက်ပိုတဲ့ ပကတိ အကွာဝေးရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ မှန်ဘီလူးရဲ့ ဆုံချက်အလျား(Focal Length) ရှည်လေ ပကတိအကွာအဝေးကျယ်လေဖြစ်တယ်လို့ မှတ်ယူလို့ရပါတယ်။ နီကွန် 200 mm f/4 နဲ့ ကင်နွန်ရဲ့ 180mm f/3.5 တို့ဟာ ပကတိအကွာအဝေးကျယ်တဲ့ မှန်ဘီလူးအမျိုးအစားရဲ့ ဥပမာကောင်းတွေဖြစ်ပါတယ်။

ထို့အတူ ပကတိအကွာအဝေးကျယ်လေ အကျယ်ချဲ့နိုင်စွမ်းလျော့ပါးလေဆိုတဲ့အချက်ကိုလည်း သတိပြုရပါမယ်။ ၁:၄ အကျယ်ချဲ့နိုင်တဲ့အခြေအနေတစ်ခုမှာ သင့်အနေနဲ့ ၁:၁ အကျယ်ချဲ့နိုင်တဲ့အခြေအနေမှာလောက် ရိုက်ကူးမယ့် အရာဝထ္တုအနားကို အနီးကပ်ဖို့မလိုအပ်ပါဘူး။

Brown Toad and Leaf : NIKON D7000 + 105mm f/2.8 @ 105mm, ISO 1250, 1/160, f/16.0
Brown Toad and Leaf : NIKON D7000 + 105mm f/2.8 @ 105mm, ISO 1250, 1/160, f/16.0

၃။ DSLR လား Mirrorless လား?

DSLR ရော Mirrorless နှစ်မျိုးလုံးက မက်ခရိုဓာတ်ပုံပညာအတွက် သင့်တော်တယ်လို့ပြောလို့ရပါတယ်။ သမားရိုးကျ မှန်ဘီလူးစနစ်တွေ ယေဘုယျအားဖြင့် Focal Length ပိုရှည်လျားတဲ့မှန်ဘီလူးတွေကို သင်က ပိုသဘောကျတယ်ဆိုရင်တော့ DSLR တွေကိုသာ ရွေးချယ်ပါ။ ကြားခံ Adapter တွေကို သုံးဖို့ ဝန်မလေးရင်တော့ ပိုမိုပေါ့ပါးတဲ့ mirrorless ကင်မရာတွေကိုရွေးချယ်ပါ၊ နီကွန်ရဲ့ G အမျိုးအစားမှန်ဘီလူးတွေက aperture ring မပါလို့ ဖိုးကပ်စ်ဖြတ်ရတာခက်ခဲသော်လည်း mirrorless ကင်မရာတွေမှာ adapter တွေအသုံးပြုရင် DSLR မှန်ဘီလူးတွေကို တပ်ဆင်လို့ရပါတယ်။ LCD မှာပါဝင်တဲ့ Live View က focus ကို တောက်လျောက်ဖြတ်ပေးနိုင်တဲ့အပြင် frame ထဲက အရာဝထ္တုအနေအထားကို ချိန်ဆပေးနိုင်ပါတယ်၊ သေးငယ်သောလက်ရဲ့လှုပ်ရှားမှုက ပုံရဲ့ဖွှဲ့စည်းပုံကို အများကြီးသက်ရောက်စေတာကိုတော့ သတိပြုသင့်ပါတယ်။

၎။ Full Frame လား Crop Sensor လား?

သင့်ရဲ့ဓာတ်ပုံတွေထဲမှာ အရာဝထ္တုတွေကို ကြီးနိုင်သမျှကြီးစေချင်တာ သင့်ရဲ့ရည်ရွယ်ချက်ဆိုရင်တော့ Full Frame ကင်မရာတွေက မက်ခရိုဓာတ်ပုံပညာအတွက် အကောင်းဆုံးလို့ ယေဘုယျအားဖြင့် သတ်မှတ်လို့ရပါတယ်။ ဥပမာ နီကွန်ရဲ့ 36 MP ရှိတဲ့ D810 နဲ့ 24 MP ရှိတဲ့ D7200 တို့ကို နှိုင်းယှဉ်ရင် D7200 ရဲ့ ပစ်ဇယ်တွေက ပိုသေးတဲ့အတွက် D810 ကို မယှဉ်နိုင်ပါဘူး။

မက်ခရိုဓာတ်ပုံပညာမှာ ကင်မရာရဲ့ ပစ်ဇယ်တွေ သိပ်သည်းဆ မြင့်မားမှုကလည်း ရိုက်ကူးမယ့် အရာဝထ္တုရဲ့ ပုံရိပ်ကို ပိုမို အကျယ်ချဲ့နိုင်ဖို့ သော့ချက်တစ်ခုပါပဲ။ ဆင်ဆာ အရွယ်အစားကြီးမားတဲ့ D810 မှာ ဆင်ဆာအရွယ်အစား သေးငယ်တဲ့ D7200 ထက် နည်းပါးတဲ့ ပစ်ဇယ်အရွယ်အစား(၁ မီလီမီတာအတိုင်းအတာအတွင်းမှာ) ရှိနေပါတယ်။ အခြားသော ဓာတ်ပုံပညာအမျိုးအစားတွေလိုပဲ ပိုမိုကြီးမားတဲ့ ပစ်ဇယ်တွေက ဒီမက်ခရိုဓာတ်ပုံပညာမှာ အသုံးဝင်ပါတယ်။ ဆင်ဆာအရွယ်အစားပိုကြီးလားတာတောင်မှ ပိုမိုသေးငယ်တဲ့ ပစ်ဇယ်အရွယ်အစားတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပုံကြီးချဲ့မှုကို မက်ခရိုဓာတ်ပုံပညာမှာ တွေ့နိုင်မှာဖြစ်ပါတယ်။

ခုနကပြောသလိုပါပဲ ကြီးမားတဲ့ဆင်ဆာတပ်ဆင်ထားတဲ့ ကင်မရာတွေက အခြားသော ဆင်ဆာသေးတဲ့ ကင်မရာတွေထက် ပိုကောင်းတာ သေချာပါတယ်။ သူတို့(ကင်မရာကြီး) တွေရဲ့ viewfinder တွေကြောင့် ဖိုးကပ်စ် ဖြတ်ရာမှာပိုမိုလွယ်ကူအောင် ကူညီပေးသကဲ့သို့ ပိုများတဲ့ ထိန်းချုပ်မှုစနစ်တွေပါဝင်တာကိုပါ တွေ့နိုင်ပါတယ်။ ပိုပြီးအရေးကြီးတဲ့အချက်တစ်ချက်က အပြည့်အဝ ပုံကြီး မချဲ့ထားတဲ့အချိန်မှာတောင် full frame ကင်မရာတွေက ပုံထွက်ပိုကောင်းနိုင်သေးတယ်ဆိုတာပါပဲ။ ဥပမာ၊ ဂဏန်းတစ်ကောင်လုံး ကို ဓာတ်ပုံထဲမှာပေါ်ဖို့ အနီးကပ်ဆုံးအနေအထားအထိ ပုံကြီးချဲ့ရိုက်ဖို့ ခင်ဗျား စိတ်ကူးမှာမဟုတ်ပါဘူး။ ဒီအနေအထားမှာ ဆင်ဆာကြီးမားပြီး ပစ်ဇယ် ပမာဏ များတဲ့ D810 က ဆင်ဆာအရွယ်အစားသေးငယ်တဲ့ D7200 ထက်ပိုကောင်းတယ်ဆိုတာ ငြင်းဖို့မလိုအပ်ပါဘူး။

ထို့အတွက်ကြောင့် Full frame DSLR ကင်မရာတွေက Cropped-frame ကင်မရာတွေထက် မက်ခရိုရိုက်တဲ့အခါ ပိုကောင်းတယ်လို့ပြောလို့ရပါတယ်၊ ဒါပေမယ့်လည်း ဒီအားသာချက်ဟာ အခြားသောဓာတ်ပုံပညာတွေမှာလိုတော့ ကြီးကြီးမားမားမဟုတ်လှပါဘူး။

In the Dunes :  NIKON D7000 + 24mm f/1.4 @ 24mm, ISO 250, 1/200, f/7.1
In the Dunes :  NIKON D7000 + 24mm f/1.4 @ 24mm, ISO 250, 1/200, f/7.1

၅။ Canon လား Nikon လား?

ဓာတ်ပုံပညာအားလုံးနီးပါးလိုလို ငြ်းခုံလေ့ရှိတာက အရည်အသွေးပိုင်းမှာ အလွန်တူညီကြတဲ့ Canon နဲ့ Nikon ဘယ်သူပိုကောင်းလဲဆိုတာပါပဲ။ သေချာတာက သူတို့ မှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန် အသုံးပြုသူတစ်ယောက်အတွက်တော့ ပြဿနာဖြစ်လောက်တဲ့အချက်တွေက မရှိသလောက်ရှားပါးတယ်ဆိုပေမယ့် မက်ခရိုဓာတ်ပုံပညာမှာတော့ နည်းနည်း ကွဲပြားပါတယ်။

ဒီ Canon နဲ့ Nikon တိုက်ပွဲကို ကျွန်တော် မစတင်ချင်ပေမယ့် မက်ခရိုဓာတ်ပုံလိုင်းအတွက်ဆိုရင် Nikon က Canon ထက် ပိုပြီး သင့်လျော်တယ်လို့ပြောပါရစေ။ ကင်နွန်ရဲ့ ကင်မရာတွေနဲ့ မက်ခရိုမှန်ဘီလူးကောင်းတွေက အခြားတံဆိပ်တွေလိုပဲ ကောင်းမွန်တာသေချာပါတယ်။ မက်ခရိုဓာတ်ပုံပညာမှာတော့ Aperture တွက်ချက်မှုတွေကြောင့် ကင်နွန်ကင်မရာတွေက အကောင်းဆုံးဖြစ်မလာပါဘူး။

အနီးကပ်ဖိုးကပ်စ် ဖြတ်လာတာနဲ့အတူ မှန်ဘီလူးရဲ့ aperture စနစ်က ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ မှန်ဘီလူးအတွင်းမှာ တည်ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆုံချက်က ပုံသေ ( ဆယ် မီလီမီတာ ရှိတယ် ဆိုကြပါစို့) ဖြစ်ပေမယ့် ဖိုးကပ်စ်ကို နီးနိုင်သမျှ နီးအောင်ဖြတ်ကြည့်တဲ့အချိန်မှာ ပိုပြီးတော့ သေးသွားသယောင် လုပ်ဆောင်ပါတယ်။ ပုံမှန် ဓာတ်ပုံရိုက်နေချိန်မှာ ခင်ဗျားသတိထားမိဖို့ မဖြစ်နိုင်ပေမယ့် ဆုံချက်ကို နီးနိုင်သမျှနီးအောင် ဖြတ်တဲ့အချိန်မှာတော့ သိသာလာပါတယ်။ သို့ပေမယ့်လည်း ၁:၁ အနီးကပ် အခြေအနေမှာ f/11 ထားတယ် ဆိုကြပါစို့၊ ဆင်ဆာထဲမှာ ပေါ်တဲ့ပုံရိပ်မှာ f/22 အဖြစ်ပေါ်လာပါတယ်။ အဲဒီအတွက် ဘယ် aperture ကို ကင်မရာက အမှန်အဖြစ်ယူဆပါသလဲ? တကယ့် ရုပ်ပိုင်းဆိုင်ရာ f/11 ဆုံချက်လား ? ဒါမှမဟုတ် အခြားတစ်ဖက်က ဆုံချက် ယောင် f/22 လား?

ခုချိန်အထိတော့ ဒီဥပမာအရ f/22 အဖြစ်ယူတာအမှန်ဆုံးလို့သတ်မှတ်ကြပါတယ်။ ဒါမှမဟုတ်ရင် ခင်ဗျားရဲ့ ကင်မရာဆက်တင် ( ဥပမာ f/11, ISO 100, Shutter Speed 1/100s) တွေက ရိုက်ကူးမယ့် အရာဝထ္တုရဲ့ အနီးဝေးပေါ်မူတည်ပြီး မတူညီတဲ့ exposure တွေအဖြစ် ထွက်ပေါ်လာပါလိမ့်မယ်။ ဒီအခြေအနေမျိုးမှာ နီကွန်ရဲ့ “Essential Correct” စနစ်က ဆုံချက် f/22 ကိုပဲ အမှန်ယူပါတယ်။ အခြားတစ်ချက်မှာလည်း ကင်နွန်ကင်မရာတွေက f/11 ရဲ့ တကယ့် အရွယ်အစားကို လက်တွေ့ အရွယ်အစားထက် ပိုပြီး အသုံးပြုလို့ မက်ခရိုဓာတ်ပုံအတွက် ပိုပြီးတောင်မှ အသုံးပြုဖို့ ခက်ခဲပါတယ်။ ကင်နွန်အတွက် ဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်းတွေရှိနေပေမယ့် အချိန်ပိုကုန်ပြီး ပိုလည်းရှုပ်ထွေးပါတယ်။ အကြမ်းဖျင်းအနေနဲ့ ဒီကိစ္စကိုဖြေရှင်းဖို့ ပုံသေနည်းတစ်ခုရှိပါတယ်။

Practical aperture setting = Physical aperture setting x (1 + fractional magnification)

“Fractional Magnification” ဆိုတာ ဥပမာ ၁:၂ အနေအထား မှာ နောက်ထပ် တစ်ဆခွဲ ကိုပြောတာပါ။ ဆိုကြပါဆို ကင်နွန်ကင်မရာနဲ့ f/11 အနေအထားမှာ ၁:၂ အနီးကပ်ချဲ့ထားရင် တကယ့်ဆုံချက်အစစ်ကိုရဖို့အတွက် f/11 ကို 1.5 နဲ့ မြှောက်ရမှာဖြစ်လို့ f/16 ဆုံချက်လောက်ဖြစ်သွားပါလိမ့်မယ်။ အလွယ်ဆုံးပြောရရင် ဒီလိုမျိုးသီအိုရီကိုတွက်ချက်ပြီးရိုက်ကူးရလို့ exposure အချိန်ပမာဏက ပိုကြာလာပါလိမ့်မယ်။ အထူးသဖြင့် ခင်ဗျားက အချိန်နဲ့အမျှ အနီးကပ်ဆွဲကြည့်နေတဲ့အချိန်တွေမှာ ပိုပြီး အချိန်ကြာပါတယ်။

Six : NIKON D7000 + 105mm f/2.8 @ 105mm, ISO 800, 1/250, f/14.0
Six : NIKON D7000 + 105mm f/2.8 @ 105mm, ISO 800, 1/250, f/14.0

၆။ နိဂုံးချုပ်

မက်ခရိုဓာတ်ပုံပညာအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အချက်အလက်တွေအများကြီး အသုံးပြုလို့ရပေမယ့် အခက်ခဲဆုံးအပိုင်းက အနီးကပ်ချဲ့ခြင်း သီအိုရီ ပဲဖြစ်ပါတယ်။ ဒီ ကွဲပြားချက်တွေကို ဆိုကြပါစို့ တကယ့် အရွယ်အစားနဲ့ ၁:၄ အရွယ်အစား ပုံရိပ်တွေအတွက် ကွဲပြားချက်တွေကို နားလည်သွားရင် အခက်ခဲဆုံး မက်ခရိုနည်းစနစ်တွေကို နားလည် သဘောပေါက်ပြီး ဖြစ်သွားပါလိမ့်မယ်။ ပစ်ဇယ်သိပ်သည်းမှုမြင့်မားတဲ့ နီကွန်ရဲ့ DSLR တွေက နည်းစနစ်ပိုင်းအရ အကောင်းဆုံးလို့ပြောနိုင်ပေမယ့်လည်း မက်ခရိုဓာတ်ပုံကောင်းတွေကို ဘယ်ကင်မရာနဲ့ဖြစ်ဖြစ် အိတ်ဆောင်ကင်မရာလေး နဲ့တောင် ရိုက်ကူးနိုင်ပါတယ်။ မက်ခရိုဓာတ်ပုံပညာက အလွန်ပဲ လက်လှမ်းမီနိုင်တဲ့ ပညာရပ်ဖြစ်တဲ့အတွက် ပညာသင်တွေနဲ့ ပညာရှင်တွေအကြားမှာ ရေပန်းစားနေရခြင်းဖြစ်ပါတယ်။

REF: photographylife.com


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*