Mi ရဲ့ Yi 4K Action ကင်မရာအသစ် ဈေးကွက်အတွင်းရောင်းချ

Credit: http://www.yitechnology.com/
Unicode Version | Zawgyi-One Version

တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် နည်းပညာကုမ္မဏီကြီးဖြစ်တဲ့ MI ကနေ 4K အရည်အသွေးရိုက်ကူး နိုင်တဲ့ Action ကင်မရာအမျိုးအစားအသစ် Yi ကို ဈေးကွက်ထဲ ဖြန့်ချိလိုက်ပါပြီ။ ဒီကင်မရာအသစ်မှာ အဆင့်မြှင့်တင်မှုအသစ်တွေဖြစ်တဲ့ ဘတ္ထရီကြာကြာအသုံးပြုနိုင်ခြင်း၊ ယခင်ကင်မရာအဟောင်းမှာ မပါဝင်ခဲ့တဲ့ touch live view screen ထည့်သွင်းထားခြင်း၊ CPU အမျိုးအစားသစ်တပ်ဆင်ပေးလိုက်ခြင်းနဲ့ 5GHz wifi တို့ပါဝင်လာပါတယ်။

YI4K_dpmm3
http://www.yitechnology.com/

ဒီကင်မရာက Professional အရည်အသွေးကို ဦးစားပေးထုတ်လုပ်ထားပြီး ယခင် ကင်မရာထက်လည်း ဈေးပိုကြီးပါတယ်။ GoPro Hero 4 မှာ အသုံးပြုထားတဲ့ Ambarella A9SE75 chip၊ SONY IMX377 ကင်မရာဆင်ဆာနဲ့ အလွှာ ၇ ထပ်ပါတဲ့ မှန်ဘီလူးတို့ကြောင့် ဈေးပိုကြီးသွားခြင်းဖြစ်ပါတယ်။ ဒီပစ္စည်းတွေသုံးစွဲထားလို့ ရလဒ်ကလည်း 4K ကွာလတီကို 30fps နဲ့ 60mbs ရိုက်နိုင်မှာဖြစ်ပြီး HD ကွာလတီ 1080p ထက် ၄ဆ ပိုကောင်းပါလိမ့်မယ်။ ကင်မရာပိုင်းကလည်း 12MP နဲ့ မြင်ကွင်းကျယ် ၁၆၀ဒီဂရီအထိ ရိုက်ကူးနိုင်ပါလိမ့်မယ်။

Credit: http://www.yitechnology.com/
Credit: http://www.yitechnology.com/
Credit: http://www.yitechnology.com/
Credit: http://www.yitechnology.com/

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က အရင် ဗားရှင်းအဟောင်းမှာ မပါခဲ့တဲ့ GoPro လိုမျိုး live view screen ပါဝင်လာခြင်းဖြစ်ပါတယ်။ အရင် ဗားရှင်းအဟောင်းမှာ ပုံတွေကြည့်မယ်ဆိုရင် ကင်မရာနဲ့ ဖုန်း ချိတ်ဆက်ပြီးမှာသာ review ပြန်ကြည့်လို့ရတာဖြစ်ခဲ့လို့ နည်းနည်းတော့ အဆင်မပြေပါဘူး။ 2.19 လက်မအရွယ် live view screen က ဒီကိစ္စကို ဖြေရှင်းပြီးသားဖြစ်သွားပါပြီ။ ပြီးတော့ 16:9 ပုံထွက်ကို 640 x 360 resolution ရှိတဲ့ Live view screen က touch screen အမျိုးအစားဖြစ်ပါတယ်။

Credit: http://www.yitechnology.com/
. Credit: http://www.yitechnology.com/

Live View screen တပ်ဆင်ပေးထားလို့ ဘထ္ထရီရဲ့ သက်တမ်းကို စိုးရိမ်ကောင်း စိုးရိမ်ကြပါလိမ့်မယ်။ Yi ရဲ့ အဆိုအရ 1400mAh high voltage 4.4V Lithium-ion ဘထ္တရီကိုတပ်ဆင်ပေးထားပြီး Ampertext Techonlogy ရဲ့ နည်းပညာလို့ဆိုပါတယ်။ အားအပြည့်တစ်ခါသွင်းထားရင် Standby ၈ နာရီအထိရပြီး 4K/30 fps နဲ့ ဗီဒီယိုရိုက်ကူးရင်တော့ ၂ နာရီအထိရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။

နောက်တစ်ချက်က ယခင်ကင်မရာ ဗားရှင်းအဟောင်းမှာပါဝင်တဲ့ Wifi စနစ်ကို dual band အထိ မြှင့်တင်ပေးထားတာဖြစ်လို့ 802.11a/b/g/n စနစ်တွေကို 2.4G/5G အင်တာနာသုံးပြီးချိတ်ဆက်နိုင်ပါလိမ့်မယ်။ BCM43340 chipကိုအ အသုံးပြုထားတာဖြစ်လို့ ဖုန်းနဲ့ ကင်မရာနဲ့ကိုချိတ်ဆက်ရင် 30Mbps လောက်အထိမြန်ဆန်တဲ့ download အမြန်နှုံးကိုရရှိမှာပါ။

YI 4K ကို ညနက်ရောင်၊ ပုလဲဖြူရောင် နဲ့ ရွှေနှင်းဆီရောင် ဆိုပြီး အရောင်သုံးမျိုးနဲ့ ဈေးကွက်မှာ ရောင်းချမှာဖြစ်ပါတယ်။ လောလောဆယ်တော့ Amazon မှာ ဝယ်ယူရရှိနိုင်ပါပြီ။

YI4K_dpmm5

ဈေးနှုန်းကတော့ အနက်ရောင် Mi 4K အတွက် USD 249.99 ဖြစ်ပါတယ်။ အဖြူနဲ့ ပန်းရောင် Travel Edition အတွက် USD 279.99 နဲ့ ရောင်းချမှာဖြစ်ပြီး selfie stick နဲ့ Bluethooth remote ထည့်သွင်းပေးထားပါတယ်။ အောက်ဖော်ပြပါ ဇယားကတော့ YI 4K နဲ့ GoPro HERO4 Black ကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။

YI4K_dpmm4

နိဂုံးချုပ်ကတော့ MI ရဲ့ Yi က ဈေးသက်သာတဲ့ Action Cam အမျိုးအစားဖြစ်ပြီး GoPro နဲ့တော့ နှိုင်းယှဉ်ပြောလို့မရပါဘူး။ သင်ပေးတဲ့ငွေအတိုင်းအတာနဲ့ အပျော်တန်းအတွက် သင့်တော်ကောင်းမွန်တဲ့ အမျိုးအစားဖြစ်ပြီး Professional အသုံးပြုလို့ရမရဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

GoPro ကင်မရာတွေအကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*