Moto Z Phone အတွက် Hasselblad ကင်မရာ

Motorola introduced the $450 Moto Z Play smartphone along with the latest mod, the $250 Hasselblad True Zoom camera accessory, which snaps magnetically to its back. PHOTO: GEOFFREY A. FOWLER / THE WALL STREET JOURNAL
Unicode Version | Zawgyi-One Version

ကျန်ခဲ့တဲ့ရက်သတ္တပတ်ရဲ့ ဗုဒ္ဓဟူးနေ့က Lenovo Group Ltd မှ Mortorola တံဆိပ် Z စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့ပြီး သူနဲ့အတူ Point and shot ကင်မရာအဖြစ်ပါအသုံးပြုလို့ရတဲ့ Gadget တစ်ခုပါ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

Motorola က သူ့ရဲ့ Moto Z Play စမတ်ဖုန်းကို အမေရိကန်ဒေါ်လာနဲ့ ရောင်းချနေချိန်မှာ တွဲဘက် Gadget ဖြစ်တဲ့ အနီးကပ် zoom ဆွဲယူနိုင်တဲ့ Hasselblad True Zoom ကို အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ ရောင်းချပါတယ်။

ပါးလွှာတဲ့ စမတ်ဖုန်းတစ်လုံးမှာ တွဲဖက်ပြီး စွမ်းအားမြင့် ကင်မရာတစ်လုံးပါစေချင်တာ ဓာတ်ပုံဆရာတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ ဆွီဒင် ကင်မရာထုတ်လုပ်သူ ဂုရုကြီး Hasselblad က Motorola နဲ့ ပူးပေါင်းပြီး Motorola ရဲ့ စမတ်ဖုန်း Moto Z တွေရဲ့ နောက်ကျောမှာ ကင်မရာတစ်လုံး ပူးတွဲပေးတော့မယ်လို့ သတင်းကြားလိုက်ချိန်မှာ ကျွန်တော်တို့ စိတ်လှုပ်ရှားခဲ့ပါတယ်။

Hasselblad True Zoom ကို စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ Verizon ဆိုင်တွေမှာ ဈေးကွက်တင်ရောင်းချမှာဖြစ်ပါတယ်။ Android ဖုန်းတိုင်းမှာ မပါဝင်နိုင်တဲ့ စွမ်းဆောင်ရည်ဖြစ်တဲ့ 10x zoom, flash နဲ့ grip စတာတွေက android ဖုန်းမှာ မူလပါဝင်တဲ့ ကင်မရာရဲ့စွမ်းဆောင်ရည်ထက် ပိုကောင်းပြီး အစားထိုးနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။ Hasselblad ဆိုတာ ကင်မရာလောကရဲ့ Rolls-Royce လို့ပြောလို့ရသလို ဒေါ်လာသောင်းနဲ့ချီပြီး တန်တဲ့ medium-format ကင်မရာတွေကို ထုတ်လုပ်သူဖြစ်ပါတယ်။

သို့သော်လည်း ကံမကောင်းစွာနဲ့ ဒီဈေးသက်သာတယ်လို့ပြောလို့ရတဲ့ ကင်မရာမော်ဒယ်အသစ်မှာ အကောင်းဆုံးအရည်အသွေးကို Hasselblad က ပြနိုင်တယ်လို့ ကျွန်တော်တို့ သက်သေရှာလို့မရခဲ့ပါဘူး။ ကျွန်တော်တို့ ဒီ gadget ကို နေ့လည်ခင်းတစ်ခုမှာ စမ်းသပ်ရိုက်ကြည့်ဖို့အတွက် ပွဲထုတ်ခဲ့ပါတယ်။ ခပ်လှမ်းလှမ်းက subject တွေကို အနီးကပ်ဆွဲယူရိုက်ကူးနိုင်လို့ ကျွန်တော်တို့ စိတ်ကျေနပ်ခဲ့ပေါမယ့် အလင်းရောင် အားနည်းတဲ့ အချိန်မှာ ရိုက်ကူးတဲ့ပုံတွေက ကျွန်တော်တို့ကို စိတ်ပျက်စေခဲ့ပါတယ်။

The 10-times zoom on the Hasselblad camera was useful for snapping a picture of this seagull that flew away as soon as we got closer. ENLARGE
The 10-times zoom on the Hasselblad camera was useful for snapping a picture of this seagull that flew away as soon as we got closer. PHOTO: GEOFFREY A. FOWLER FOR THE WALL STREET JOURNAL

Hasselbald ရဲ့ gadget ကို Moto Z စမတ်ဖုန်းရဲ့ နောက်ကျော ဘတ္ထရီနဲ့ ကပ်လျက်မှာတပ်ဆင်ရမှာဖြစ်ပါတယ်။ ကင်မရာကို ဖုန်းကနေ ဘထ္ထရီအားယူပြီး Motorola ရဲ့အဆိုအရ ဒီဘထ္ထရီက ပုံ ၃၀၀ ကနေ ၄၀၀ လောက်အထိ ရိုက်ကူးဖို့ လုံလောက်တယ်လို့ဆိုပါတယ်။

ဒီအပိုတပ်ဆင်လို့ရတဲ့ ကင်မရာ Mod က ဖုန်းရဲ့နောက်ကျောမှာ ခိုင်ခိုင်မြဲမြဲတပ်ဆင်ထားပေမယ့် ကြမ်းခင်းအမာပေါ်ကိုတော့ ပစ်ချပြီး စမ်းမကြည့်ခဲ့ပါဘူး။ ရှပ်တာခလုတ်က grip မှာတပ်ဆင်ပေးထားလို့ကိုင်တွယ်ရလွယ်ကူပါတယ်။ Modမှာလည်း ပါဝါခလုတ်ကို အပေါ်ဖက်မှာတပ်ဆင်ပေးထားပြီး ဖုန်းရဲ့ ကင်မရာ app ကို ပါဝါခလုတ်ဖွင့်လိုက်တာနဲ့ ပွင့်သွားအောင် စီမံထားပါတယ်။ Mod ရဲ့အရွယ်အစားက ဖုန်းရဲ့အရွယ်အစားနဲ့ သိပ်မကွာခြားလှလို့ ဘောင်းဘီအိတ်ထဲထည့်သွားလို့ရတဲ့ အရွယ်အစားဖြစ်ပါတယ်။

အကြီးမားဆုံးပြဿနာတစ်ခုကတော့ 12MP ဆင်ဆာက 1/2.3 လက်မပေါ်က အတိုင်းအတာသာဖြစ်ပြီး Z ဖုန်းမှာ နဂိုကတည်းက ပါဝင်တဲ့ ဆင်ဆာ 16MP ရဲ့အရွယ်အစားထက် နည်းနည်းသာကြီးပါတယ်။ ဆင်ဆာကြီးတယ်ဆိုတဲ့ ကိစ္စဟာ ပုံအရည်သွေးသာမက DOF နဲ့ ညဖက်ရိုက်ကူးတဲ့ ပုံတွေကိုပါ အကျိုးသက်ရောက်မှုရှိပါတယ်။ ကျွန်တော် စမ်းသပ်မှုတစ်ခုအဖြစ် Hasselblad True Zoom ကို DXO one ယှဉ်ပြီး နဲ့စမ်းသပ်ကြည့်ခဲ့ပါတယ်။ DXO one ဆိုတာ 20.2MP ရှိတဲ့ ဒေါ်လာ ၆၀၀တန် iPhoneကင်မရာ gadget တစ်ခုဖြစ်ပြီး ၁ လက်မဆင်ဆာတပ်ဆင်ထားပေမယ့် zoom တော့မပါဝင်ပါဘူး။

နေ့ဖက်အချိန်မှာတော့ Hasselblad ရဲ့ zoom က cityscape နဲ့ ငှက်စတာတွေကို ကြည်ကြည်လင်လင်နဲ့ ရိုက်ကူးနိုင်အောင်ကူညီပေးပါတယ်။ ဒီဓာတ်ပုံတွေအားလုံးက သာမန် dynamic နဲ့ရိုက်ကူးထားလို့ DXO နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ မယှဉ်နိုင်ခဲ့ပါဘူး။ ညနေစောင်းအချိန် နေဝင်ချိန်တွေမှာ Hasselblad က Moto Z phone ရဲ့ သာမန်ကင်မရာနဲ့ သိပ်မကွားခြားဘဲ အလင်းရောင်အားနည်းမှုအောက်မှာ ရုန်းကုန်ခဲ့ရပါတယ်။ Hasselblad ရဲ့ aperture ကတော့ zoom အနေအထားပေါ်မူတည်ပြီါ် f/3,5 က နေ f/6.5 အတွင်းရှိနိုင်ပါတယ်။
ညဖက်ပုံတွေအတွက်ကတော့ Hasselblad က သူ့ရဲ့ ကင်မရာ app ကိုသုံးပြီး ပြန်ကောင်းအောင် ပြုပြင်ပါတယ်။ ISO ကိုကစားတာ၊ focus နဲ့ aperture တို့ကို ကစားတာတို့လုပ်နိုင်ပေမယ့် ဓာတ်ပုံဝါသနာရှင်တွေလိုချင်သလိုမျိုး manual ထိန်းချုပ်မှုအစစ်တော့မဟုတ်ပါဘူး။

Hasselblad ရဲ့ Phocus software ကိုအသုံးပြုပြီး RAW ဓာတ်ပုံတွေကို ပြုပြင်နိုင်ခွင့်ကို Mod ပိုင်ရှင်တွေကိုပေးမယ်လို့ Hasselblad က ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်က ပိုင်ရှင်မဟုတ်လို့ အသုံးပြုခွင့်မရခဲ့ပါဘူး။

သီအိုရီအရ LG ရဲ့ ဦးဆောင်မှုနောက်ကို ထပ်ချပ်မကွာလိုက်တဲ့အနေနဲ့ Z ဖုန်းတွေကို Motorola က ထုတ်လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ ကျန်ခဲ့အတဲ့အပတ်မှာတော့ Play အမျိုအစား စမတ်ဖုန်းတွေကို ပြသခဲ့ပြီး ဒေါ်လာ ၇၀၀ ကနေ ၄၅၀ အထိလျော့ချပစ်ခဲ့ပါတယ်။ ကင်မရာနဲ့ စခရင်ကိုတော့ အရည်အသွေးလျော့ထားတယ်လို့ဆိုပါတယ်။

ဒါပေမယ့် သာမန်ဖုန်းအမျိုးအစားတွေအတွက်ကတော့ ရူးသွပ်မှုတစ်ခုလို့သာပြောလို့ရပေမယ့် ပုံမှန်ဖုန်းတစ်လုံးအတွက် ဒီလိုတွဲဖက်ထားမှုက ဖုန်းကို သက်တမ်းရှည်ရှည်သုံးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ Moto ကတော့ ဘထ္ထရီအပိုတွေအပြင် ပရိုဂျက်တာသေးသေးလေးတွေတောင်မှထုတ်လုပ်ထားပေမယ့် ဒီကင်မရာ mod ကတော့ ဒီဟာတွေထက်တော့ အသုံးဝင်နိုင်ပါတယ်။

နိဂုံးချုပ်ကတော့ Hasselblad အနေနဲ့ Motorola နဲ့ပူးပေါင်းမှုမှာ ကင်မရာ ဆင်ဆာ ကောင်းကောင်းအတွက် ရင်းနှီးမြှုတ်နှံသင့်ပါတယ်။ ဈေးတော့ကြီးသွားမှာသေချာပေမယ့် ဓာတ်ပုံဆရာတွေကတော့ Hasselblad တံဆိပ်က ဈေးမသက်သာဘူးဆိုတာ ရင်းနှီးပြီးသားမို့လို့ ပြဿနာမရှိလောက်ပါဘူး။

ကိုးကား။ www.wjs.com


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*