Nikon D3300 မှာ White Balance ဘယ်လို preset လုပ်မလဲ

နီကွန် D3300 ကင်မရာ
Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ White Balance နဲ့ Colour Temperature အခြေခံ ဆောင်းပါးကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

White Balance နဲ့ Colour Temperature အခြေခံ

Nikon D3300 မှာပါတဲ့ white balance setting တွေ ဘယ်တစ်ခုမှ အသုံးမတည့်ဘူးဖြစ်နေပြီး fine tuning လုပ်ရတာခက်ခဲ နေလို့ရှိရင် PRE (Preset Manual) feature ကိုသုံးကြည့်ပါ။ အရာဝထ္ထုပေါ်အမှန်တကယ်ကျရောက်နေတဲ့ အလင်းရောင်ကို တွက်ချက်အခြေခံပြီး white balance ကိုရယူတာပါ။

preset တစ်ခုတည်းကိုပဲ D3300 ထဲသိမ်းထားလို့ရပါတယ်။ အလင်းရောင်မတူတဲ့ အခြေအနေအမျိုးမျိုးမှာသုံးမယ့် preset အမျိုးမျိုးကိုသိမ်းထားလို့မရပါဘူး။ ဥပမာအားဖြင့် အင်္ဂါနေ့မှာရှိမယ့် အလင်းရောင်အခြေအနေအတွက် တနင်္လာနေ့ကအလင်းအခြေအနေကိုသုံးပြီး preset လုပ်ထားလို့မရပါဘူး။

၁) Reference card ကိုနေရာတကျထားပါ

(ဓာတ်ပုံရိုက်ကူးမယ့် အရာဝတ္ထုအပေါ်ကျရောက်နေတဲ့ အလင်းရောင်နဲ့ တူညီတဲ့ အလင်းရောင်အခြေအနေအမျိုးအစားကို reference card ပေါ်ကျရောက်စေရပါမယ်)

White balance အတွက်သုံးတဲ့ reference card တွေကို ဒေါ်လာ နှစ်ဆယ်လောက်နဲ့ဝယ်လို့ရပါတယ်။ ဒီလိုကဒ်မျိုးဟာ 18% gray သို့မဟုတ် လုံးဝဆွတ်ဆွတ်ဖြူနေတဲ့အဖြူ ဖြစ်ရပါမယ်။

၂) ကင်မရာကို P, S (Tv), A (Av) သို့ M မုဒ်မှာထားပါ

exposure မှန်မမှန် ကင်မရာ exposure meter သုံးပြီးကြည့်ပါ။ exposure မမှန်ပါက ကင်မရာက white balance preset ကိုမရရှိနိုင်တဲ့ အတွက်ကြောင့် exposure မှန်ဖို့အရေးကြီပါတယ်။ exposure မမှန်ပါက မှန်အောင် setting ပြန်ချိန်ပါ။

၃) Reference card ကို viewfinder ၏မြင်ကွင်းတွင် အပြည့်ဖြည့်ပါ

white balance preset လုပ်ဖို့ reference shot ကို viewfinder အသုံးပြုပြီး ရိုက်ရပါမယ်။ LCD မှန်သားကနေကြည့်ရိုက်တဲ့ Live View mode နဲ့ ရိုက်လို့မရပါဘူး။

၄) Shooting menu ->White Balance -> OK -> PRE Preset Manual

နီကွန် D3300 ကင်မရာ မီနူး

ပုံပါအတိုင်း Shooting menu မှတဆင့် White balance ကိုသွားပါ။ ထိုနေက် OK ကိုနှိပ်ပါ။ menu ၏ နောက်တစ်မျက်နှာတွင်ရှိသော PRE option သို့ဆက်သွားပါ။

၅)

D3300 ကင်မရာ မီနူး

D3300 မီနူး

Multi Selector ရဲ့ညာဘက်မျှားကို နှိပ်ပါ။ ထို့နောက် Measure ကိုရွေးချယ်ပါ။ OK ကိုထပ်နှိပ်ပါ။ ရှိနေတဲ့ဒေတာ ကိုဖျက်မှာလားလို့ ကင်မရာကမေးပါလိမ့်မယ်။ Yes ကိုနှိပ်၍ OK ကိုထပ်နှိပ်ပါ။

၆)

နီကွန် ကင်မရာ-04

နီကွန် D3300 ကင်မရာ-05

reference card ကို ဓာတ်ပုံရိုက်ရန်ခိုင်းတဲ့ စာကိုတွေ့ပါလိမ့်မယ်။ ဓာတ်ပုံရိုက်ဖို့ ခြောက်စက္ကန့်ခန့်အချိန်ရပါတယ်။ PRE ဆိုတဲ့စာလုံး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး ဓာတ်ပုံရိုက်နိုင်ပြီဆိုတာကို ကင်မရာကဖော်ပြပါလိမ့်မယ်။

၇)

Reference ပုံရိုက်ပါ၊ reference card ဟာပြောင်ချောဖြစ်နေလို့ ကင်မရာက autofocus လုပ်ရန်ခက်ခဲနေပါလိမ့်မယ်။ ဒါကိုရှောင်ကွင်းဖို့ မန္နူရယ်မုဒ်ကိုသုံးနိုင်ပါတယ်။

ကင်မရာ မီနူး-07

white balance data ကိုကင်မရာအောင်မြင်စွာ ရရှိသွားပါက Gd ဟူသောစာလုံးကို view finder မှာဖော်ပြပါပြီး Data Acquired ဟူသောစာကို LCD မှာဖော်ပြပါလိမ့်မယ်။

D3300 ကင်မရာ

မအောင်မြင်ပါက No Gd ဟူသောစာလုံးကို view finder မှာဖော်ပြပြီး ပြန်လည်လုပ်ဆောင်ခိုင်းပါလိမ့်မယ်။ အလင်းရောင်အခြေနေကိုပြောင်းလဲပြီးမှ ထပ်ကြိုးစားသင့်ပါတယ်။

via Nikon and Dummies


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*