Nikon DSLRအတွက်အကောင်းဆုံးMacroမှန်ဘီလူးများ

Unicode Version | Zawgyi-One Version

ဤဆောင်းပါးမှာပါဝင်တဲ့ မှန်ဘီလူးတွေက အယ်ဒီတာအဖွဲ့ရဲ့ အာဘော်သာဖြစ်ပြီး တန်ဖိုးသင့်တင့်မှု၊ အသုံးဝင်မှုနဲ့ အကြမ်းခံနိုင်မှုကို အဓိကထားပြီး ရွေးချယ်ထားတာပါ။
ကင်နွန်ရဲ့ DSLR တွေလိုမျိုးပဲ နီကွန်မှာလည်း ဆင်ဆာ အရွယ်အစားနှစ်မျိုးရှိပြီး Full frame နဲ့ APS-C တို့ဖြစ်ကြပါတယ်။ နီကွန်ရဲ့ fit lens တွေကတော့ ဆင်ဆာ အရွယ်အစားနှစ်မျိုးလုံးအတွက်အလုပ်လုပ်ပါတယ်။ APS-C ကင်မရာတွေမှာ full frame မှန်ဘီလူးကိုသုံးလို့ရပေမယ့် crop mode မှာပဲအလုပ်လုပ်လို့ ဆင်ဆာအကြီးရဲ့ စွမ်းဆောင်ရည်တော့ ရမှာမဟုတ်ပါဘူး။

သို့ပေမယ့်လည်း full frame မှန်ဘီလူး FX တွေဟာ small format ဖြစ်တဲ့ DX တွေမှာလည်း အလုပ်လုပ်ပါတယ်။ ခြားနားချက်ကတော့ DX မှာသုံးတဲ့အခါ focal length က crop factor ကြောင့် ၁.၅ ဆ ပိုရှည်သွားပါတယ်။ မက်ကရိုမှန်ဘီလူးတွေအတွက်ကတော့ ဒီကိစ္စက ကိစ္စမရှိပါဘူး။ တခါတလေမှာ ကျွန်တော်တို့က subject ကို အတန်ငယ်ဝေးတဲ့နေရာကနေ ရိုက်ဖို့လိုအပ်တယ်လေ။

နီကွန် DSLR တွေအတွက် အကောင်းဆုံး မက်ကရို မှန်ဘီလူးများ။

Sigma 105mm f 2 8 EX DG OS HSM Macro
Sigma 105mm f 2 8 EX DG OS HSM Macro

1. Sigma 105mm f/2.8 EX DG OS HSM Macro for Nikon

သင့်တင့်မျှတဲ့ ဈေးနှုန်းနဲ့အတူ အကောင်းဆုံး ပုံထွက်ရနိုင်တဲ့အတွက် ပြိုင်ဘက်မရှိတဲ့ မှန်ဘီလူးပါ။

အမျိုအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: 4 stops | Weather seals: No | Minimum focus distance: 31cm | Filter size: 62mm | Dimensions: 78 x 126mm | Weight: 725g

ထူးခြားချက်များကတော့ ကိုင်တွယ်ရလွယ်ကူခြင်း၊ ရုပ်ပုံအရည်အသွေး၊ တော်တော်လေး အလုပ်ဖြစ်တဲ့ stabilizer တို့ပါဝင်ပေမယ့် Weather seal မပါဝင်တဲ့အပြင် focus ring ကလည်း ကင်မရာ ဘော်ဒီနဲ့ တော်တော်လေး လှမ်းပါတယ်။
ဓာတ်ပုံဆရာအများစုဆီမှာ သူတို့ကိုင် တဲ့ ကင်မရာတွေနဲ့ တူတဲ့ မှန်ဘီလူးတံဆိပ်ကိုသာ လိုချင်တဲ့ စိတ်အစွဲဆိုတာရှိကြတယ်ဆိုပေမယ့် ဒီနေရာမှာ တော့ Sigma ကနှာတဖျားသာသွားပါတယ်။ မြန်ဆန်ပြီး အသံညင်သာတဲ့ ring-type ultrasonic auto focus စနစ်ကို အဆင့်လေးဆင့်ရှိတဲ့ stabilizer တွဲစပ်ထားတဲ့ နည်းစနစ်က ဒီမှန်ဘီလူးမှာ တပ်ဆင်ထားပါတယ်။ အပါချာကို အကျယ်ဆုံးအနေအထားမှာထားရင်တောင်မှ SLD (Special Low Dispersion) နှစ်ခု တပ်ဆင်ထားလို့ sharpness က ကျမသွားနိုင်ပါဘူး။ အရောင် ရောထွေးမှုနဲ့ အရောင်ယိုင်သွားခြင်းများလည်း မရှိပါဘူး။ မြန်မြန်ဆန်ဆန်နဲ့ auto focus လုပ်နိုင်ခြင်းကြောင့် အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်တဲ့အပြင် focus-timing ၃ ခု ပါဝင်တာ ကိုတွေ့ရပါတယ်။ ကိုင်တွယ်ဖို့အကောင်းဆုံးအနေအထားမှာ ရှိခြင်းနဲ့ ဖွဲ့စည်းပုံအနေအထားမှာ နီကွန်ကို ယှဉ်ပြိုင်နိုင်ခြင်းတို့အကြောင့် အကောင်းဆုံး မက်ကရို မှန်ဘီလူးဖြစ်ပါတယ်။

USD 619 နဲ႕ ဒီမွာ ဝယ်ယူရရှိနိုင်ပါတယ်။

Tamron SP 90mm f/2.8 Di VC USD Macro for Nikon
Tamron SP 90mm f/2.8 Di VC USD Macro for Nikon

2. Tamron SP 90mm f/2.8 Di VC USD Macro for Nikon

ဖွဲ့စည်းတည်ဆောက်ပုံ ကောင်းကောင်းနဲ့ ဒီမက်ကရိုမှန်ဘီလူးက သူ့ကိုပေးရတဲ့ ငွေကြေးထက် အများကြီးတန်ပါတယ်။

အမျိုးအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: 4 stops | Weather seals: Yes | Minimum focus distance: 30cm | Filter size: 58mm | Dimensions: 76 x 123mm | Weight: 550g

ထူးခြားချက်တွေကတော့ ပုံထွက်အကောင်းစားနဲ့ weather sealing ပါဝင်တာပဲဖြစ်ပါတယ်။ Sigma 105mm လောက် ပုံထွက် sharp မဖြစ်ပေမယ့် ဈေးနည်းနည်းပိုသက်သာပါတယ်။

Sigma 105mm က အငြင်းပွားစရာမရှိအကောင်းဆုံးလို့ ဒီဆောင်းပါးမှာ ဖော်ပြထားပေမယ့် Tamron က ဒုတိယအနေနဲ့ နောက်ကနေ ကပ်လိုက်နေပါတယ်။ Stabilization စနစ်အတွက် အကောင်းဆုံးတစ်ခုဖြစ်တဲ့ VC(Vibration Compensation) တပ်ဆင်ပေးထားတဲ့အပြင် အလွန်လျင်မြန်တဲ့ ring-type untrasonic auto focus စနစ် နဲ့ အဆင့်သုံးဆင့်ပြောင်းလို့ရတဲ့ three-positions focus စနစ်တွေပါဝင်ပါသေးတယ်။ Weather seal အပြင် အကြမ်းခံ နိုင်အောင် တည်ဆောက်ထားတဲ့အပြင် အလွန်ကောင်းမွန်တဲ့ ပုံထွက်တွေရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ Tamron ရဲ့ ebond နာနိုကုတ်တင်း စနစ်ကြောင့် Ghosting ဖြစ်တာတွေနဲ့ အရောင်ရောထွေးမှုတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ Sigma 105mm လိုပဲ f/2.8 အထိဖွင့်လို့ရပေမယ့် တကယ်တမ်းတော့ f/4 နဲ့ f/11 အကြားက sharpness က အလွန်ကောင်းမွန်ပါတယ်။

Tamron က ဒီမော်ဒယ်ကို ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် USD 749 နဲ႕ ဒီမွာ  ဝယ်ယူရရှိနိုင်ပါတယ်။

Nikon 60mm f 2 8D AF Micro
Nikon 60mm f 2 8D AF Micro

3. Nikon 60mm f/2.8D AF Micro

မှန်ဘီလူး မော်ဒယ်ဟောင်းဖြစ်ပြီး ခုချိန်အထိအသုံးဝင်နေပါသေးတယ်။

အမျိုအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: No | Weather seals: No | Minimum focus distance: 22cm | Filter size: 62mm | Dimensions: 70 x 75mm | Weight: 440g

ကြောက်စရာကောင်းလောက်အောင်ကောင်းလွန်းတံ ရုပ်ထွက်ကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပြီး အလွန်နှေးတဲ့ screw drive auto focusing စနစ်တပ်ဆင်ထားပါတယ်။ Stabilization နဲ့ weather seal တို့ မပါဝင်ပါဘူး။

ကျန်ခဲ့တဲ့ ရာစုနှစ်လောက်ကထုတ်ထားသလိုမျိုး ရှေးဟောင်းပုံပေါက်နေတဲ့ ဒီမှန်ဘီလူးက နီကွန်ရဲ့ မှန်ဘီလူးတွေထဲက နေပြီး ကျွန်တော်တို့ ရွေးထုတ်လိုက်တဲ့ ပထမဆုံး မက်ကရို မှန်ဘီလူးဖြစ်ပါတယ်။ ဒီမှန်ဘီလူးကိုရွေးလိုက်ရတာကလည်း သူ့ရဲ့ မှန်ဘီလူး မှန်သားအရည်အသွေးကြောင့်ပြီး ခေတ်ပေါ် G-Mount နီကွန် မှန်ဘီလူးတွေအတွက်တော့ ရှက်ဖွယ်ပါ။ Sharpness ကတော့ သူရဲ့ aperture အတိုင်းအတာအားလုံးမှာ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်နေတာကိုတွေ့ရပြီး ပုံရိပ်ယိုင်သွားခြင်း အရောင်ရောထွေးခြင်းတို့လုံးဝ(လုံးဝ) မဖြစ်ပါဘူး။ ဒါပေမယ့်လည်း internal auto focus မော်တာမပါလို့ focus စနစ်က အလွန်နှေးပါတယ်။ D3xxx နဲ့ D5xxx ကင်မရာတွေမှာ auto focus အလုပ်မလုပ်ါဘူး။ ပုံမှန်အတိုင်း အလွယ်တကူ ရိုက်ခြင်တဲ့သူတွေအတွက်ကတော့ စိတ်ပျက်စရာဖြစ်ပေမယ့် မက်ကရိုကို manual focus နဲ့ရိုက်ကူးရင်တော့ တိကျပြီး ကြိးမားတဲ့ focus ring ကြောင့် ပျော်ရွှင်နိုင်မှာပါ။

1987 ကတည်းက ထုတ်လုပ်ထားတဲ့ ဒီမော်ဒယ်ကို USD 516.95 နဲ႕ ဒီမွာ ဝယ်ယူရရှိနိုင်ပါတယ်။

 

Tamron SP AF 90mm f 2 8 Di Macro
Tamron SP AF 90mm f 2 8 Di Macro

4. Tamron SP AF 90mm f/2.8 Di Macro for Nikon

Tamron ရဲ့ မှန်ဘီလူးဟောင်းက ကျွန်တော်တို့ရဲ့ စိတ်ကြိုက်အဖြစ်ဆုံးနဲ့ ဈေးအသက်သာဆုံးရွေးချယ်မှုဖြစ်ပါတယ်။

အမျိုအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: No | Weather seals: No | Minimum focus distance: 29cm | Filter size: 55mm | Dimensions: 72 x 97mm | Weight: 405g

Tamron SP AF 90mm f/2.8 Di Macro for Nikon

အလွန်ကောင်းမွန်တဲ့ ရုပ်ထွက်၊ ညက်ညောပြေပြစ်တဲ့ manual focusing တို့ စနစ်ပါဝင်ပြီး stabilization စနစ် ပါဝင်ခြင်းမရှိပါဘူး။ မှန်ဘီလူးပြောင်းကို ဆန့်ထုတ်ပြီး focus လုပ်ရတဲ့ အမျိုးအစားဖြစ်ပါတယ်။

ဒီမှန်ဘီလူးက ဂန္ထဝင်ဆန်တဲ့ မှန်ဘီလူးဖြစ်ပြီး ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီး Tamronက ဆောင်းပါးရဲ့ ဒုတိယနေရာက မှန်ဘီလူးနဲ့ အစားထိုးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့စာရင်းထဲမှာတော့ ဈေးအသက်သာဆုံးပါ။ ဒီဈေးနှုန်းကြောင့်လဲ auto focus စွမ်းဆောင်ရည်က သာအမန်အဆင့်ဖြစ်ပြီး အသံဆူညံတဲ့ လျှပ်စစ်မော်တာကိုသုံးထားပါတယ်။ ၂၀၀၈ မတိုင်ခင်ကတည်းက ဈေးကွက်တင်ထားတဲ့ မော်ဒယ်တွေဆိုရင် အဲဒီ auto focus တောင်မပါဝင်ပါဘူး၊ အဲဒီအတွက် ဒီမှန်ဘီလူးကို အဟောင်းပြန်ဝယ်ရင် သေချာကြည့်ဖို့လိုပါလိမ့်မယ်။ ဒါပေမယ့် မက်ကရို ရိုက်တဲ့ဓာတ်ပုံဆရာတွေကတော့ ညက်ညောပြေပြစ်တဲ့ focusing ring ကြောင့် manual focusing ဆိုတာ ထမင်းစားရေသောက်ဆိုသလိုဖြစ်လို့ သိပ်တော့ ပြဿနာမရှိပါဘူး။ f/2.8 ထားရင်တောင်မှ ပုံတစ်ပုံလုံးကိုခြုံကြည့်ရင် ထိပ်တန်း sharpness ကိုရနိုင်ပေမယ့် အရောင်ရွေးထွေးမှုရှိနိုင်ပြီး f/5.6 မှာတော့ ပျောက်ကွယ်သွားပါတယ်။

USD 499 နဲ့ ဈေးကွက်အတွင်းမှာ ဆက်လက်ရောင်းချနေပြီး  ဒီမွာ  ဝယ်ယူနိုင်ပါတယ်။

Nikon AF S 105mm f 2 8G VR IF ED Micro
Nikon AF S 105mm f 2 8G VR IF ED Micro

5. Nikon AF-S 105mm f/2.8G VR IF-ED Micro

အရည်အသွေးကောင်းမှန်ဘီလူးဖြစ်ပြီး သူနဲ့ ပြိုင်ဘက်မှန်ဘီလူးတွေနဲ့ ယှဉ်ရင်တော့ အနည်းငယ်လောက် နိမ့်ပါးနေပါတယ်။

အမျိုးအစား: prime | Sensor size: full frame | Maximum aperture: f/2.8 | Image stabiliser: 4 stops | Weather seals: Yes | Minimum focus distance: 31cm | Filter size: 62mm | Dimensions: 83 x 116mm | Weight: 720g

တည်ဆောက်မှုပိုင်းနဲ့ focus ပိုင်းမှာတော့ အကောင်းဆုံးဖြစ်ပြီး sharpness ကတော့ သာမန်ဖြစ်ပါတယ်။ ပြိုင်ဘက်တွေနဲ့စာရင်တော့ ဈေးကြီးလွန်းပါတယ်။

ဈေးကြီးလွန်းတဲ့ ဒီမှန်ဘီလူးက နီကွန်ရဲ့ ထိပ်သီး မက်ကရိုမှန်ဘီလူး စာရင်းမှာပါဝင်ပြီး ကြာကြာအသုံးပြုနိုင်အောင် ရည်ရွယ်ပြီးထုတ်လုပ်ထားပါတယ်။ အလွန်လျင်မြန်တဲ့ auto focus နဲ့ ညက်ညောတဲ့ focusing ring ကြောင့် auto ရော manual focusing နှစ်မျိုးလုံးအတွက် အဆင်ပြေပါတယ်။ Focus limiter ကိုတပ်ဆင်ထားပေမယ့် focus ring က တိုတဲ့အတွက် ring ရဲ့အဆုံးမှာ lock လုပ်လို့မရပါဘူး။ အတွင်းမှာတော့ နီကွန်ရဲ့ Nano Crystal သုတ်လိမ်းထာတဲ့ မှန်ဘီလူးကြောင့် အလင်းပြန်မှုကို လျော့ချပေးနိုင်ပြီး ED မှန်သားသုံးထားတဲ့အတွက် အရောင်ရွေးထွေးမှုကိုလည်းလျော့ချပေးပါတယ်။ သို့ပေမယ့်လည်း aberration လို့ခေါ်တဲ့ subject တွေရဲ့ထောင့်ဘက်မှာ ပန်းရောင်အနီရောင်အနားသတ်တွေဖြစ်နေတာကို လျော့ချပေးနိုင်ရင် ပိုကောင်းမှာပါ၊ sharpness နည်းတဲ့အတွက်လည်း သိပ်ပြီး အကောင်းကြီးမဟုတ်ပါဘူး။ f/8 လောက်နဲ့ရိုက်မှသာ sharpness အကောင်းဆုံးဖြစ်ပေမယ့် f/8 ထက် ကျယ်တဲ့ သို့မဟုတ် ကျဉ်းတဲ့ aperture မှာတော့ sharpness ကျသွားတာကိုတွေ့နိုင်ပါတယ်။

USD 896.95 နဲ့ ဒီမှာ ဝယ်ယူနိုင်ပါတယ်။

Ref: Techradar

Canon အတွက် အကောင်းဆုံး Macro မှန်ဘီလူးများ


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*