Olympus ရဲ့အကြမ်းခံကင်မရာအသစ် Tough TG-Tracker

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


ကင်မရာထုတ်လုပ်သူ Olympus က ခြေရာခံလို့ရတဲ့ အကြမ်းခံကင်မရာအမျိုးအစားတစ်ခုကို ပွဲထုတ်လိုက်ပြီး သင့်ရဲ့ စွမ်းဆောင်ရည်တွေကို တိုးတက်လာအောင် ကူညီပေးနိုင်မယ်လို့ဆိုပါတယ်။ Olympus TG-Tracker ကင်မရာအသစ်မှာ 4K ဗီဒီယိုတွေကို မှတ်တမ်းတင်နိုင်ဖို့ 1/2.3 လက်မ 7.2 Megapixel ဆင်ဆာ၊ ဖြုတ်/တပ်လို့ရတဲ့ လက်ကိုင်၊ 14 mm f/2 ရှိတဲ့ မြင်ကွင်းကျယ်မှန်ဘီလူး၊ 5-axis image stabilization နဲ့ လှည့်လို့ရတဲ့ ၁.၅ လက်မအရွယ် မော်နီတာတို့ ပါဝင်ပါတယ်။ အကြမ်းခံနိုင်စွမ်းတွေကတော့ ၂.၁ မီတာအမြင့်က ပစ်ချခံနိုင်တယ်၊ ၁၀၀ ကီလိုဂရမ်အလေးချိန်အထိ အဖိခံနိုင်တယ်၊ ဖုန်မှုန့်မဝင်အောင်ကာကွယ်နိုင်တယ်၊ -၁၀ ဆဲစီးရပ်စ် အထိ အအေးခံနိုင်တာတို့ အပြင် ရေအနက် ၃၀ မီတာအထိ အသုံးပြုလို့ရတာတွေ ဖြစ်ပါတယ်။  ရေအောက်မှာရိုက်ကူးတဲ့အချိန် white balance ကိုအလိုအလျှောက် ချိန်ညှိပေးခြင်း၊ 60 Lumen အားရှိတဲ့ မီးရောင်သုံးပြီး အရမ်းမှောင်တဲ့နေရာတွေမှာ ရိုက်ကူးနိုင်ခြင်း စတာတွေကို အသုံးပြုနိုင်ပါတယ်။ အခြားသော Geotagging ပါတဲ့ ကင်မရာတွေနဲ့မတူညီကွဲပြားတဲ့အချက်ကတော့ TG-Tracker ကင်မရာကိုသယ်ယူပြီး အသုံးပြုတဲ့အချိန်မှာ အလျင်နှုန်း၊ အမြင့် သို့မဟုတ် အနက်ပေ ဘယ်လောက်၊ အပူချိန်၊ ဦးတည်ရာအရပ် တို့ကို အသေးစိတ်တွက်ချက်ပေးတဲ့အပြင် လောင်ဂျီတွဒ် လက်တီတွဒ် အမှတ်အသားတွေနဲ့ပါ ဖော်ပြပေးနိုင်စွမ်းရှိတာပါပဲ။ ဒီအချက်တွေက စွန့်စွန့်စားစား အားကစားနည်းတွေကို စွဲလန်းသူတွေအတွက် ဘယ်နားမှာ၊ ဘာတွေလုပ်ခဲ့တာ နဲ့ ဘာတွေဖြစ်ခဲ့တာလဲ စတဲ့အချက်တွေကို ဓါတ်ပုံတွေကတဆင့် မှတ်တမ်းတင်ပေးနိုင်လို့ မရှိမဖြစ် ကင်မရာတစ်လုံးဖြစ်လာမှာပါ။ Olympus Tough TG-Tracker ကင်မရာကို နောက်လကစပြီး ဈေးကွက်ထဲမှာရရှိနိုင်ပါပြီ၊ ဈေးတွေကတော့ စတာလင်ပေါင် ၂၇၉.၉၉ သို့မဟုတ် ယူအက်စ်ဒေါ်လာ၃၄၉.၉၉ သို့မဟုတ် ယူရို ၃၄၉ ဖြစ်ပါတယ်။

 Photo: getolympus.com
Olympus TG-Tracker ကို အမေရိကန်ဒေါ်လာ ၃၄၉.၉၉ နဲ့ ဝယ်ယူလို့ရပါပြီ။

Olympus TG-Tracker ကို စမတ်ဖုန်းတွေ နဲ့တွဲပြီးသုံးဖို့အတွက် အခမဲ့ Appတွေကို Olympus က ထုတ်ပေးထားပြီး Wifi နဲ့ ချိတ်ဆက်သုံးစွဲလို့ရပါတယ်။ Olympus Image Tracker App (OI.Track) လို့ခေါ်တဲ့ App ကိုအသုံးပြုပြီး ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေကို smart phone နဲ့ ချိတ်ဆက်ကြည့်တဲ့နေရာမှာ ရေအနက်ဘယ်လောက်မှာ ရိုက်ခဲ့လဲ၊ ပင်လယ်ရေမျက်နှာပြင် အထက် ပေဘယ်လောက်မှာရိုက်ခဲ့လဲ စတာတွေအပြင် OLYMPUS Image Share လို့ခေါ်တဲ့ App ကိုအသုံးပြုပြီး လူမှုမီဒီယာကွန်ယက်တွေကိုပါ တိုက်ရိုက်ဝေမျှနိုင်မှာပါ။ ထို့အပြင် 4K resolution ရှိတဲ့ တီဗီတွေကိုလဲ wifi ကတဆင့် ချိတ်ဆက်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ဓါတ်ပုံတွေကို ပြန်ကြည့်နိုင်ပါသေးတယ်။ အရေးပါတဲ့အရာတစ်ခုဖြစ်တဲ့ ဝရန်တီကတော့ ၁ နှစ်ဝရန်တီအပြင် အွန်လိုင်းက ဝရန်တီလုပ်ရင် ၆ လ အပိုထပ်ပေးတယ်လို့သိရပါတယ်။

OLYMPUS Image Track
OLYMPUS Image Track App

Olympus TG-Tracker နဲ့တွဲဖက်သုံးလို့ရတဲ့ Accessories တွေလဲရှိနေပါပြီ

မှန်ဘီလူးတွေကို ရေအောက်မှာအစင်းမထင်စေရန် UP-T01 Underwater Protector
မှန်ဘီလူးကို အစင်းမထင်စေရန် LP-T01 Lens Protector
Selfie ရိုက်ဖို့အတွက်မှန်အငယ်စားပါဝင်တဲ့ Mount MC-T01  နဲ့  SG-T01 Steady Grip

ခါးသို့မဟုတ် ပုခုံးမှာချိတ်ပြီး သယ်ဆောင်သွားနိုင်တဲ့ CSCH-125 Tracking Holder စတာတွေထပ်မံပြီး တွဲဖက်အသုံးပြုလို့ရပါတယ်။

Olympus TG-Tracker ကို ဝယ်ယူမယ်ဆိုရင်တော့ getolympus.com မှာ အွန်လိုင်းကတဆင့်ဝယ်ယူလို့ရပါပြီ


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*