Panasonic ရဲ့ ကင်မရာအသစ် GH5

Unicode Version | Zawgyi-One Version

ကျန်ခဲ့တဲ့လအနည်းငယ်အကြာကတည်းက Panasonic အသုံးပြုသူများအကြား ကောလဟာလတွေပြန့်နှံ့နေခဲ့ပြီး အဲဒါကတော့ ဈေးကွက်ထဲက နာမည်ကျော် GH4 ကင်မရာရဲ့ အမွေဆက်ခံသူ ကင်မရာအသစ်က ဘယ်လိုဖြစ်လာမလဲဆိုတဲ့ ကောလဟာလဖြစ်ပါတယ်။ ယနေ့ Photokina 2016 ပွဲမှာတော့ Panasonicက သူ့ရဲ့ နောက်ဆုံးပေါ်ကင်မရာ နဲ့ ဆက်စပ်ပစ္စည်းတွေကို ဈေးကွက်ထဲ ရောင်းချမယ့်နေ့ကိုထုတ်ပြောလိုက်တဲ့အပြင် နမူနာပုံစံကိုပါ ပြသခဲ့ပါတယ်။

ပထမဆုံးအနေနဲ့စပြောရရင် သတင်းဆိုးပါ၊ GH5 ကို ထုတ်ရောင်းမယ့်နေ့က အများထင်သလို သိပ်မကြာခင်မဟုတ်ဘဲ ၂၀၁၇ နှစ်လည်လောက်မှသာဖြစ်နိုင်ပါလိမ့်မယ်။

သတင်းကောင်းကတော့ မော်ဒယ်ဟောင်းထက် အများကြီးပိုသာတဲ့ recording နဲ့ still resolution ကို Panasonic က မော်ဒယ်အသစ်မှာ ထပ်မြှင့်ထည့်သွင်းပေးထားတယ်ဆိုတာပါပဲ။ လက်တလောထွက်ပေါ်နေတဲ့ သတင်းတွေကို များပြားနေပေမယ့် Panasonic က တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီးပြောရမယ်ဆိုရင်၊

“6K Photo”

Internal 4k နဲ့ 60 frames per second အထိရတဲ့ဗီဒီယို
18 MP still images
ဗီဒီယိုအတွက် 10-bit 4:2:2 color space internally (for 4k/30p)
6K ဗီဒီယိုရိုက်ကူးနိုင်တယ်လို့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ မပြောပေမယ့် burst mode နဲ့ still ဓာတ်ပုံတွေ ထုတ်နှုတ်လို့ရမယ်လို့ဆိုထားပါတယ်။

ePhotozine ဝဘ်ဆိုက်ရဲ့အဆိုအရ Photokina မှာ GH5 အပြင်အခြားအရာတွေလည်းပြဖို့ကျန်ပါသေးတယ်။

LEICA DG VARIO-ELMARIT F2.8-4.0 မှန်ဘီလူး စီရီးအသစ်ကိုလည်း ထုတ်ပြခဲ့ပါတယ်။

  • 8-18mm (16-36mm equivalent)
  • 12-60mm (24-120mm equivalent)
  • 50-200mm (100-400mm equivalent)

နောက်ဆုံးတစ်ခုကတော့ နမူနာ ဗီဒီယိုဖိုင်ဖြစ်ပြီး GH5 ကို ဗီဒီယိုဖိုင်ရဲ့အဆုံးမှာ အနည်းငယ် ထုတ်ပြသွားတာကို တွေ့ရပါတယ်။ ဒီအချက်ကို ခြုံငုံပြီးပြောရရင် ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ ဓာတ်ပုံဆရာတွေအများစု အကြားမှာ ပြောလေ့ရှိတဲ့ GH4 ကို ဘယ်လောက်ကြိုက်နှစ်သက်သလဲဆိုတာ သက်သေပြလိုက်တာပါပဲ။

ကင်မရာကို ထုတ်မရောင်းခင်နဲ့ လက်ရှိအချိန်က အနည်းငယ်ကြာဦးမှာဖြစ်လို့ မထင်မှတ်တာအများစု ဖြစ်နိုင်ပါသေးတယ်၊ အသုံးပြုမယ့်သူတွေစိတ်ပူနေတဲ့အချက်တွေရှိပါတယ်။ ဈေးကဘယ်လောက်လဲ SONY ရဲ့ကင်မရာအသစ်တွေရဲ့ စနစ်တွေနဲ့ဆင်တူမှာလား၊ စတဲ့အချက်တွေပါ။ စောင့်ကြည့်ကြပါဦး။

REF: fstopper.com


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*