Pentax K-70 ခေါ် Ricoh ရဲ့ အမာခံ DSLR အသစ်

ေက၇၀ အမာခံကင္မရာ
Unicode Version | Zawgyi-One Version

Pentax K-70 ခေါ် Ricoh ကမိတ်ဆက်လိုက်တဲ့ DSLR မှာ ထိပ်တန်း Pentax K-1 ဖူးဖရိမ်ကင်မရာတွေမှာသာတွေ့ရတဲ့ စွမ်းဆောင်ရည်တွေ ကိုထည့်သွင်းထားပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ K-70 ရဲ့ဈေးနှုန်းပါ။

Pentax K-70 လို့ခေါ်တဲ့ တောတောင်သဘာဝထဲ ရိုက်ဖို့ပြုလုပ်ထားတဲ့ DSLR ကင်မရာ တစ်မျိုးကို Ricoh ကမိတ်ဆက်လိုက်ပါတယ်။ ယခင်က ထိပ်တန်း Pentax K-1 ဖူးဖရိမ် DSLR ကင်မရာတွေမှာသာတွေ့ရတဲ့ စွမ်းဆောင်ရည်တွေကို ဒီကင်မရာမှာ တွေ့ရမှာပါ။

ပန္တက္အမာခံကင္မရာ

Pentax K-70 ရဲ့ကင်မရာဟာ သေးငယ်ပြီး ရာသီဥတုဒဏ်၊ ဖုန်ဒဏ်၊ ရေနဲ့ -10-degC အအေးဒဏ်ကို ခံနိုင်ပါတယ်။

အထဲမှာတော့ 24.24-megapixel APS-C CMOS sensor နဲ့ PRIME MII image processor ကိုထည့်သွင်းထားပါတယ်။ ISO ကတော့ 100 to 102400 ထိရရှိနိုင်ပြီး 204800 ထိ ISO ကိုတင်လို့ရပါတယ်။ 1080p video ရိုက်လို့ရပြီး တစ်စက္ကန့်မှာ ခြောက်ပုံထိအမြန်ရိုက်လို့ရပါတယ်။ ဓာတ်ပုံတွေကိုလည်း Pentax ရဲ့ PEF format နဲ့ Adobe DNG 14-bit RAW format နှစ်မျိုးလုံးနဲ့ သိမ်းလို့ရပါတယ်။

ေက၇၀အမာခံကင္မရာ

ကင်မရာအနောက်မှာတော့ LCD screen ကို angle ပြောင်းလို့ရတဲ့ ၃-လက္မကျယ်၊ 921k-dot ဆန့် LCD screen ပါရှိပါတယ်။ မြင်ကွင်းအပြည့်မြင်ပြီး 0.95ဆ အကျယ်ချဲ့နိုင်တဲ့ optical viewfinder ပါရှိပါတယ်။ ညကြည့်မုဒ်ပါရှိပြီး စူးရှတဲ့အလင်းအောက်မှာကြည့်ဖို့ LCD ကိုပိုလင်းအောင်လုပ်ပေးတဲ့ Outdoor View မုဒ်လည်းပါရှိပါတယ်။

ပန္တက္ကင္မရာ

Pentax K-70 ကို အနက်နဲ့ ငွေရောင်အနေဖြင့်ရရှနိုင်ပါမယ်။ ထွက်မယ့်နေ့ကို အတိအကျမသိရသေးသော်လည်း July 2016 အစောပိုင်းမှာကြေညာပါလိမ့်မယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ $650 ကျသင့်ပါမယ်။

via Petapixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*