RAW Photo Editing ကို ထည့်သွင်းပေးဖွယ်ရှိတဲ့ iOS 10

iOS 10 press presentation backgroun (from Reddit)
Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


ကျန်ခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ WWDC (The Apple Worldwide Developers Conference 2016) မှာ Apple က သူတို့ရဲ့ Operation Systems အသစ်တွေဖြစ်တဲ့ tvOS, watchOS, macOS နဲ့ iOS တို့အကြောင်းတွေကို ဆွေးနွေးသွားခဲ့ပါတယ်။ နောက်အသစ်ထွက်လာမယ့် iOS ဖြစ်တဲ့ iOS 10 မှာတော့ RAW photo editing ကို Apple က ထည့်သွင်းပေးသွားမယ်လို့ ဆိုပါတယ်။ RAW ဓါတ်ပုံတွေကို Android ပစ္စည်းတွေမှာ ဖွင့်လို့ရတာကြာပြီဖြစ်လို့ ခုချိန်မှာ သိပ်ပြီးထူးဆန်းတဲ့ ကိစ္စမဟုတ်သော်ငြားလဲ သူ့ရဲ့ပြိုင်ဘက် Apple အတွက်ကတော့ ဒီလုပ်ဆောင်ချက်က အသစ်ဖြစ်နေသေးပြီး နောက်ဆုံးမှာတော့ ဒီလမ်းကြာင်းကို လိုက်လာခဲ့ပါတာ။

ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆွေးနွေးမှုတော့မလုပ်ခဲ့ပေမယ့်လည်း သတင်းစာရှင်းလင်းပွဲရဲ့ နောက်ခံကားချပ်မှာ ဒီလုပ်ဆောင်ချက်ကို ရေးသားဖော်ပြထားခဲ့ပါတယ်။ အဲဒီအချက်ကို Reddit လူမှုမီဒီယာနက်ဝပ် အသုံးပြုသူတစ်ယောက်က သတိထားမိပြီး Reddit မှာ မျှဝေခဲ့သလို့ PetaPixel မှာလည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ RAW Photo Editing နဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေဖော်ပြဖို့လိုသေးပေမယ့်လည်း Apple ရဲ့ iOS အသစ် Beta version ကို အသုံးပြုခွင့်ရသူ App Developer တွေရဲ့အဆိုအရ iOS အသစ်မှာ RAW Photo ရိုက်ကူးလို့ရတဲ့ လုပ်ဆောင်ချက်ပါဝင်လာတယ်လို့ သတင်းထွက်နေပါတယ်။

iOS 10 press presentation background (from Reddit)
iOS 10 press presentation background (from Reddit)

Apple ရဲ့ developer မဟုတ်တဲ့ အခြားသော developer တွေကိုလဲ RAW ဓါတ်ပုံတွေ အသုံးပြုခွင့်ပေးခြင်း ၊ iPhone 6s နဲ့ iPhone 6s Plus မှာပါဝင်တဲ့ Apple’s Live Photos လုပ်ဆောင်ချက်တွေကို အသုံးပြုခွင့်ပေးခြင်း စတဲ့ ဓါတ်ပုံနဲ့ပက်သက်တဲ့ သတင်းအသစ်တွေကို iOS အသစ်နဲ့အတူ Appleက ယူဆောင်လာပါတယ်။

Developer တွေနဲ့ ဓါတ်ပုံဆရာတွေကို အချက်အလက်တွေပိုသုံးခွင့်ပေးခြင်းဖြင့် Photo App အသစ်တွေအတွက် မျက်နှာနဲ့ အရာဝထ္ထုတွေကို မှတ်သားနိုင်ခြင်း၊ သင့်ရဲ့ ဓါတ်ပုံတွေကို နေရာတကျစီစဉ် နေရာချပေးခြင်း စတာတွေကို လုပ်ဆောင်ပေးလာနိုင်တော့မှာဖြစ်ပါတယ်။ Google Photos က ဒီလိုမျိုး လုပ်ဆောင်မှုတွေကို ပေးထားသော်လည်း Apple ရဲ့ မျက်နှာဖတ်ခြင်း မှတ်သားထားနိုင်ခြင်း လုပ်ဆောင်ချက်က cloud ပေါ်မှာထက် device ပေါ်မှာပဲ လုပ်ဆောင်သွားမယ်ဆိုတဲ့အချက်က Google Photos နဲ့ မတူပဲ ခွဲထွက်သွားပါပြီ။ ယခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလလောက်မှာ တရားဝင်ဖြန့်ချီပေးမယ့် iOS 10 မစောင့်နိုင်ရင်တော့ ဇူလိုင်လထဲမှာ Beta version ကိုစမ်းသပ်အသုံးပြုလို့ရနေပါပြီ။

Apple ရဲ့ နာမည်ပေးပုံကိုကိုးကားထားတဲ့ iPhone 7 မှာ ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေကို မြင်ရဖို့များလာတဲ့အပြင် iOS 10 ရဲ့ ဓါတ်ပုံဆိုင်ရာလုပ်ဆောင်ချက်အသစ်တွေကိုအခြေခံပြီး iPhone 7 မှာ ကင်မရာနှစ်လုံးတွဲ ပါလာမယ်လို့ ကောလာဟာလထွက်ခဲ့ပါသေးတယ်။ တရားဝင် ထွက်လာတဲ့အချိန်ကို စောင့်ကြည့်ရမှာဖြစ်ပြီး စိတ်လှုပ်ရှားစရာဖြစ်ပါတယ်။

(Seen via PetaPixel)


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*