Sigma မှ 85mm f/1.4 Art Lens ကိုမိတ်ဆက်မည်

ဆစ္ဂမာ
Unicode Version | Zawgyi-One Version

Sigma ရဲ့ 85mm f/1.4 EX DG HSM lens ကိုထုတ်လုပ်မှုရပ်တန့်လိုက်တော့မယ် ဆိုတဲ့သတင်း ဒီတပတ်စောစောပိုင်းကထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်း ထွက်လာပြီးတဲ့နောက် 85mm Art lens ကို Sigma ထုတ်လုပ်လိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလဲ ထွက်လာခဲ့ပါတယ်။

အခုတော့ဒီကောလဟာလကို မှန်တယ်ဆိုပြီးပြောသူ ထွက်လာပါတယ်။ “အသစ်ထွက်မယ့် Sigma 85mm f/1.4 Art lens ကို စမ်းသပ် ရိုက်ကူးမှုတွေရှိနေပြီဆိုတာသေချာပါတယ်” ဆိုပြီး Photo Rumors က ရေးခဲ့ပါတယ်။ ဘယ်ကနေဘယ်လို ဒီသတင်းကို ရခဲ့တယ် ဆိုတာ ကိုတော့မပြောခဲ့ပါဘူး။

အသစ်ထွက်မယ့် Sigma Art lens ကို September မှာပြုလုပ်မယ့် Photokina မှာမိတ်ဆက်လိမ့်မယ်လို့ ပြောပါတယ်။

အခုလောလောဆယ် Sigma Art lens မျိုးအစားတွေထဲမှာ အသဲစွဲ prime lens တွေဖြစ်တဲ့ 20mm, a 35mm, and a 50mm f/1.4 DG HSM တွေပါရှိပါတယ်။

via Petapixel


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*