Snapseed app အသုံးပြု၍ ဓာတ်ပုံအလွယ်တကူပြုပြင်နည်း အခြေခံ

DpMyanmar Snapseed tutorial part 1 featured image
Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


အသုံးပြုရလွယ်ကူပြီး အဆင့်မြင့်တဲ့ photo editing app တစ်ခုကိုပြပါဆိုရင် Google ရဲ့ Snapseed app ကိုပြရမှာဖြစ်ပါတယ်။ Snapseed app ဟာသင်ရလွယ်ပြီးအဆင့်မြင့်တာကြောင့် အခြေခံနဲ့ တတ်ကျွမ်းပြီးသား handphone camera အသုံးပြုတွေအတွက်အထူးသင့်လျော်ပါတယ်။ Snapseed မှာအသုံးပြူရလွယ်ကူတဲ့ tools တွေမြောက်များစွာပါဝင်တဲ့အတွက် လိုချင်တဲ့ပုံကို လိုအပ်သလိုလွယ်ကူစွာ ပြုပြင်နိုင်စွမ်းရှိပါတယ်။

Snapseed ကို Apple iOS နဲ့ Google Android နှစ်မျိုးလုံးအတွက် Google က ထုတ်လုပ်တာဖြစ်ပြီးအကောင်းဆုံး photo editing app တွေထဲကတစ်ခုလို့ လူသိများပါတယ်။ ဒီထက်ကောင်းတာကတော့ အခမဲ့ရယူ download ရနိုင်ခြင်းပဲဖြစ်ပါတယ်။ အခမဲ့ပေမယ့် feature တွေကတော့အပြည့်ပါ။

Snapseed app ကို April 2015 မှာ Google က major update ပြုလုပ်ခဲ့ပါတယ်။ feature အသစ်တွေက photo editing ကို အထူးပဲကောင်းမွန်စေခဲ့ပါတယ်။ သွင်ပြင်လက္ခဏာ ကိုလုံးဝပြောင်းလဲစေခဲ့တဲ့အတွက် တချို့သောအသုံးပြုသူတွေ အနေဖြင့်အခက်အခဲကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် feature အသစ်တွေဟာ အသုံးပြုရလွယ်ကူတာကြောင့်အချိန် ကြာကြာအခက်အခဲမကြုံတွေ့ခဲ့ရပါဘူး။

Snapseed app မှာ feature တွေမြောက်များစွာပါတာကြောင့် tutorial တစ်ခုနဲ့မလုံလောက်ပါဘူး။ ဒီ tutorial မှာ Snapseed ရဲ့ Screen Layout ကစပြီး အခြေခံကျအရေးပါတဲ့ photo editing လုပ်ရာမှာ နေ့စဉ်အသုံးပြုနိုင်တဲ့ Snapseed tools တွေကို ရှင်းပြမှာဖြစ်ပါတယ်။ နောက်လာမယ့် tutorial တွေမှာ အဆင့်မြင့် tools နဲ့ filters တွေကိုရှင်းပြမှာဖြစ်ပါတယ်။

Snapseed 2.0 Screen Layout

Screen layout အသစ်မှာ photo editing လုပ်ရင် အသုံးပြုရမယ့် options တွေအားလုံးကိုမြင်တွေ့ရပါတယ်။ Snapseed မှာ ပုံကိုဖွင့်လိုက်ရင် screen တဝိုက်မှာ options တွေပေါ်လာမှာဖြစ်ပါတယ်။

DpMyanmar Snapseed Options

ဘယ်ဘက်ထိပ်ဒေါင့်မှာ ပုံအသစ်ဖွင့်တဲ့ Open ရှိပါတယ်။ Open ကိုထိလိုက်ရင် ပုံကို Camera Roll ကဖြစ်စေ၊ camera ကိုအသုံးပြုဓာတ်ပုံရိုက်ပြီးဖြစ်စေ၊ တခြားတနေရာကကူးယူထားတဲ့ပုံကိုဖြစ်စေ၊ ဒါမှမဟုတ်နောက်ဆုံးအသုံးပြုခဲ့တဲ့ပုံကိုဖြစ်စေ ဖွင့်ယူရရှိနိုင်မှာဖြစ်ပါတယ်။

အဖြူရောင်စက်ဝိုင်းထဲက ခဲတံအသွင်ဆောင်ထားတဲ့ Edit ကိုထိမယ်ဆိုရင် editing tools နဲ့ filters တွေကိုအသုံးပြုလို့ရပါမယ်။

ပုံကို edit လုပ်ပြီးရင်တော့ ညာဘက်ထိပ်မှာရှိတဲ့ Save ကိုထိရပါမယ်။ Save ရဲ့ ဘေးနားရှိ number ကတော့ Stacks ဘယ်နှစ်ခုရှိလဲဆိုတာက်ုညွှန်ပြနေတာဖြစ်ပါတယ်။ Stacks အကြောင်းကိုအနောက်မှာ ရှင်းပြပါမယ်။

ဒီ number ရဲ့ဘေးမှာကတော့ ဒေါင်လိုက်အစက်ငယ်သုံးစက်ကို တွေ့ရမှာပါ။ ဒါကိုထိလိုက်ရင် edit လုပ်ခဲ့တာတခုကို undo/ redo ပြုလုပ်ရန်၊ မူလပုံအဖြစ်သို့ပြန်ပြောင်းရန်၊ edit လုပ်ထားတဲ့ပုံကို social media site တွေမှာ share ရန်၊ တခြား app တစ်ခုဖြင့်ပြန်ဖွင့်ရန်၊ အကူအညီယူရန်နှင့် feedback ပေးရန်၊ settings ပြောင်းလဲရန်နှင့် ပုံရဲ့အသေးစိတ်အချက်အလက်များကို ရယူရန် အစရှိတဲ့ options တွေကိုတွေ့ရမှာဖြစ်ပါတယ်။

ဘယ်ဘက်အောက်မှာတော့ အများအားကိုးရတဲ့ histogram ပဲဖြစ်ပါတယ်။

Snapseed 2.0 Features

Snapseed အသစ်မှာ အဓိက တိုးတက်ကောင်းမွန်လာမှုကတော့ edit လုပ်တဲ့ အဆင့်ဆင့်မှာ မူလပုံကို ပျက်စီးသွားစေခြင်း မရှိတာပါပဲ။ ဆိုလိုတာကတော့ edit လုပ်ခဲ့တဲ့ဘယ်အဆင့်ကိုမဆို အချိန်မရွေး ပြန်လည်ပြုလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။ အရင် Snapseed အဟောင်းမှာ မူလပုံကို ပြန်လိုချင်ရင်အသစ်ကပြန်စတဲ့နည်းပဲရှိပါတယ်။ အခု Snapseed အသစ်မှာတော့ edit လုပ်ထားတာတွေကို Stacks လို့ခေါ်တဲ့နေရာမှာ သိမ်းထားပါတယ်။ Stacks ဘယ်နှစ်ခုရှိလည်းသိလိုပါက Save ရဲ့ ဘေးနားရှိ number ကို ထိလိုက်လျှင် ပုံမှာ လုပ်ထားတဲ့ edit list stacks ကို screen ရဲ့ညာဘက်မှာ ဖော်ပြမှာဖြစ်ပါတယ်။

DpMyanmar Snapseed Stacks

ဒီ edit list ကိုအသုံးပြုပြီး အရင် edit လုပ်ခဲ့တဲ့ဘယ်အရာကိုမဆို နောက်ပြန်သွား edit ပြန်လုပ်လို့ရပါသေးတယ်။

ဒီ feature ဟာ တကယ့်ကို ကောင်းပါတယ်။ ဒီ feature ကြောင့် ကြိုက်တဲ့ editing process ကို ကြိုက်တဲ့အချိန်မှာ ပြုပြင်နိုင်ပါတယ်။ မလိုချင်တော့တဲ့ edit ကိုလဲ မလိုချင်တော့တဲ့နေရာ ကိုထိလိုက်ပြီး ပယ်ဖျက်နိုင်ပါတယ်။

Zoom Feature

နောက်တိုးတက်ပြောင်းလဲမှုတစ်ခုကတော့ ပုံမှာ editing လုပ်နေတဲ့ နေရာကို အကျယ် zoom လုပ်နိုင်ခြင်းပါ။ Editing လုပ်တဲ့ effect ထိရောက်တဲ့နေရာကို အသေးစိတ်ကြည့်လို့ရပါပြီ။ ဒီအချက်ဟာ Selective editing tool ကို ယခင် Snapseed မှာထက်ပိုပြီးအသုံးပြုရလွယ်ကူစေပါတယ်။

Editing Tools

ဒီတခါ နေ့စဉ်အသုံးပြု ရနိုင်တဲ့ Snapseed tools တွေကို ကြည့်ကြရအောင်။

Snapseed app အသစ်မှာ Tools နဲ့ Filters ဆိုပြီး section နှစ်ကန့်ခွဲထားပါတယ်။ Tools section မှာ photo editing tools တွေကိုစုပေါင်းထားပြီး Filters section မှာကတော့ preset filters တွေကို စုပေါင်းထားပါတယ်။

DpMyanmar Snapseed Tools

edit လုပ်ချင်တဲ့ ပုံကိုဖွင့်ပါ။ ပြီး screen ရဲ့ ညာဘက်အောက် ရှိ ခဲတံပုံစံ Edit ကိုထိလိုက်ရင် editing tools တွေကိုအသုံးပြုလိ့ရပါပြီ။

DpMyanmar Snapseed Filters

ဒီလိုထိလိုက်ရင် ပေါ်လာတဲ့ screen မှာ Tools တွေကိုတွေ့ရပြီး အောက်မှာ Filters တွေကိုတွေ့ရမှာပါ။ ဒီ tutorial မှာတော့ Tune Image, Details, Crop နဲ့ Rotate တွေကိုရှင်းပြပါမယ်။

Tune Image Tool

ပုံတွေ edit လုပ်တဲ့ခါမှာ Tune Image ကိုပဲအများဆုံးပဲ အသုံးပြုကြမှာပါ။ Tune Image နဲ့ ပုံရဲ့ Brightness , Ambience, Contrast, Saturation, Shadows, Highlights and Warmth တွေကို ပြောင်းလဲလို့ရပါတယ်။

DpMyanmar Snapseed Tune Image

ဒီ options တွေဟာ ပုံရဲ့ color နဲ့ exposure ကို ပြောင်းလဲရာမှာ အရမ်းအသုံးဝင်ပါတယ်။ ဒီ tools တွေကိုအသုံးပြုရင် ပုံကိုလုံးဝပြောင်းလဲစေနိုင်ပါတယ်။

Screen အောက်နားမှာရှိတဲ့ Magic Wand ကိုအသုံးပြုခြင်းဖြင့် ပုံရဲ့ lighting နဲ့ tone ကိုအလိုလျောက် ပြောင်းစေနိုင်ပါတယ်။ ဒါပေမယ့် အလိုလျောက် မပြောင်းစေပဲ ကိုယ်ကိုတိုင်လုပ်ရင်တော့ ကိုယ်ပိုင်စိတ်ကြိုက် ပိုင်နိုင်စွာ edit လုပ်နိုင်ပါတယ်။

Tune Image tool ထဲက adjustment options တွေကိုဘယ်လို အသုံးပြုရမလဲဆိုတာအောက်မှာပြောပြပါမယ်။

Snapseed ရဲ့လှပတဲ့အချက်ကတော့ အသုံးပြုရလွန်စွာလွယ်ကူခြင်းပဲဖြစ်ပါတယ်။ swipe လုပ်ခြင်းဖြင့် options တော်တော်များများကို အသုံးပြုနိုင်ပါတယ်။ အပေါ်အောက် swipe လုပ်ခြင်းဖြင့် option တွေကိုရွေးချယ်နိုင်ပြီး ဘယ်ညာ swipe လုပ်ခြင်းဖြင့် effect ရဲ့ intensity ကိုပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် Tune Image ကိုသုံးမယ်ဆိုရင် အပေါ်အောက် swipe လုပ်ခြင်းဖြင့် Brightness, Ambiance, Contrast, Saturation အစရှိတဲ့ options တွေကိုရွေးချယ်နိုင်ပါတယ်။

DpMyanmar Snapseed Contrast

လိုချင်တဲ့ option ကိုရွေးချယ်ပြီးပြီဆိုရင် ဘယ်ညာ swipe လုပ်ပြီး intensity ကို ပြောင်းလဲပါ။ ဥပမာအားဖြင့် Saturation option ကို ရွေးလိုက်ရင် ဘယ်ဘက်ကို swipe လုပ်ပြီး color saturation ကို ရော့နည်းစေပြီး ထင်းလင်းမှုကိုကျစေနိုင်ပါတယ်။ ညာဘက်ကို swipe လုပ်ပြီး color saturation ကို တိုးစေကာ ထင်းလင်းမှုကိုပိုစေနိုင်ပါတယ်။

အောက်မှာပြနေတဲ့ number ကတော့ intensity value ဖြစ်ပါတယ်။ လိုအပ်တဲ့ effect ရပြီဆိုရင် အပေါ်အောက် swipe လုပ်ပြီး နောက် option တစ်ခုကိုရွေးချယ်နိုင်ပြီး ဘယ်ညာ swipe လုပ်ပြီး intensity ကိုပြောင်းနိုင်ပါတယ်။

မူလပုံကိုကြည့်လိုပါက ညာထိပ်ရှိ icon ကို ထိထားပါ။ edit လုပ်ထားတဲ့ version ကို မြင်တွေ့လိုပါက ထိထားတာကိုလွှတ်လိုက်ပါ။

Tune Image tool ကို အသုံးပြု၍ပြီးပါက edit လုပ်ထားတာတွေကိုလိုချင်လျှင်ညာအောက်ရှိ အမှန် သငေ်္ကတ ဖိလိုက်ပါ။ မလိုလျှင် ဘယ်အောက် ရှိ X ကိုထိနိုပ်လိုက်ပါ။

Details Tool

Details tool ကိုတော့ အသေးစိတ်အရာတွေကိုဖော်လွင်ရန်နဲ့ sharpening ပြုလုပ်ဖို့သုံးပါတယ်။ မမြင်ရတော့တဲ့ အသေးစိတ်တွေကိုပေါ်လွင်စေရန်နှင့် soft ဖြစ်နေတဲ့ပုံကို ပိုမို ကြည်လင်ပြတ်သား စေရန်အကောင်းဆုံး tool ပဲဖြစ်ပါတယ်။

DpMyanmar Snapseed Structure

Details tool မှာ Structure နဲ့ Sharpening ဆိုပြီး options နှစ်ခုရှိပါတယ်။ Structure ကတော့ သေးငယ်တဲ့နေရာကို contrast ပြောင်းရန်အသုံပြု နှိင်ပြီး sharpening ကတော့ ပုံတစ်ပုံလုံးကို ပိုမိုကြည်လင်ပြတ်သားစေပါတယ်။ ဘယ်လို effect ဖြစ်စေသလဲဆိုတာကိုသိချင်ရင်တော့တကယ်သုံးကြည့်ပါ။

Snapseed ရဲ့တခြား tool တွေလိုပါပဲ။ အပေါ်အောက် swipe လုပ်ပြီး လိုတဲ့ option ကိုရွေးပါ။ ဘယ်ညာ swipe လုပ်ပြီး intensity ကိုပြောင်းပါ။ အောက်မှာဖော်ပြနေတဲ့ သုည ကနေ တစ်ရာ ထိရှိတဲ့ number ကတော့ adjustment intensity ကိုပြနေတာပါ။

Crop Tool

Crop tool ကို ပုံရဲ့ မလိုချင်တဲ့အစိတ်အပိုင်းတွေကိုဖြတ်တောက်ရာမှာအသုံးပြုပါတယ်။ ပုံရဲ့အနားစွန်းတွေရှိမလိုအပ်တဲ့အရာတွေဖယ်ရှားရန်၊ Subject တစ်ခုကို zoom လုပ်ရန် နဲ့ ပုံရဲ့ composition ကိုပြောင်းလဲရန် အတွက် Crop tool ကို အသုံးပြုနိုင်ပါတယ်။

DpMyanmar Snapseed Free Aspect Crop

Crop tool ကို ထိပြီးနောက် အောက်ဘက်ရှိ အစက်များဖြင့် ဒေါင့်မှန်စတုဂံ ပုံစံရှိ Aspect Ratio icon ကိုဆက်ထိပါ။ ဤတွင် ပုံကို လေးထောင့်၊ 4:3၊ 3:2 စသည်ဖြင့်ရှိသော သတ်မှတ်ထားသော ratio အတိုင်း crop လုပ်နိုင်ပါတယ်။ ဘယ်ဘက်ရှိ Free option ကိုသုံး၍လည်း လိုချင်သောပုံစံ ကို crop လုပ်နိုင်ပါတယ်။

Crop လုပ်လိုက်တဲ့ပုံကို print out လုပ်ရန် ရည်ရွယ် ပါက ပုံရဲ့ aspect rati၀ ကို ဓာတ်ပုံစက္ကူ ၏ aspect ratio အတိုင်း crop လုပ်ရပါလိမ့်မယ်။

လိုချင်တဲ့ aspect ratio ကိုဆုံးဖြတ်ပြီးပါက ပုံရဲ့ အစွန်းကို လိုချင်တဲ့နေရာကို drag ဆွဲယူလိုက်ပါ။ အကေင်းဆုံး composition အတွက် ကူညီပေးဖို့ rule of third grid overlays ပေါ်လာပါလိမ့်မယ်။

တော်လောက်ပြီလို့ထင်ရင် အောက်ညာဘက်ရှိအမှန် သငေ်္ကတ ကိုထိပြီး apply လုပ်လိုက်ပါ။

Rotate Tool

DpMyanmar Snapseed Rotate 90

ပုံကို rotate သို့ straighten လုပ်ရန် rotate tool ကိုအသုံးပြုရပါမယ်။ ပုံကို 90 degrees ဘယ်သို့ညာလှည့်ရန် အတွက် အောက်ဘက်ရှိမျှားစက်ဝိုင်း သငေ်္ကတ ကိုထိပါ။

လက်ချောင်းကိုဘယ်ညာ drag လုပ်ခြင်းဖြင့်လည်း ပုံကို လိုအပ်သလို rotate လုပ်နိုင်ပါသေးတယ်။ ပုံရိုက်စဉ်က phone ကို တည့်မတ်စွာ မကိုင်ခဲ့ရင် ဒီ tool ကိုအသုံပြုပြီးတည့်မတ်အောင်လုပ်နိုင်ပါတယ်။

DpMyanmar Snapseed Rotate

Landscape photography မှာ ရေပြင်ညီမျဉ်းကို တည့်မတ်စွာ ထားရန်အလွန်အရေးကြီးပါတယ်။ ပုံရိုက်စဉ်ကတည့်မတ်စွာမရိုက်ထားခဲ့ရင် Snapseed ရဲ့ Rotate tool ကိုအသုံးပြုပြီးပြန်လည်ပြုပြင်ပါ။

Save Your Edits

ပုံတွေကို edit လုပ်ရာမှာ မရှိမဖြစ်အရေးပါတဲ့ editing tools တွေကို ရှင်းပြလို့ပြီးပါပြီး။ ကျန် tools တွေကို လာမယ့် tutorials တွေမှာရှင်းပြပါမယ်။ ဒါပေမယ့် editing process ပြီးဆုံးဖို့ အရေးကြီးအချက်တစ်ခု ကျန်ပါသေးတယ်။

ဒါကတော့ ပုံကို edit လုပ်ပြီးပါက save လုပ်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ Save စတင်လုပ်ရန် screen ထိပ်ရှိ Save ကို ထိ လိုက်ပါ။ Save, Save A Copy နဲ့ Export စသည်ဖြင့် options သုံခုပါ menu တစ်ခုပေါ်လာပါလိမ့်မယ်။

DpMyanmar Snapseed Save

Save option က edit လုပ်ထားတဲ့ပုံကို Camera Roll ရှိ မူလ ပုံအပေါ် save လုပ်ပါလိမ့်မယ်။ save မလုပ်မှီ မူလပုံကို modify လုပ်မှာလား ဟူ၍သတိပေးမေးမြန်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပါက edit လုပ်ထားသော ပုံဖြင့် မူလပုံကို replace လုပ်ပါလိမ့်မယ်။

Snapseed ဖြင့် edit လုပ်ခြင်းဟာ မူလပုံကို မပျက်စီးစေသော ကြောင့် modify လုပ်ထားသောပုံကိုပြန်ဖွင့်ကာ edit လုပ်ထားသောအချက်များကို Stack feature ဖြင့် ဖယ်ရှား ပြုပြင်နိုင်ပါသေးတယ်။

Save A Copy option က Camera Roll ရှိမူလပုံကို မပျက်စီးစေပဲ edit လုပ်ထားသော ပုံပွား တစ်ခုကို create လုပ်ပေးပါတယ်။ ဒါ့ကြောင့် မူလပုံဟာ မှုလအတိုင်းပဲ Camera Roll ထဲကျန်ရှိ ပါတယ်။ Save option တွင်ကဲ့သို့ မူလပုံကို မပျက်စီးစေသောကြောင့် modify လုပ်ထားသောပုံကို Stack feature ကိုသုံးကာ edit လုပ်နိုင်ပါသေးတယ်။

အရှေ့ options နှစ်ခု၏ ပြဿနာ မှာ edit လုပ်ထားသော ပုံများကို computer သို့ transfer လုပ်ပါက edit လုပ်ထားသောပုံကို မမြင်တွေ့ရပဲ မူလပုံကိုသာတွေ့မြင်ရမှာဖြစ်ပါတယ်။ Snapseed နောက်ဆုံး version မှာ တော့ ထုတ်လုပ်သူများက Export option ကိုထည့်သွင်းထားပါတယ်။ ဒီ export function က edit လုပ်ပြီးသား ပုံကို Camera Roll ထဲ export လုပ်ပေးပါတယ်။ ဒီ export option ကိုသုံးပြီး save လုပ်လိုက်ပါက edit လုပ်ခဲ့တာတွေကိုနောက်ပိုင်းမှာ ပြန်ဖယ်ရှားလို့မရတော့ပါဘူး။ edit လုပ်ထားတဲ့ပုံတွေကို computer ထဲသို့ transfer လုပ်၍ ဒီ option တွေကိုသုံးရပါမယ်။

Conclusion

ဒီ tutorial ဟာ Snapseed နဲ့ရဲ့လုပ်ဆောင်နိုင်ရည်တွေရဲ့ အစပိုင်းအနည်းငယ်ကိုပဲ ရှင်းလင်းပြောကြားနိင်တာပါ။ Snapseed ဟာ အလွန်ကိုအစွမ်းထက်လှတဲ့ photo editing too ဖြစ်တာကြောင့် သင်ယူစ နဲ့ တတ်ကျွမ်းပြီး handphone camera ကိုင်ဆောင်သူတွေကောင်းကောင်းအသုံးပြုနိုင်ပါတယ်။

သုံးရတာလဲအထူးလွယ်ကူတာကြောင့် ဒီ Snapseed ကိုအသုံးပြုချိန်ကစပြီး တကယ့်ကိုထူးခြားကောင်းမွန်တာတွေကို အလွယ်တကူရရှိပါလိမ့်မယ်။ အချိန်ယူပြီးတော့ လေ့လာရင်တော့ ပိုအသုံးဝင်အစွမ်းထက်တာကိုရှာဖွေတွေ့ရှိပါလိမ့်မယ်။

နောက်လာမယ့်အပတ်တွေမှာ ကျန်ရှိတဲ့ tutorials တွေကိုဒီမှာလာရှာဖို့မမေ့ပါနဲ့။ အဲဒီ tutorials တွေမှာ selective adjustment လုပ်တဲ့ advanced editing tools တွေနဲ့ လှပအံသြ ဖွယ်ကောင်းတဲ့ပုံတွေကိုဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ filters တွေအကြောင်း ကိုရှင်းပြပါမယ်။

via iPhone Photography School


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*