Start Trails ရိုက်ကြရအောင်

Star trails at Guadalupe National Park, Texas, by Anne McKinnell
Unicode Version | Zawgyi-One Version

Star Trails (ကြယ်တာရာလမ်းကြောင်း) တွေကို ဓာတ်ပုံရိုက်ခြင်းဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပြီး ထွက်ပေါ်လာမယ့်ရလဒ်ကလည်း ကြီးမားပါတယ်။ အကယ်လို့ ခင်ဗျား တစ်ခါမှ Star Trail မရိုက်ဘူးသေးဘူးဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ အချက်လေးတွေက Star Trail ရိုက်ဖို့အတွက် အကူအညီပေးနိုင်ပါလိမ့်မယ်။

အချိန်နဲ့နေရာ

  • ကြယ်တွေကြွေသွားသလိုဖြစ်နေအောင် ဓာတ်ပုံရိုက်ဖို့ အခြေခံလိုအပ်ချက်တွေရှိတဲ့အနက် မှန်ကန်တဲ့ အချိန်နဲ့ နေရာရွေးချယ်ခြင်းဆိုတာ အဓိကအကျဆုံးအချက်ဖြစ်ပါတယ်။
  • ကြယ်တွေကိုရိုက်တာဖြစ်တဲ့အတွက် ကြယ်တွေကို ရှင်းရှင်းလင်းလင်းမြင်ရအောင် မြို့ပြမီးရောင်တွေနဲ့ ဝေးနိုင်သမျှဝေးအောင်သွားပါ။ ခင်ဗျားက မြို့ကြီးတစ်မြို့မှာနေတယ်ဆိုရင်တော့ တော်တော်ဝေးဝေးကို ခရီးသွားဖို့လိုအပ်တယ်လို့ ဆိုလိုတာပါ။ သိပ်မကြာခင်အချိန်တုံးက ကျွန်မ လာစ်ဗီးဂတ်စ်မြို့က တစ်နာရီလောက် ကားမောင်းသွားရတဲ့ နီဗားဒါးမှာ ရှိနေခဲ့ပြီး ဗီးဂတ်စ် မြို့ရဲ့အလင်းရောင်ကို ကောင်းကင်မှာဆက်မြင်နေရတာ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
  • နေရာတစ်ခုခုမှာရောက်သွားပြီး Star Trails ဓာတ်ပုံရိုုက်ဖို့ ပြင်ဆင်တော့မယ်ဆိုရင်တော့ foreground အတွက် အရာဝထ္တုတစ်ခုခုကို ရှာဖွေထားဖို့လိုအပ်ပါလိမ့်မယ်။ အဆောက်အဦး တောင်တန်း စတဲ့ အရာတွေလိုမလှုပ်မယှက်ဖြစ်နေတဲ့ အရာတွေဆို ပိုကောင်းပါလိမ့်မယ်။
  • ဖြစ်နိုင်ရင် လရောင်လုံးဝကင်းမဲ့နေတဲ့ လမိုက်ညတွေမှာသာ ကြယ်တွေကို ဓာတ်ပုံရိုက်ဖို့ပြင်ဆင်ပါ။ ဒါမှမဟုတ်ရင်တော့ မြို့ပြကမီးရောင်တွေလိုပဲ လရောင်က ကြယ်တွေရဲ့ အရောင်တွေကို ဖုံးလွှမ်းပြီး ကြယ်တွေကို မြင်ရမှာမဟုတ်ပါဘူး။ ပြီးတော့ တိမ်တွေလဲ ကောင်းကင်မှာ ရှင်းလင်းနေပါစေ။
Cowichan Lake Star Trails by Anne McKinnell.
Cowichan Lake Star Trails by Anne McKinnell.

နည်းစနစ်များ

  • Star Trails ရိုက်ကူးဖို့ အကောင်းဆုံး နည်းစနစ်ကတော့ multiple exposures (ပုံပေါင်းများစွာရိုက်ကူးပြီး) တည်းဖြတ်တဲ့အချိန်မှာ ပုံတစ်ပုံတည်းဖြစ်အောင် ပြန်ပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
  • ပုံတစ်ပုံတည်းကိုပဲ အရမ်းကြာတဲ့ Long Exposure နဲ့ရိုက်ကူးလို့ရပေမယ့် အချိန်ကြာလာတဲ့အခါ ကင်မရာဆင်ဆာက ထွက်တဲ့ အပူချိန်ကြောင့် သင့်ရဲ့ဓာတ်ပုံမှာ အစက်ငယ်လေးတွေပေါ်သွားနိုင်ပါတယ်။
  • ကျွန်မကတော့ တစ်ခါရိုက်ရင် ပုံတစ်ပုံကို စက္ကန့် ၃၀ လောက်သာ ထားပြီး ပုံ ၆၀ လောက်ရိုက်ကူးလေ့ရှိပါတယ်။

ဂီယာစာရင်း

  • အရေးကြီးဆုံးတစ်ချက်ကတော့ Long Exposure နဲ့ရိုက်မှာဖြစ်တဲ့အတွက် ကင်မရာကို မလှုပ်မရှား တည်တည်ငြိမ်ငြိမ်ဖြစ်နေစေဖို့ tripod တစ်ချောင်းလိုပါလိမ့်မယ်။
  • Intervalometer သို့မဟုတ် Cable release ရှိရင်တော့ အကောင်းဆုံးဖြစ်ပြီး ဒါပေမယ့်လည်း မရှိမဖြစ်အနေအထားတော့မဟုတ်ပါဘူး။
  • Cable release မရှိရင်တော့ timer ၂ စက္ကန့်ပေးပြီး တစ်နာရီခွဲလောက် ဆက်တိုက်ရိုက်ကူးရင်လည်း ရပါတယ်။
  • Cable release နဲ့ဆိုရင်တော့ ရှပ်တာခလုတ်ကို lock ချထားလို့ရတဲ့အတွက် ခဏခဏ ခလုတ်နှိပ်ပေးနေရတဲ့ ဒုက္ခက ကင်းဝေးပါလိမ့်မယ်။
  • Intervalometer ရှိရင်တော့ ဘယ်နှစ်ပုံက shutter speed ဘယ်လောက်နဲ့ရိုက်ကူးမလဲဆိုတာကို ချိန်ပေးလို့ရပါလိမ့်မယ်။ အလွယ်ဆုံးနည်းလမ်းဖြစ်ပေမယ့် ဈေးအကြီးဆုံးနည်းစနစ်လည်းဖြစ်ပါတယ်။
  • နောက်ဆုံးအချက်ကတော့ သင့်ကင်မရာရဲ့ ဘထ္ထရီကို အားအပြည့်ဖြစ်အောင် သွင်းထားပါ။ ညဖက်မှာ အေးတဲ့အတွက် နေ့ဖက်မှာရှိတဲ့ ဘထ္ထရီသက်တမ်းထက် ညဖက်မှာရှိတဲ့ ဘထ္ထရီသက်တမ်းက ပိုတိုတောင်းတယ်ဆိုတာ သတိပြုမိပါစေ။
Star trails at Guadalupe National Park, Texas, by Anne McKinnell
Star trails at Guadalupe National Park, Texas, by Anne McKinnell

ရိုက်ကူးခြင်း

  • စိတ်တိုင်းကျ ရိုက်ကွင်းနဲ့ ဂီယာတွေပြင်ဆင်ပြီးခဲ့ရင်တော့ ဓာတ်ပုံဖွဲ့စည်းပုံကောင်းကောင်း ကိုရအောင် ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။
    ဖြစ်နိုင်ရင် မရိုက်ခင် တစ်ညလောက် ကြိုပြီး ရိုက်ကူးမယ့်နေရာကို သွားကြည့်ပြီး ကြယ်လမ်းကြောင်းကိုရှာပါ၊ ကောင်းကင်မှာ ရှိတဲ့ ဓူဝံကြယ်ရဲ့ လမ်းကြောင်းကို ပြောတာဖြစ်ပါတယ်။ ဓူဝံကြယ်ရဲ့ လမ်းကြောင်းကို ခင်ဗျားရဲ့ ဓာတ်ပုံထဲမှာ ထည့်ပေးနိုင်မယ်ဆိုရင်တော့ ကြယ်တွေအားလုံးက ဓူဝံကြယ်ကို စက်ဝိုင်းပုံ လှည့်ပတ်နေတာကို ရနိုင်ပါတယ်။ အဲဒီလိုမျိုးအချိန်မရခဲ့ရင်တော့ သံလိုက်အိမ်မြှောင်အသုံးပြုပြီး ရအောင်ကြိုစားကည့်ပါ။
  • ကျွန်မကတော့ အဲလိုမျိုး ဓာတ်ပုံဖွဲ့စည်းပုံနေရာချတာကို နေ့ဖက်မှာပြုလုပ်ရတာ အားသန်ပါတယ်။ နေ့အလင်းရောင်အောက်မှာ foreground ကိုဘယ်နေရာမှာနေရာချထားမလဲဆိုတာ တွက်ချက်ဖို့ ပိုအဆင်ပြေလို့ပါ။ ညဖက်ထက်စာရင် နေ့ဖက် အလုပ်လုပ်ရတာ ပိုလွယ်ကူတယ်လေ။
  • သတိထားရမယ့်အချက်ကတော့ auto-focus ကိုပိတ်ထားဖု့ိဖြစ်ပါတယ်။ tripod လဲသုံးမှာဖြစ်တဲ့အတွက် ကင်မရာရဲ့ IS (Image Stabilization) လဲ ပိတ်ထားလို့ရပါတယ်။
  • အားလုံးအကုန်လုံး အဆင်သင့်ဖြစ်ပြီးရိုက်ကူးတော့မယ်ဆိုရင် နေဝင်သွားပြီး နာရီအနည်းငယ်ကြာတဲ့အထိ ခင်ဗျားအတွက် အချိန်ရမှာဖြစ်လို့ အဲဒီအချိန်အတွင်းမှာ exposure အမျိုးမျိုးနဲ့ စမ်းကြည့်လို့ရပါသေးတယ်။ လုံလောက်တဲ့ အလင်းရောင်ပမာဏ ကို ကင်မရာထဲရောက်စေဖို့အတွက် အပါချာ ကျယ်ကျယ် (F နံပတ်သေးသေး) နဲ့ ရိုက်ကူးဖို့လိုအပ်မှာဖြစ်ပါတယ်။ အပါချာကျဉ်းကျဉ်း ( နံပတ် ကြီးကြီး) နဲ့ရိုက်ကူးခဲ့မယ်ဆိုရင်တော့ ကြယ်တွေရဲ့ အရောင်တွေက မှိန်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီအတွက် ရှပ်တာကို ၃၀ စက္ကန့်လောက်ထားပြီး အပါချာ သေးသေး (ဥပမာ f/4) နဲ့ရိုက်ကူးတဲ့ အခါ သင့်တော်တဲ့ ISO ပမာဏကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။ ကျွန်မအကြံပေးချင်တာကတော့ ISO 1600 လောက်နဲ့စမ်းကြည့်ပါ၊ အဆင်မပြေရင်တော့ 3200 လောက်အထိတိုးကြည့်ပြီး ရိုက်ကြည့်ပါ။
  • နောက်တစ်ချက်က ခင်ဗျားကင်မရာမှာရှိတဲ့ Noise Reduction ကို ပိတ်ထားဖို့ပါပဲ။ NR ကို စက္ကန့် ၃၀ လောက် အချိန်ပေးရမှာဖြစ်တဲ့အတွက် ကြယ်လမ်းကြောင်း trails တွေအကြားမှာ ကွပ်လပ်တွေဖြစ်သွားနိုင်လို့ပါ။

 

Star Trails at Joshua Tree National Park by Anne McKinnell Find out how the image was made today on the blog: http://annemckinnell.com/2012/12/18/joshua-tree-national-park-star-trails/
Star Trails at Joshua Tree National Park by Anne McKinnell

ဓာတ်ပုံတည်းဖြတ်ခြင်း

  • ပုံတွေပြန်ပေါင်းရမှာဖြစ်တဲ့အတွက် StarStaX လို့ခေါ်တဲ့ အခမဲ့အသုံးပြုလို့ရတဲ့ ဆော့ဖ်ဝဲတစ်ခုကို ကျွန်မ သုံးပါတယ်။ လွယ်ကူပြီး အလွန်လဲ အသုံးဝင်ပါတယ်။ StarStaX ဆော့ဖ်ဝဲကိုအသုံးပြုပြီး ပေါင်းချင်တဲ့ ဓာတ်ပုံတွေထည့်ထားတဲ့ ဖိုလ်ဒါကို ရွေးလိုက်ပါ၊ Lighten ကိုရွေးပြီး blend mode ကိုရွေးပါ။ပြီးရင်တော့ ဆော့ဖ်ဝဲက သူ့ဖာသာအလုပ်လုပ်သွားမှာဖြစ်ပြီး ခင်ဗျားလုပ်ရမှာက ထိုင်စောင့်နေယုံပါပဲ။
  • အဲဒီအဆင့်တွေပြီးသွားတဲ့နောက် နောက်ဆုံးအချောသတ်ပုံထွက်လာကို မြင်ရဖို့စောင့်ရတဲ့အချိန်က စိတ်လှုပ်ရှားဖို့ အကောင်းဆုံးအချိန်အခိုက်အတန့်ဖြစ်ပါလိမ့်မယ်။
  • ပုံတွေအားလုံးပေါင်းပြီး နောက်ဆုံးအချောသတ်ပုံမှာတော့ ပန်းကန်ပြားပျံသွားနေသလို အဖြူရောင် အလင်းတန်းတွေ တစ်ခါတစ်လေမှာတွေ့ရမှာဖြစ်ပြီး အဲဒါကတော့ လေယာဉ်သို့မဟုတ် ဥက္ကာပျံရဲ့လမ်းကြောင်းတွေဖြစ်ပါတယ်။ ကျွန်မကတော့ အဲဒါတွေကို Photoshop မှာ Healing brush နဲ့ ဖျောက်ပစ်လိုက်ပါတယ်။
  • Star Trail ရိုက်ဖို့ အစီအစဉ်ဆွဲတာ၊ Exposure ချိန်တာ နဲ့ တည်းဖြတ်တဲ့နေရာတွေမှာ အချိန်အနည်းငယ် ပိုပေးရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ဒါပေမယ့် နောက်ဆုံးထွက်လာတဲ့ ဓာတ်ပုံကတော့ သင်ပေးဆပ်ခဲ့တာတွေနဲ့ တန်တာကို တွေ့ရပါလိမ့်မယ်။ စိတ်ရှည်ခြင်းဆိုတဲ့ အရာလေးသာ လိုအပ်ပါတယ်။

REF: How To Photograph Star Trails by Anne McKinnell


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

4 Comments on Start Trails ရိုက်ကြရအောင်

    • ရပါတယ်၊ အပေါ်ဖက်က ဇော်ဂျီနဲ့ ယူနီကုတ် ပြောင်းတဲ့ ခလုတ်လေးကိုနှိပ်လိုက်ပါ။

  1. ဗဟုသုတတွေအများကြီးရတဲ့အတွက်ကျေးဇူးပါ။bigenner တွေအတွက်တော်တော် အထောက်အကူပြုပါတယ်။

    • ကျွန်တော်တို့ကလည်း လာရောက်ဖတ်ရှုလို့ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published.


*