Stock Photography Agency များတွင် ဓာတ်ပုံရောင်းချရန် သိထားရမည့် အချက် (၇) ချက်

လေ့လာရှာဖွေမှတ်သားပါ
Unicode Version | Zawgyi-One Version

Stock agency တွေနဲ့ချိတ်ဆက်မိပြီး သူရဲ့လက်ခံမှုကိုရရှိဖို့ဆိုတာ မလွယ်ပါဘူး။ stock agency တွေရဲ့ technical နဲ့ editing ဆိုင်ရာသတ်မှတ်ချက်တွေကတင်းကြပ်ပါတယ်။ ဒါပေမယ့် အောက်မှာဖော်ပြမယ့် အချက်ခုနှစ်ချက်ကိုလိုက်နာမယ်ဆိုရင် stock agency တွေရဲ့လက်ခံမှုရရှိရန်ဖြစ်နိုင်ခြေပိုများပြီး ၎င်းတို့ရဲ့အကူအညီဖြင့် ဓာတ်ပုံတွေကိုရောင်းချနိုင်ပါလိမ့်မယ်။

၁) လေ့လာရှာဖွေမှတ်သားပါ

stock agency တစ်ခုနှင့်တစ်ခုမတူပါဘူး။ ၎င်းတို့ specialised လုပ်တဲ့ပုံတွေ၊ လိုအပ်တဲ့ပုံတွေမတူပါဘူး။ တချို့က နေ့စဉ်သွားလာနေထိုင်မှုကိုရိုက်ကူးထားတဲ့ပုံတွေကိုအလိုရှိပြီး တချို့ကသတင်းဓာတ်ပုံတွေကိုအလိုရှိပါတယ်။ တတ်နိုင်သမျှ agency တွေများများရှာဖွေပါ။ ပြီးမှ မိမိနှင့်သင့်တော်မယ့် agency ကိုရွေးပါ။

၂) သေသေချာချာရွေးချယ်ပါ

ကုလားအစားအစာရောင်းသူကုလားအစားအစာရောင်းသူ – သင့်တော်တဲ့ပုံတွေကိုခွဲခြားပြီး သင့်တော်တဲ့ agency တွေကိုသာပေးပို့လေ့ရှိပါတယ်။ အပေါ်ပုံကို ပို့နေကြ agency ကိုမပို့ပဲ Alamy ကိုပို့လိုက်တော့ သတင်းစာကြီးတစ်စောင်မှာ ပါလာပါတယ်။

agency အမျိုးမျိုးရှိတဲ့အတွက် သင့်တော်တဲ့ပုံကိုသင့်တော်တဲ့ agency ကိုရွေးချယ်ပို့ရန် အရေးကြီးပါတယ်။ Shutterstock နဲ့ Dreamstime လို agency တွေကို Micro Stock လို့ခေါ်ပြီး သူတို့ရဲ့ရောင်းဈေးကလည်းနည်းပါတယ်။ Getty နဲ့ Alamy တို့လို agency တွေကတော့ အသုံးပြုပုံကိုမူတည် ရောင်းဈေးပြီးသတ်မှတ်တဲ့အတွက် ဈေးနှုန်းမြင့်နိုင်ပါတယ်။ ဒါပေမယ့်လည်း ၎င်း agency တွေတောင်မှ တခါတရန် တစ်ဒေါ်လာအောက်ဈေးနှုန်းနဲ့ ရောင်းချနိုင်ပါတယ်။ အချို့သော agency တွေမှာတော့ ပုံများကို editor ရွေးချယ်ပြီးမှလက်ခံပြီး အချို့ကတော့ technical guideline တွေကိုလိုက်နာတဲ့ပုံတိုင်းကို လက်ခံပါတယ်။

၃) ပုံတွေကိုလေ့လာပါ

stock agency တွေဟာအမျိုးအစားစုံလင်တဲ့ ပုံမျိုးစုံကို အလိုရှိတဲ့အတွက်ကြောင့် ၎င်းတို့မှာမရှိသေးတဲ့ပုံတွေကိုလိုအပ်ပါတယ်။ editor ရှိတဲ့ agency တွေမှာပိုဖြစ်တတ်ပါတယ်။ ဒါကြောင်း ၎င်းတို့မှာရှိတဲ့ပုံတွေကိုလေ့လာပြီး အလင်းရောင်၊ ရှုထောင့်၊ ဖွဲ့စည်းတင်ဆက်မှု အစရှိသည်တို့ ကွဲပြားတဲ့ပုံတွေကို ပို့ပါ။

အလင်းရောင်၊ ရှုထောင့်၊ ဖွဲ့စည်းတင်ဆက်မှုSt. Paul’s Cathedral ကိုရိုက်ထားတဲ့ ဓာတ်ပုံအမြောက်အများရှိပေမယ့်လည်း ဒီပုံကို agency ကလက်ခံခဲ့ပါတယ်။

၄) မညှာပါနဲ့

လက်ခံသင့်မသင့် အဆုံးအဖြတ်ရယူဖို့အတွက် low resolution ပုံတွေကို agency သို့ပထမပို့ရပါတယ်။ ၎င်းပုံတွေကို သဘောကျနှစ်သက်မှ ထပ်မံပေးပို့ရပါမယ်။ ထို့ကြောင့် ပုံတွေကိုရွေးချယ်တဲ့အခါ မညှာပါနဲ့။ အမှတ်တရ ပုံတွေဆိုပြီး ပုံတွေကိုမရွေးပါနဲ့။ ပုံတစ်ပုံရဖို့နှစ်နာရီခန့်စောင့်ခဲ့ရပေမယ့်လည်း ၎င်းပုံကို agency ပို့ရန်သင့်တော်မှာမဟုတ်ပါဘူး။ ဒါငါ့ပုံဆိုတဲ့အသိစိတ်ကိုဖယ်ရှားပြီးမှ ပုံတွေကိုရွေးချယ်သင့်ပါတယ်။

၅) လုံးဝ အပြစ်အနာအဆာကင်းပါစေ

Stock agency တွေမှာ ဓာတ်ပုံတွေကိုပေးပို့တဲ့အခါ ဘယ်လိုအချက်အလက်တွေနဲ့ပြည့်စုံရမယ်ဆိုတဲ့သတ်မှတ်ချက်တွေ ရှိပါတယ်။ အနည်းဆုံး file size၊ jpeg, tiff or png အစရှိသော file အမျိုးအစား၊ sRGB or AdobeRGB အစရှိသော color profile အစရှိသည်တို့ဖြစ်ကြပါတယ်။ ပထမတဆင့်အောင်မြင်ပြီး ထပ်မံ၍ပေးပို့ခိုင်းပါက technically perfect ဖြစ်ရန် ၎င်းသတ်မှတ်ချက်များကို သေချာစွာလေ့လာပြီး တိကျစွာလိုက်နာပါ။ ပုံတိုင်းကို ရာခိုင်နှုန်းပြည့်စစ်ရန်လိုပါတယ်။ အမှားတွေရင် stock agency တွေကပုံတွေကို လက်မခံပါ။ ပုံတွေပြတ်သားရန်အလွန်အရေးကြီးပါတယ်။ chromatic aberration နှင် အလွန်အကျွံ noise ထနေခြင်းကိုသတိထားပါ။

အလင်းရောင်နည်းသောThe inside of Basilica Cistern in Sultanahmet, Istanbul, Turkey. အလင်းရောင်နည်းသော အခြေအနေတွင် ဓာတ်ပုံရိုက်ပါက noise ထခြင်းနှင့် ကင်မရာလှုပ်ခြင်းကိုသတိထားပါ။

၆) အတူလက်တွဲလုပ်ကိုင်ပါ

stock agency တွေကမိတ်ဆွေရဲ့ ပုံတွေကိုအားပေးဖြန့်ချီရန်ရှိနေတာပါ။ agency တစ်ခုမှမိတ်ဆွေကိုအားပေးလက်ခံပါက ၎င်း agency နှင့်ရင်းနှီးမှုရရန် ကြိုးစားပါ။ ၎င်းတို့ထံမှအကြံဉာဏ်များရယူပါ။ ၎င်းတို့လိုအပ်နေသော ပုံအမျိုးအစား၊ နေရာဒေသတို့ကိုမေးမြန်းပါ။

၇) အခွင့်အလန်းများကိုရှာဖွေပါ

stock agency တစ်ခုရဲ့ လက်ခံမှုကိုရရှိပြီးပါက ရောင်းရနိုင်ဖွယ်ရှိသော theme နှင့် topic အလိုက်ပုံများရိုက်ရန်စီစဉ်ပါ။ ဥပမာအားဖြင့် လေကြောင်းလမ်းခရီးစဉ်အသစ်ရရှိခဲ့သော ခရီးသွားလုပ်ငန်းတွင်ကျယ်လာနိုင်သောနိုင်ငံ၊ နေ့စဉ်သတင်း၊ ဖက်ရှင်၊ သဘာဝပတ်ဝန်းကျင် အကြောင်းကိစ္စများ အစရှိသည်များကိုရိုက်နိုင်ပါတယ်။ ထို့ကြောင်း သတင်းစာနယ်ဇင်း၊ လက်ကမ်းစာစောင်များ အစရှိသည်တို့ကိုလေ့လာပါ။ ရောင်းချနိုင်မည့်ပုံများကို ရရှိရန်အခွင့်အလမ်းပိုများလာပါလိမ့်မယ်။

ဥရောပရဲ့ အကြီးဆုံး လမ်းပေါ်မှာဆင်နွှဲသောပွဲတော်ဥရောပရဲ့ အကြီးဆုံး လမ်းပေါ်မှာဆင်နွှဲသောပွဲတော်အချိန်အခါကိုရောက်တိုင်း West Landon ရှိဆိုင်ခန်းနဲ့အိမ်တွေကို နှစ်စဉ်နှစ်တိုင်း ခုလိုပဲကာထားကြရပါတယ်

stock agency တွေအများအပြားထဲက ကိုယ်နဲ့သင့်လျော်ပြီး ဝင်ငွေလည်းကောင်းကောင်းရရှိနိုင်တဲ့ agency ကိုရှာဖွေရတာမလွယ်ပါဘူး။ agency တိုင်းမှာ ပုံများကို ၎င်း agency နှင့် အနည်းဆုံးထားရှိရမယ့် minimum notice period ကာလ သတ်မှတ်ထားပါတယ်။ နောက်ပြီး exclusivity right ဟုခေါ်သောသတ်မှတ်ချက်ကြောင့်ပုံများကို agency တစ်ခုမှ တစ်ခုသို့ရွှေ့ပြောင်းရန် ခက်ခဲပါတယ်။ အဓိကအားဖြင့်သိထားရမှာကတော့ agency တစ်ခုချင်းကိုလေ့လာပါ။ မှန်ကန်စွာရွှေးချယ်ပါ။ ဒီအတွက်အချိန်ကောင်းကောင်းယူပါဆိုတာကိုပါပဲ ဖြစ်ပါတယ်။

via Digital Photography School


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*