အကောင်းဆုံး မိုဘိုင်းဖုန်းဓါတ်ပုံ Application ၁၀ မျိုး

Unicode Version | Zawgyi-One Version

Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။


အလွယ်တကူချိန်မယ် ရိုက်မယ် ဝေမျှမယ် ဆိုတဲ့ လုပ်ဆောင်ချက်တွေကြောင့် စမတ်ဖုန်းတွေဟာ ဓါတ်ပုံလောက မှ ရုတ်တရက်ကြီး လွှမ်းမိုးလာပါတယ်။၂၀၁၃ ခုနှစ် အစောပိုင်းကာလတွေတုန်းက တစ်နေ့ကို ဓါတ်ပုံပေါင်း သန်း ၅၀၀ လောက် အင်တာနက်မှာ တင်ကြတာ ရှဲယ် ကြတာမျိုး လုပ်ကြတယ်လို့ အင်တာနက် အကြာင်းအရာ လေ့လာသူ မာရီ မီးခ်ခါ ရဲ့ နှစ်စဉ် အင်တာနက် အကြောင်းအရာ သုတေသန စာစဉ်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် တစ်နှစ်အကြာ ၂၀၁၄ ခုနှစ်ရောက်လာတဲ့အခါ နေ့စဉ် အင်တာနက်မှာ ဆိုရှယ်မီဒီယာတွေမှာ တင်ကြ ရှဲယ် ကြတဲ့ ပမာဏဟာ ၁.၈ ဘီလီယံအထိ တိုးလာတာကိုတွေ့ရတယ် ဒါတောင် ၂၀၁၅ အတွက် စာရင်းမပါသေးဘူးလို့ မီးခ်ရ် က ပြောပါတယ်။ စမတ်ဖုန်း အရေအတွက်တိုးလာတာ ဓါတ်ပုံဆိုင်ရာ App တွေများလာတာကြောင့် ဒီပမာဏ ထက်ပိုပြီးတိုးလာနိုင်တာဟာ လက်ခံလို့ရပါတယ်။

နာမည်ကျော် မိုဘိုင်းဖုန်း ကနေ ဓါတ်ပုံတင်လို့ရတဲ့  app တွေဖြစ်တဲ့ Facebook, SnapChat, Instagram နဲ့ Yahoo ရဲ့ Fickr တို့ဟာ ၂၀၁၂ နှောင်းပိုင်းလောက်ထဲက အချင်းချင်း အပြိုင်အဆိုင်နဲ့ ယှဉ်ပြိုင်လာကြတာပါ။

တချိန်တည်းမှာပဲ မိုဘိုင်းဖုန်း OS တွေဖြစ်တဲ့ အန်းဒရွိုက်၊ အက်ပ်ပဲလ် နဲ့ မိုက်ခရိုဆော့်ဖ် တို့ကလည်း သူတို့ရဲ့ ကင်မရာ ဆော့ဖ်ဝဲတွေကို ပိုပြီး ကောင်းသထက်ကောင်းလာအောင် အားထုတ်လာကြတာကိုလဲတွေ့ရမှာပါ။ ဒါပေမယ့်လဲ သူတို့ထက်ပိုကောင်းတဲ့ App တွေကြောင့် ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ ဆိုရှယ်နက်ဝပ်မှာ ရှဲယ်ခြင်းတွေဟာ ပိုပြီး ပြည့်စုံလာစေတာကို တွေ့ရပါတယ်။ အဲဒီ App တွေထဲက အကောင်းဆုံး ၁၀ ခုက ဒီမှာပါ။

Facetune

db41d473-fef0-478d-a59d-2f8b37bfd841-620x372

Facetune ဟာ အခမဲ့ရတဲ့ App မဟုတ်ပါဘူး ၊စတာလင်ပေါင် ၂.၉၉ ပေးရတဲ့ အခပေး App အမျိုးအစားပါ။ အဓိကအားဖြင့် Selfies ပုံတွေကို တည်းဖြတ်တဲ့အခါ အသုံးဝင်လွန်းတာကို တွေ့ရမှာပါ။ Selfie တင်မကပါဘူး ဘယ်သူ့ပုံပဲဖြစ်ဖြစ် တည်းဖြတ်တဲ့အခါ အကောင်းဆုံးရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။ မျက်လုံး၊ အသားရောင် နဲ့ အပြုံးတွေကို ကြိုက်သလို တည်းဖြစ်ကစားနိုင်သလို အခြားသော အသုံးဝင်တဲ့ အရာများ ပါဝင်မှာပါ။ Android, IOS နဲ့ Windows ဖုန်းတွေအတွက်ထုတ်ထားပါတယ်။

VSCO Cam 

a3a69868-6379-458d-b9d8-e02c6e144102-bestSizeAvailable

မိုဘိုင်းဖုန်းဓါတ်ပုံပညာကို တကယ့်ကို စိတ်ဝင်စားကြတဲ့ လူတွေနဲ့ စကားပြောတဲ့အချိန်မှာ VSCO Cam ဆိုတဲ့ App အကြောင်းကို အရင်ဆုံးပြောဖြစ်ကြမယ်ထင်ပါတယ်။ VSCO မှာလည်း တခြား မိုဘိုင်းဓါတ်ပုံ App တွေလိုပဲ filter တွေပါပါတယ် ဒါပေမယ့် အခြား App တွေထက် ပိုပြီး စွမ်းဆောင်ရည် မြင့်တဲ့ တည်းဖြတ်တဲ့ tool တွေပါနေတာ သူ့ရဲ့ အားသာချက်ပါ။ နောက်တစ်ခုက VSCO ရဲ့ ကိုယ်ပိုင် community တစ်ခုရှိပြီး အဲဒီမှာ VSCO သုံးသူအချင်းချင်း ဓါတ်ပုံတွေဝေမျှတာ၊ လေ့လာတာတွေလုပ်လို့ရလို့  ခင်ဗျားရဲ့ ဓါတ်ပုံပညာတိုးတက်အောင် တစိတ်တပိုင်းအနေနဲ့ အထောက်အကူပြု မှာ အသေအချာပါပဲ။ Android နဲ့ IOS နှစ်ခုစလုံးအတွက်ရှိပြီး အခမဲ့ပါ ဒါပေမယ့် တချို့ filter တွေကတော့ အလကားမပေးပါဘူး။

EyeEm

ddb1842a-c556-4983-95f9-711f48f2c282-bestSizeAvailable

တကယ်လို့ သင်ဟာ မိုဘိုင်းဖုန်းဓါတ်ပုံပညာမှာ အစလောက်ပဲ ရှိနေသေးတယ်ဆိုရင် EyeEm က သင့်အတွက် filter တွေ tool တွေနဲ့ အလွယ်တကူ ဓါတ်ပုံပြင်နိုင်တဲ့ App ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်က market ဆိုတာရှိပါတယ်။ market မှာ သင့်ရဲ့ အကောင်းဆုံးဓါတ်ပုံတွေကို တင်ပြီး ရောင်းလို့ရပါတယ်။ VSCO လိုပဲ သူ့မှာလဲ community ရှိတယ်ဆိုတာလဲ မမေ့ပါနဲ့။ Android, IOS နဲ့ Windows Phone တွေအတွက် ရနိုင်ပြီး အခမဲ့ပါတဲ့။

Do Camera by IFTTT

acea4b9f-0ccd-4db4-92e3-c918ca747634-1020x891

Do Camera by IFTTT ကတော့ IFTTT လို့ခေါ်တဲ့ အင်တာနက်ဆားဗစ်စ် ကနေ ထုတ်လုပ်ထားတဲ့ အခမဲ့ App တွေထဲက တစ်ခုဖြစ်ပါတယ်။ တခြား ဓါတ်ပုံ App တွေလိုပါပဲ သူ့ရဲ့ Recipe တွေနဲ့ တခြား Appတွေကို အလိုအလျောက်ချိတ်ဆက်ပေးသလို ကိုယ့်ဖာသာ စိတ်ကြိုက်ပြင်ဆင်တည်းဖြတ်ချင်ရင်လဲ ရနိုင်ပါသေးတယ်။ ဥပမာအားဖြင့် Do Camera နဲ့ ဓါတ်ပုံတစ်ပုံရိုက်လိုက်တာနဲ့ သူ့ရဲ့ Evernote recipe သုံးပြီး Evernote ထဲကို အလိုအလျှောက်ပို့ပေးတာမျိုး၊ ကိုယ့်ရဲ့ မိတ်ဆွေတွေဆီ အီးမေးလ် ပို့ပေးတာမျိုး ဆိုရှယ်နက်ဝပ်တွေထဲကို သက်ဆိုင်ရာ App တွေမသုံးပဲပို့ပေးတာမျိုးကို လုပ်ဆောင်ပေးနိုင်ပါတယ်။

Pixelmator

1668c661-b18c-42a2-9ab9-b953f04a133d-1020x745

တက်ဘလက်တွေ စမတ်ဖုန်းတွေအတွက် Photoshop ကိုအခြေခံတဲ့ App တွေအများကြီး ရှိပါတယ်။Pixelmator က တော့ မတူကွဲပြားတဲ့ ပုံစံနဲ့ iOS အသုံးပြုသူတွေကို ဆွဲဆောင်ထားပါတယ်။ Mac ကွန်ပျူတာတွေအတွက်လဲ Version ရှိပါတယ် ဒါပေမယ့် iOS version ကတော့ သူရဲ့ အားသာတဲ့ လုပ်ဆောင်ချက်တွေ၊ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်တွေ ပူးပေါင်းထားလို့ ပိုပြီး နာမည်ကြီးပါတယ်။ သင်ဟာ သင့်ဓါတ်ပုံတွေကို သေသေချာချာ တည်းဖြတ်ချင်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဝေမျှချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် meme တွေလုပ်ချင်တာပဲဖြစ်ဖြစ်ပါ Piexelmator က အကောင်းဆုံးကူညီပေးမှာပါ။ အခမဲ့ App မဟုတ်ပါဘူး စတာလင်ပေါင် ၃.၉၉ ပေးရတဲ့ iOS App က သင့်အတွက် ပေးရတာနဲ့ တန်မှာသေချာပါတယ်။

Camera51

e839f824-3e3c-4679-ace0-67591bfa9aae-bestSizeAvailable

မိုဘိုင်းဓါတ်ပုံ App အများစုက တည်းဖြတ်ရာမှာ ကောင်းသထက်ကောင်းအောင်လုပ်နေချိန်မှာ Camera51 ကတော့ သင်ဓါတ်ပုံရိုက်နေချိန်မှာ ပိုပြီးကောင်းလာအောင် လုပ်ပေးထားလို့ တမူထူးခြားတယ်လို့ပြောလို့ရပါတယ်။ သင့်ကို အကောင်းဆုံး framing နဲ့ composition တွေရအောင် အကြံပေးနိုင်တာ၊ 0bject တွေအထားအသိုနဲ့ group selfie တွေကို အကောင်းဆုံးဖြစ်အောင် ကူညီပေးနိုင်လို့ စိတ်မပျက်စေရပါဘူး။ Android နဲ့ iOS အတွက်ရနိုင်ပြီး အခမဲ့ပါ။

Afterlight

f0655881-20c0-43e0-af77-1a2a3fc212d4-1020x828

သင်ရိုက်ကူးထားတဲ့ ပုံတွေကို သေသေသပ်သပ်ရှိနေအောင် tap လေးတွေနဲ့ လုပ်ချင်ရင်တော့ Afterlight က ဒေါင်းလုပ်ဆွဲဖို့ အသင့်တော်ဆုံးပါ။ မြန်မြန်ဆန်ဆန်နဲ့ တည်းဖြတ်နိုင်ပြီး filter တွေနဲ့ texture တွေကို အသုံးပြုနိုင်လို့ သမားရိုးကျ ဓါတ်ပုံတွေကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ ဒစ်ဂျစ်တယ် ဓါတ်ပုံတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။ စတာလင်ပေါင် ဝ.၇၉ ပေးရတဲ့ ဒီ App ကို Android, iOS နဲ့ Windows Phone တွေအတွက် ရရှိနိုင်ပါတယ်။

Infiltr – Infinite Filters

805fa0d4-88f8-4267-813b-b7d41a7ebe77-bestSizeAvailable

Infiltr သို့မဟုတ် Infinite Filters ဆိုတဲ့ နာမည်နဲ့တင် သဘောပေါက်လွယ်မှာပါ။ တခြား app တွေလို filter အနည်းငယ်ရွေးချယ်ခွင့်ရှိတာမျိုးမဟုတ်ပါဘူး၊ ဓါတ်ပုံတစ်ပုံရိုက်ပြီးတာနဲ့ ကိုယ့်စိတ်ကူးထဲမှာကွန့်မြူးသလောက် ဖန်တီးနိုင်ပါတယ်။ အမျိုးအစား ပေါင်း ၅ သန်းကျော်အထိ ပေါင်းစပ် ဖန်တီးနိုင်ပါတယ်လို့ တောင်မှ ကတိပေးနိုင်တဲ့ App က iOS တစ်ခုတည်းအတွက်သာအသုံးပြုလို့ရပြီး စတာလင်ပေါင် ၁.၄၉ ပါတဲ့။

Google Photos

3fe69378-4e07-4e67-8645-e0c814d999ec-620x372

Google ရဲ့ ဆာဗာတွေပေါ်မှာ ကိုယ်ရဲ့ ဓါတ်ပုံတွေ တင်ထားမယ် အခြားသူတွေကို အဲဒီပုံတွေ အတိုင်းအတာတစ်ခုအနေနဲ့ ကြည့်ခွင့်ပေးစေချင်တယ်ဆိုရင် Google Photos နဲ့တင် လုံလောက်ပါတယ်။ Google ရဲ့ 15GB ဓါတ်ပုံ သိမ်းဆည်းပေးနိုင်တဲ့ ပမာဏဟာ သူရဲ့ တခြားပြိုင်ဘက်တွေကို တုန်လှုပ်စေပါတယ်။ အနီးစပ်ဆုံးပြိုင်ဖက် iOS အသုံးပြုသူတွေ iCloud မှာ အကန့်သက်နဲ့ သိမ်းဆည်းနေရချိန်မှာ Google Photos ဟာ Android နဲ့ iOS အသုံးပြုသူတွေကို အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။

Layout from Instagram

24be259c-44b2-4a21-9c69-faf13e5bd80a-bestSizeAvailable

ကဲ နောက်ဆုံးတစ်ခုကတော့ နာမည်ကျော် အင်စတာဂရမ်ရဲ့ Layout ဖြစ်ပါတယ်။ Instagram မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ် တခြား Social Network တွေမှာဖြစ်ဖြစ် မဝေမျှခင်အချိန်မှာ ဓါတ်ပုံတွေကို စုစုစည်းစည်းတဲ့ တစ်ပုံထဲ collage ကို သေသေသပ်သပ်လုပ်ပေးနိုင်ပြီး တစ်ခါလုပ်ရင် ၉ ပုံအထိလုပ်ပေးနိုင်ပါတယ်။ အင်စတာဂရမ်ရဲ့ ထုံးစံအတိုင်း အခမဲ့ဖြစ်ပြီး Android နဲ့ iOS တို့အတွက် ရနိုင်ပါတယ်။

နိဂုံးချုပ်ပြောရင်ရင် မိုဘိုင်းဓါတ်ပုံပညာမှာ သင့်အတွက် အသင့်တော်ဆုံး app က သင့်အတွက်အကောင်းဆုံးဖြစ်ပြီး တကယ့်ကို ကိုယ်ပိုင်အမြင်ယူဆချက်နဲ့ ခံစားမှုပေါ်မူတည်ပါတယ်။ သင့်မှာရော ဘယ် app က အကောင်းဆုံးလဲ ? Comment ပေးသွားခဲ့ပါဗျာ။

ကိုးကား – Stuart Dredge ရဲ့  Ten of the best photography apps 

Be the first to comment

Leave a Reply

Your email address will not be published.


*