White Balance နဲ့ Colour Temperature အခြေခံ

အလင်းနှင့်အရောင်
Unicode Version | Zawgyi-One Version

White balance ဆိုတာ ဒီဂျစ်တယ်ကင်မရာမှာ အရေးအကြီးဆုံး setting တွေထဲကတစ်ခုဖြစ်ပါတယ်။ တကယ်လို့မိတ်ဆွေဟာ ကောင်းကင်ပြာပြာအောက်မှာ ပင်လယ်ပြင်ကိုဖြတ်သန်းလာတဲ့လှိုင်းဖြူဖြူတွေကို ဓာတ်ပုံရိုက်ချင်တယ်ဆိုကြပါစို့။ တကယ်လို့ မှန်ကန်တဲ့ white balance setting ကိုသာမသုံးခဲ့ဘူးဆိုရင် မိတ်ဆွေရလာမယ့်ဓာတ်ပုံထဲကအရောင်နဲ့ အပြင်မှာတကယ်ရှိနေတဲ့အရောင်နှစ်ခုဟာ တူညီမှာမဟုတ်ပါဘူး။

ဒါကြောင့်အပြင်မှာရှိတဲ့အရောင်တွေနဲ့ နီးစပ်တူညီတဲ့ အရောင်တွေရှိတဲ့ဓာတ်ပုံကိုရရှိဖို့အတွက် ဒီဂျစ်တယ်ကင်မရာရဲ့ white balance setting ကိုကျွမ်းကျင်ပိုင်နိုင်ဖို့လိုပါတယ်။

White Balance and Colour Temperature

ဒဈဂစြျတယျကာလာ

white balance အကြောင်းကိုနားလည်ဖို့အတွက် color temperature အကြောင်းကိုနားလည်ဖို့လိုပါတယ်။ color temperature ဆိုတာမျက်လုံးနဲ့မြင်ရတဲ့ အလင်းရောင်ရဲ့ ဝိသေသနပါ။ Kelvin (K) ဆိုတဲ့ယူနစ်နဲ့ တိုင်းတာဖော်ပြလို့ရပါတယ်။ color temperature မြင့်တဲ့အလင်းရောင်ဟာ အပြာရောင်ပိုများပြီး ပိုကြီးတဲ့ Kelvin ရှိပါတယ်။ color temperature နိမ့်တဲ့အလင်းရောင်ဟာ လိမ္မော်ရောင်ပိုများပြီး ပိုသေးတဲ့ Kelvin ရှိပါတယ်။ အလင်းထွက်တဲ့ပစ္စည်းအမျိုးမျိုးရဲ့ color temperature အမျိုးမျိုးကို အောက်ဖော်ပြပါဇယားမှာ ဖော်ပြထားပါတယ်။

အိမ်သုံးလျှပ်စစ်မီးလုံးအောက်မှာရိုက်ထားတဲ့ တချို့ဓာတ်ပုံတွေဟာ အဝါရောင်/ လိမ္မော်ရောင်ကဲနေပြီး လျှပ်စစ်မီးချောင်းအောက်မှာရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ အပြာရောင်ကဲနေတာကိုကြုံဖူးကြမှာပါ။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ အလင်းရေင်တွေရဲ့ မတူညီတဲ့ color temperature ကြောင့်ဖြစ်ပါတယ်။ ဒီဂျစ်တယ်ကင်မရာတစ်ခုဟာ sensor ပေါ်ကိုရောက်ရှိလာတဲ့ အရာင်တွေကို အနီ၊ အစိမ်း၊ အပြာ ရောင်စဉ်ခွဲခြားပြီးတိုင်းတာပါတယ်။ နေ့လည်ခင်းနေမွန်တည့်ချိန်ရဲ့အလင်းရောင်မှာ ပါရှိရမယ့်ရောင်စဉ်တွေအားလုံး ပါရှိပါတယ်။ ဒီရောင်စဉ်တွေပေါင်းပြီးအဖြူရောင်ထွက်နေတာပါ။ ဒီအခြေအနေမှာဓာတ်ပုံရိုက်ရင် ရရှိမယ့်ဓာတ်ပုံထဲကအရောင်ဟာ အပြင်မှာရှိနေမယ့် ပကတိအရောင်နီးပါး တူညီမှာပါ။ အိမ်သုံးလျှပ်စစ်မီးလုံးအောက်မှာ white balance ကိုမပြောင်းပဲ ရိုက်ထားတဲ့ ဓာတ်ပုံရဲ့အရောင်ဟာ ဝါကျင်ကျင်လိမ္မော်ရောင်ကဲနေပြီး လျှပ်စစ်မီးချောင်းအောက်မှာရိုက်ထားတဲ့ အရောင်ဟာ ပြာနှမ်းနှမ်းအပြာရောင်ကဲနေမှာပါ။ ဒါပေမယ့် တကယ်လို့သာ ဒီဂျစ်တယ်ကင်မရာအကြောင်းကို သေသေချာချာသဘောပေါက်ရင် ဓာတ်ပုံကိုကိုယ်လိုချင်တဲ့ အရောင်ထွက်အောင် လုပ်ယူလို့ရပါတယ်။

လူု့မျက်လုံးဟာ ကွဲပြားခြားနားတဲ့ color temperature အမျိုးမျိုးကိုမြင်နိုင်ပါတယ်။ ကင်မရာကတော့ဒီလိုမဟုတ်ပါဘူး။ ကင်မရာအတွက်တော့ အရောင်မှန်ရရှိရန်အတွက် white balance ကို adjust လုပ်ပေးရပါတယ်။ ဒါမှသာလျှင်မှန်ကန်တဲ့ အရောင်ကိုဒစ်ဂျစ်တယ်ပုံရိပ်ထဲမှာ ရရှိနိုင်ပါမယ်။

Preset White Balance Settings

ဒဈဂစြျနယျအရောငျဆကျတိနျး

Auto – auto setting ကိုအသုံးပြုပြီး အလင်းရောင်အမျိုးမျိုးအတွက် white balance ကို အလိုအလျောက်ချိန်နိုင်ပါတယ်။ ဒါပေမယ့် တခြားမုဒ်တွေကိုအသုံးပြုပြီး ပိုကောင်းမွန်တဲ့ ပုံရရှိနိုင်ပါတယ်။

Tungsten – ဒီမုဒ်ကို tungsten မီးလုံး လို့ခေါ်တဲ့ အိမ်သုံးမီးလုံးတွေအောက်မှာ သုံးနိုင်ပါတယ်။ အိမ်အဆောက်အဦးတွေထဲမှာ ရိုက်တဲ့အခါ အသုံးများပါတယ်။ ဒီဂျစ်တယ် ကင်မရာရဲ့ tungsten setting က ဓာတ်ပုံကို အေးတဲ့ color temperature နဲ့ရိုက်စေပါတယ်။

Fluorescent – ဒီမုဒ်ကိုသုံးရင် fluorescent မီးလုံး/ မီးချောင်းတွေရဲ့ အပြာအေးအေးရောင်ကိုထိန်းဖို့အတွက် ပိုပြီးနွေးထွေးတဲ့ လိမ္မော်ရောင်ထည့်ပေးပါတယ်။

Daylight – ဒီမုဒ်ကတော့ သာမန်နေ့လည်ခင်းအချိန်မှာ အပြင်ထွက်ရိုက်ဖို့ပါ။

Cloudy – မိုးအုံ့နေတဲ့အချိန်မှာ ဒီမုဒ်ကိုသုံးပါ။ မိုးအုံ့ချိန်မှာဖြစ်တတ်တဲ့ ပြာနှမ်းနှမ်းအေးစက်စက်အရောင်ကိုထိန်းဖို့ နွေးထွေးတဲ့ လိမ္မော်ရောင်ထည့်ပေးပြီးပ ပုံကောင်းလေးတွေရစေပါတယ်။

Flash – အလင်းမလုံလောက်လို့ flash ကိုသုံးတဲ့အခါ white balance ကိုလည်း flash mode ကိုထားသင့်ပါတယ်။

Shade – အရိပ်ကျနေတဲ့ နေရာမှာဓာတ်ပုံရိုက်ရင်လည်း အေးစက်တဲ့အပြာရောင် အရောင်တွေဝင်ပါတယ်။ နွေးထွေးတဲ့အရာင်ရရှိစေဖို့ shade mode ကိုသုံးသင့်ပါတယ်။

Manual White Balance

အဖြူရောင်အရာဝတ္ထုတစ်ခုကို စံညွန်းတစ်ခုအဖြစ်ထားပြီး white balance ကို setting လုပ်လို့ရပါသေးတယ်။ ဓာတ်ပုံရိုက်နေစဉ်အတွင်း အလင်းလျှင်မြန်စွာပြောင်းလဲနေလို့ရှိရင် ပြောင်းလဲနေတဲ့အလင်းကိုလိုက်ပြီး white balance ကိုေြာငါးရပါမယ်။ အထူးသဖြင့် အလင်းရောင်အပြောင်းအလဲမြန်တဲ့ မနက်စောစောနဲ့ ညနေခင်းတွေမှာပါ။

Conclusion

တချို့တွေကဒီလို ကြိုတင်သတ်မှတ်ထားတဲ့ setting တွေသုံးရင် မတတ်ကျွမ်းသေးတဲ့ဝါသနာရှင်အဆင့်ပဲ ရှိတယ်လို့ထင်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့တွေ အလျင်လိုနေတဲ့အချိန်မှာ setting တွေကိုကိုယ်တိုင် မချိန်နိုင်ပါဘူး။ ပြီးတော့ ဒီမုဒ်တွေကိုစသုံးခြင်းဖြင့် ဓာတ်ပုံပညာကို ပိုမိုသဘောပေါက်နားလည်စေပြီး အခြေအနေအမျိုးမျိုးမှာသုံးရမယ့် setting အမျိုးမျိုးကို နားလည်စေပါတယ်။ ဆုံးဖြတ်ရခက်နေရင် အော်တိုမုဒ်ကိုသုံးပါ။ ပြီးမှကိုယ်တိုင် setting ရွေးပါ။ auto mode တွေဟာ အသုံးပြုဖို့အတွက်ရှိနေတာပါ။ များများအသုံးပြုပါ။ မုဒ်တစ်ခုခြင်းစီရဲ့ အခြေအနေအမျိုးမျိုးအပေါ် သက်ရောက်ပုံကို နားလည်သဘောပေါက်အောင်ကျိုးစားပါ။

via Exposure Guide


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

1 Comment on White Balance နဲ့ Colour Temperature အခြေခံ

Leave a Reply

Your email address will not be published.


*