Xiaomi ရဲ့ drone အသစ်ကို May 25 ရက်နေ့တွင်ကြေညာမည်

xiaomi ဒရုန်း
Unicode Version | Zawgyi-One Version

တရုတ်ပြည်အခြေစိုက် အီလက်ထရွန်းနစ်ပစ္စည်းများထုတ်လုပ်တဲ့ Xiaomi ဟာ drone ခေါ်မောင်းသူမဲ့လေယာဉ်ငယ်တမျိုးကိုစတင်ရောင်းချပါတော့မယ်။ ဈေးကွက်မှာ အမှန်တကယ်သင့်တော်တဲ့ဈေးနှုန်းနဲ့ရောင်းချမယ့် ပထမဦးဆုံးမောင်းသူမဲ့လေယာဉ်ငယ်ဖြစ်လိမ့်မယ်လို့ထင်မြင်ချက်ပေးနေကြပါတယ်။

ဒီသတင်းဟာ Xiaomi ထံကရတဲ့သတင်းဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဖိုရမ်မှာကတော့အထက်ပါပုံနဲ့အတူ မေလ 25 ရက်နေ့ မနက် 7 နာရီ (အရှေ့ပိုင်းအချိန်) မှာ Mi.com မှတဆင့်တိုက်ရိုက်ထုတ်လွှင့်မယ့် live-stream အခမ်းအနားတစ်ခုကို ကြေညာထားပါတယ်။ အံ့သြဖွယ်ကောင်းပြီးလှပတဲ့အရာတစ်ခု ကျွန်ုပ်တို့ဆီမကြာခင် ပျံသန်းလို့လာနေပါပြီလို့ အောက်မှာရေးသားထားပါတယ်။

ဒရုန်း xiaomi

ဝမ်းနည်းဖွယ်ကောင်းတာကတော့ ကျွန်ုပ်တို့ဆီမှာရှိတဲ့သတင်းကတော့ဒါအကုန်ပဲဖြစ်ပါတယ်။ 4K videoရိုက်ကူးနိုင်မှု၊ လက်ကောက်ဝတ်ပတ် waistband မှတဆင့်ထိန်းချုပ်နိုင်မှုနဲ့ Xiaomi drone app ရဲ့ screenshot တွေအားလုံးကတော့ ကောလဟာလအဆင့်မှာပဲရှိပါသေးတယ်။

ဒရုန်း uav ဒရုန်း ဒရုန်း xiaomi

DJI drone ကဲ့သို့ camera အသင့်ပါရှိပြီး 4K video ရရှိနိုင်တယ်လို့သတင်းထွက်နေတဲ့အတွက် Xiaomi ရဲ့ Mi UAV ဟာ ပေါချောင်ကောင်းမဖြစ်နိုင်ပဲ ထိပ်တန်းရောင်းဝင်ပစ္စည်းတစ်ခုဖြစ်နိုင်ပါတယ်။

သင့်တော်တဲ့ဈေးနဲ့ရောင်းချနေပြီဖြစ်တဲ့ DJI Phantom မောင်းသူမဲ့လေယာဉ်ငယ်အစား တခြားဈေးသင့်တော်တဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကိုက စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

နောက်ထပ်နှစ်ရက်ပဲစောင့်ရပါတော့မယ်။

via Petapixel and Gizchina


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*