YI အမှတ်တံဆိပ် Mirrorless အမျိုးအစား ကင်မရာထွက်ရှိ

YI Mirrorless Camera M1
Unicode Version | Zawgyi-One Version

တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် YI Technologies က YI အမှတ်တံဆိပ် Mirrorless ကင်မရာအမျိုးအစားဖြစ်တဲ့ M1 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မှာပြုလုပ်တဲ့ 2016 IFA ပွဲမှာ Yi Technologies ရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ Sean နဲ့ စကားပြောခွင့်ရခဲ့ပြီး သူက ကျွန်တော်အသုံးပြုတဲ့ ကင်မရာအမျိုးအစားတွေအကြောင်းကို မေးခဲ့ပါတယ်။ ကျွန်တော်က သိပ်မကြာလေးကတင် ဆိုနီ A6300 ကိုဝယ်ခဲ့တယ်လို့ဖြေလိုက်တော့၊ “ခင်ဗျား အဲဒါကို ဝယ်တာသိပ်စောသွားခဲ့တယ်ဗျာ” လို့ကျွန်တော့်ကိုပြောပြပါတယ်။ပြီးတော့ သူ့ရဲ့ ကျောပိုးအိတ်ထဲကနေ သူတို့ရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ YI ကင်မရာကို ထုတ်ပြခဲ့တယ်လေ။

YI Mirrorless Camera M1
YI Mirrorless Camera M1

ဆိုနီ a6300 ကို ကျွန်တော်က ဗီဒီယိုတွေရိုက်ဖို့အဓိကထား အသုံးပြုပါတယ်၊ YI Mirror less ကင်မရာဖြစ်တဲ့ M1 ကလည်း 4K နဲ့ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။ ကင်နွန်ရဲ့ 5D MKII ကင်မရာတွေကစလို့ DSLR နဲ့ ဗီဒီယိုရိုက်ကူးတာ ခေတ်စားလာခဲ့တာပါ။ DSLR ကို ဗီဒီယိုရိုက်ကူးဖို့ ရည်ရွယ်ပြီးထုတ်လုပ်ထားတာမဟုတ်ပေမယ့်လည်း ဗီဒီယိုကင်မရာအဖြစ်အသုံးပြုလာကြခြင်းဖြစ်ပါတယ်။ ကြီးမားတဲ့ ကင်မရာဆင်ဆာက DOF လှလှလေးတွေပါဝင်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ယခုဆိုရင် ဆိုနီကလည်း သူ့ရဲ့ mirror less ကင်မရာတွေကို ဒီလမ်းကြောင်းထဲ ထည့်သွင်းဖို့အားထုတ်လာပြီဖြစ်လို့ Mirror ကင်မရာတွေမဖြစ်မနေလိုအပ်တယ်ဆိုတဲ့အချက်က တကယ်တမ်းတော့ မသေချာတော့ပါဘူး။ ဒီကင်မရာတွေရဲ့ အဓိကလိုရင်းကတော့ ဓာတ်ပုံ ရိုက်ဖို့ဆိုတာ ဖြစ်နေဆဲပါ။

YI Mirrorless Camera M1

YI ရဲ့ ပထမဆုံး Mirror less ကင်မရာအမျိုးအစားဖြစ်တဲ့ M1 မှာ 20MP ရှိတဲ့ ဆိုနီ ဆင်ဆာ (IMX269) တပ်ဆင်ထားပါတယ်။ ဒီဆင်ဆာ စနစ်က M 4/3 လို့ခေါ်တဲ့ mirror less ဆင်ဆာမှာ အမြင့်ဆုံး pixel ကိုရောက်ရှိနေပြီဖြစ်လို့ ပိုမိုတိကျတဲ့ အရောင် နဲ့ ပြည့်စုံတဲ့ အသေးစိတ်ပုံရိပ်တွေကို ထုတ်လုပ်ပေးနိုင်လို့ သင့်ရဲ့ ဓာတ်ပုံတွေကို ပိုကောင်းစေနိုင်မယ်လို့ ဆိုထားပါတယ်။ အလွန်လျင်မြန်တဲ့ ဆက်တိုက်ရိုက်ကူးမှု Continuous shooting ရယ်၊ RAW ဖိုင်နဲ့ရိုက်ကူးနိုင်ခြင်းရယ်၊ 4K ဗီဒီယိုရိုက်ကူးနိုင်ခြင်း နှင့် ၂၆၅၀၀ အထိရတဲ့ ISO တို့ကို M1 မှာ ထည့်သွင်းပေးထားပါတယ်။

YI Mirrorless Camera M1

မှန်ဘီလူးစနစ်

လောလောဆယ်တော့ M1 အတွက် Zoom နဲ့ Prime မှန်ဘီလူးတစ်စုံစီရှိ ရရှိနိုင်ပါတယ်။ 12-42mm f/3.5-5,6 Zoom Lens နဲ့ Portrait အတွက် 42.5mm f/1.8 prime lens တို့ဖြစ်ကြပါတယ်။ MTF (micro four third) ဆင်ဆာ အရွယ်အစားကြောင့် crop factor ဖြစ် ၂ နဲ့မြှောက်ရမှာဖြစ်လို့ ဒီမှန်ဘီလူးတွေရဲ့ focal length က ၃၅ မီလီမီတာဖလင်မှာဆိုရင် 24-84mm နဲ့ 85mm အသီးသီးဖြစ်လာကြမှာပါ။ MTF (micro four third) ကို စံအဖြစ်သတ်မှတ်ထားတဲ့ ဒီ M1 က အခြားသောာ MTF မှန်ဘီလူးတွေနဲ့လည်း အလုပ်လုပ်နိုင်မယ်လို့ မျှော်လည့်ရပါတယ်။ YI Technologies ကိုကြည့်ရတာ နာမည်ရှိတဲ့ မှန်ဘီလူးထုတ်လုပ်သူတစ်ယောက်ယောက်နဲ့ ပူးပေါင်းထားပုံရပြီး YI မှန်ဘီလူးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ထုတ်လုပ်ထားပါတယ်။

YI Mirrorless Camera M1 - 12-42mm zoom & 42.5mm prime lens.
YI Mirrorless Camera M1 – 12-42mm zoom & 42.5mm prime lens.

YI ကင်မရာ M1 ရဲ့ နောက်ကျောဖက်မှာတော့ ၃ လက်မအရွယ် touch screen တစ်ခုတပ်ဆင်ပေးထားပါတယ်။ shutter သို့မဟုတ် aperture ကိုထိန်းချုပ်ဖို့ ကင်မရာရဲ့အပေါ်ဖက်မှာ ခလုတ်ဝိုင်း၂ ခုတပ်ဆင်ထားပါတယ်။

Yi Mirrorless Camera M1 - Touch Screen

Yi Mirrorless Camera M1 – Touch Screen

သင့်ရဲ့ စမတ်ဖုန်း (iOS သို့မဟုတ် Android) ကို bluetooth သို့မဟုတ် wifi ကနေ ချိတ်ဆက်ပေးနိုင်ဖို့ M1 ကအဆင်သင့်ပါပဲ။ အဲဒီအတွက် သင့်ဖုန်းနဲ့ M1 ကင်မရာကို အလွယ်တကူ ချိတ်ဆက်ပြီး တည်းဖြတ်တာ online မှာ မျှဝေတာမျိုးတွေလုပ်နိုင်ပါလိမ့်မယ်။

Yi Mirrorless Camera M1 - App

Yi Mirrorless Camera M1 – App

M1 ကင်မရာက အလွန်ပေါ့ပါးတယ်လို့ဆိုနိုင်ပါတယ်။ တရုတ်ပြည်ဈေးကွက်အတွင်းမှာတော့ Zoom lens kit နဲ့ M1 ကင်မရာကို အမေရိကန်ဒေါ်လာ ၃၂၉ နဲ့ရောင်းချမှာဖြစ်ပြီး တကယ်လို့ Zoom lens နဲ့ prime lens ပါဝင်တဲ့ kit ကိုတော့ အမေရိကန်ဒေါ်လာ ၄၄၉ နဲ့ ရောင်းချမှာပါ။ အရောင်ကတော့ အနက်ရောင်နဲ့ ငွေရောင်ဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ ရက်သတ္တပတ်က ကျွန်တော်ဝယ်ယူခဲ့တဲ့ ဈေးတော်တော်ကြီးတဲ့ ဆိုနီ a6300 ကို YI M1 ကင်မရာ နဲ့ နှိုင်းယှဉ်ပြီး စမ်းသပ်ကြည့်ဖို့မျှော်လင့်ထားပါတယ်။ အဲဒီ review ကို စောင့်မျှော်ဖတ်ရှုကြပါ။

REF: http://elproducente.com/


Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*